၂ ရာချုပ် 10:14 - Common Language Bible14 လူငယ်တို့အကြံပေးသည့်အတိုင်းပြည်သူ တို့အား``ငါ့ခမည်းတော်သည်သင်တို့အပေါ် လေးလံသောထမ်းပိုးကိုတင်၏။ ငါမူကား ထိုထက်ပင်ပိုလေးလံသောထမ်းပိုးကိုတင် အံ့။ သူသည်သင်တို့အားကြိမ်လုံးနှင့်ရိုက်၏။ ငါမူကားကြာပွတ်နှင့်ရိုက်အံ့'' ဟုခက်ထန် စွာမိန့်တော်မူ၏။- အခန်းကိုကြည့်ပါ။Judson Bible14 ခမည်းတော်သည် သင်တို့အပေါ်မှာ လေးသောထမ်းပိုးကို တင်လေပြီ။ ငါသည်လည်း ထပ်၍တင်ဦးမည်။ ငါ့ခမည်းတော်သည် သင်တို့ကို ကြိမ်လုံးနှင့် ရိုက်လေပြီ။ ငါသည်လည်း ကင်းမြီးကောက်နှင့် ရိုက်ဦးမည်ဟု ကြမ်းတမ်းစွာ ပြန်ပြောတော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 လူငယ်တို့ပေးသောအကြံအတိုင်း ထိုသူတို့အား “ငါ့ခမည်းတော်သည် သင်တို့အပေါ် လေးသောထမ်းပိုးကို တင်ခဲ့၏။ ငါမူကား သင်တို့၏ထမ်းပိုးကို ပို၍လေးစေမည်။ ငါ့ခမည်းတော်သည် သင်တို့ကို ကျာပွတ်နှင့်ဆုံးမ၏။ ငါမူကား သင်တို့ကို ကင်းမြီးကောက်နှင့်ဆုံးမမည်”ဟု ပြန်ပြော၏။ အခန်းကိုကြည့်ပါ။ |
အရှင်မင်းကြီးသည်အမိန့်တော်တစ်ရပ် ကိုထုတ်ဆင့်ကာ ထိုအမိန့်တော်ကိုလူတို့ တိကျစွာလိုက်နာကြစေသင့်ကြောင်းကြီး ကြပ်ရေးအဖွဲ့ဝင်များ၊ ဘုရင်ခံများ၊ လက် ထောက်ဘုရင်ခံများနှင့်အကြံပေးအရာ ရှိများဖြစ်သည့်နိုင်ငံတော်ကိုစီမံအုပ်ချုပ် ကြသူ အကျွန်ုပ်တို့အားလုံးသဘောတူညီ ကြပါ၏။ ရက်ပေါင်းသုံးဆယ်တိုင်တိုင် အဘယ်သူမျှအရှင်မင်းကြီးမှလွဲ၍ အခြားလူထံသော်လည်းကောင်း၊ ဘုရား ထံသော်လည်းကောင်းဆုတောင်းသူမည်သူ မဆို ခြင်္သေ့လှောင်သောတွင်းထဲသို့ပစ်ချ ခြင်းကိုခံစေဟူသောအမိန့်ထုတ်တော် မူပါ။-