၁ ရာချုပ် 9:28 - Common Language Bible28 အချို့သောလေဝိအနွယ်ဝင်တို့သည်ကိုးကွယ် ဝတ်ပြုရာ၌အသုံးပြုသောခွက်ဖလားများ ကိုတာဝန်ယူရကြ၏။ ခွက်ဖလားများကို အသုံးပြုသည့်အခါတိုင်း စစ်ဆေး၍ထုတ် ပေးပြီးနောက်စစ်ဆေး၍ပြန်လည်လက်ခံ ရကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible28 အ ချို့ တို့ လည်း ရေ တွက် ထုတ် သွင်း သော အ ဆောင် အ ရွက် တော် များ ကို ကြည့် ရှု ရ ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible28 အချို့တို့သည်လည်း၊ အမှုတော်စောင့်တန်ဆာများကို အရေအတွက်အတိုင်း သွင်းလျက်ထုတ်လျက် စောင့်ရကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း28 အချို့မှာ အမှုတော်နှင့်ဆိုင်သော အသုံးအဆောင်များကို ထိန်းသိမ်းပေးရ၏။ ထိုအသုံးအဆောင်များကို ထုတ်ပေးသောအခါ ရေတွက်ပြီး ပြန်လည်သိမ်းဆည်းသောအခါ ရေတွက်စိစစ်ပေးရ၏။ အခန်းကိုကြည့်ပါ။ |
ထိုကာလ၌နှစ်စဉ်အသီးအနှံဦးများနှင့်အဦးမှည့်သည့်သစ်သီးများ၏ဆယ်ဖို့တစ်ဖို့နှင့်အခြားအလှူများထားရှိရာပစ္စည်းသိုလှောင်ခန်းများအတွက်တာဝန်ခံပစ္စည်းထိန်းတို့ကိုခန့်ထားကြ၏။ ဤသူတို့သည်ပညတ်ကျမ်းတွင်ပြဋ္ဌာန်းထားသည့်အတိုင်း ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်တို့အတွက်အလှူများကိုမြို့ရွာများအနီးရှိလယ်ယာအသီးသီးမှကောက်ခံရန်တာဝန်ယူကြရလေသည်။ ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်တို့သည် သန့်စင်မှုမင်္ဂလာနှင့်အခြားဘုရားသခင်မိန့်မှာတော်မူသည့်အခြားဘာသာရေးဝတ်များကိုလည်းပြုကြသည်ဖြစ်၍ ယုဒပြည်သူများသည်အားရဝမ်းမြောက်ကြ၏။ ဗိမာန်တော်ဂီတပညာသည်များနှင့်အစောင့်တပ်သားများကလည်း ဒါဝိဒ်မင်းနှင့်သားတော်ရှောလမုန်စီရင်တော်မူခဲ့သည့်အတိုင်း မိမိတို့တာဝန်ဝတ္တရားများကိုထမ်းဆောင်ကြလေသည်။