Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ​ချုပ် 1:17 - Common Language Bible

17 အီ​ဂျစ်​ပြည်​မှ​စစ်​ရ​ထား​များ​တင်​သွင်း​မှု ကို​ချုပ်​ကိုင်​ထား​ကြ​၏။ ဟိတ္တိ​ဘု​ရင်​နှင့်​ရှု​ရိ ဘု​ရင်​တို့​သည်​စစ်​ရ​ထား​တစ်​စီး​လျှင်​ငွေ သား​ခြောက်​ရာ၊ မြင်း​တစ်​ကောင်​လျှင်​ငွေ​သား တစ်​ရာ့​ငါး​ဆယ်​နှုန်း​ဖြင့် အ​ဝယ်​တော်​တို့​မှ ဝယ်​ရ​ကြ​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 ရ ထား တစ် စီး လျှင် ငွေ ခြောက် ရာ၊ မြင်း တစ် စီး လျှင် ငွေ တ ရာ့ ငါး ဆယ် ရောင်း ဝယ် လေ့ ရှိ ၏။ ဟိ တ္တိ မင်း၊ ရှု ရိ မင်း တို့ လည်း အ ဝယ် တော် တို့ လက် မှ ဝယ် ရ ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 အဲ​ဂု​တ္တု​ပြည်​မှ ရ​ထား​တစ်​ခု​ကို ငွေ​ခြောက်​ပိဿာ​နှင့်​လည်း​ကောင်း၊ မြင်း​တစ်​စီး​ကို တစ်​ပိဿာ​ငါး​ဆယ်​နှင့်​လည်း​ကောင်း ရောင်း​မြဲ​ရှိ၏။ ထို​သို့ ဟိ​တ္တိ​မင်း​ကြီး​နှင့်၊ ရှု​ရိ​မင်း​ကြီး​အ​ပေါင်း​တို့​သည် အဲ​ဂု​တ္တု​ရ​ထား​နှင့် မြင်း​တို့​ကို​ရ​တတ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 အီဂျစ်​ပြည်​မှ ရထား​တစ်​စီး​လျှင် ငွေ​ခြောက်​ရာ​ရှယ်ကယ်​၊ မြင်း​တစ်​ကောင်​လျှင် ငွေ​တစ်ရာ့​ငါးဆယ်​ရှယ်ကယ်​ဖြင့် ဝယ်ယူ​တင်သွင်း​ပြီး ဟိတ္တိ​ဘုရင်​၊ ဆီးရီးယား​ဘုရင်​အပေါင်း​တို့​ထံသို့ တစ်ဆင့်​ပြန်လည်​ရောင်းချ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 1:17
6 ပူးပေါင်းရင်းမြစ်များ  

အီ​ဂျစ်​ပြည်​မှ​ရထား​များ​တင်​သွင်း​မှု​ကို​မင်း ကြီး​၏​အ​ဝယ်​တော်​များ​က​ချုပ်​ကိုင်​ထား​ကြ​၏။ သူ​တို့​သည်​ဟိတ္တိ​နှင့်​ရှု​ရိ​ဘု​ရင်​တို့​အား​မြင်း တစ်​ကောင်​လျှင် ငွေ​သား​ခြောက်​ရာ​နှုန်း​ဖြင့်​လည်း ကောင်း၊ ရထား​တစ်​စီး​လျှင်​ငွေ​သား​တစ်​ရာ့​ငါး ဆယ်​နှုန်း​ဖြင့်​လည်း​ကောင်း​ရောင်း​ချ​ကြ​လေ သည်။


သို့​ရာ​တွင်​ယေ​ဟု​သည်​ယေ​ရော​ဗောင်​မင်း ကို​အ​တု​ခိုး​၏။ ယေ​ရော​ဗောင်​ကား​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား​ဗေ​သ​လ​မြို့ နှင့်​ဒန်​မြို့​တွင် မိ​မိ​ပြု​လုပ်​ထား​သည့်​ရွှေ နွား​ရုပ်​များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​စေ​သည့် အ​ပြစ်​ကို​ကူး​လွန်​ခဲ့​၏။-


မင်း​ကြီး​၏​အ​ဝယ်​တော်​တို့​သည်​မု​သ​ရိ ပြည် နှင့်​ကိ​လ​ကိ​ပြည် တို့​မှ​မြင်း​များ၊-


ရှော​လ​မုန်​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ဝတ် ပြု​ကိုး​ကွယ်​ရန်​အ​တွက်​ဗိ​မာန်​တော်​ကို လည်း​ကောင်း၊ မိ​မိ​၏​အ​တွက်​နန်း​တော်​ကို လည်း​ကောင်း​တည်​ဆောက်​ရန်​အ​ကြံ​ရှိ​တော် မူ​၏။-


ရှော​လ​မုန်​သည်​မြင်း​များ​ကို​မု​သ​ရိ ခေါ်​အီ​ဂျစ်​နှင့်​အ​ခြား​တိုင်း​ပြည်​များ​မှ တင်​သွင်း​ခဲ့​သည်။


သင်၏ပါးသွယ်၌ မုတ်ပုတီးတန်ဆာဆင်လျက်၊ လည်ပင်း၌ ပုလဲအသွယ်သွယ်ဆွဲလျက်၊ သင်သည် တင့်တယ်လှ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ