၁ ရာချုပ် 7:29 - Common Language Bible29 မနာရှေ၏သားမြေးတို့သည် ဗက်ရှန်၊ တာ နက်၊ မေဂိဒ္ဒေါ၊ ဒေါရမြို့ကြီးများနှင့်ယင်း တို့အနီးတစ်ဝိုက်ရှိမြို့များကိုအစိုးရ ကြ၏။ ဤမြို့တို့သည်ယာကုပ်၏သားဖြစ်သူ ယောသပ်၏သားမြေးတို့နေထိုင်ရာဖြစ် သတည်း။ အခန်းကိုကြည့်ပါ။Garrad Bible29 ရှေ ခင် မြို့ နှင့် နိ ဂုံး များ၊ ဂါ ဇ မြို့ နှင့် နိ ဂုံး များ၊ မ နာ ရှေ့ အ နွယ် သား တို့ နယ် စွန်း ရှိ ဗက် ရှန်၊ တာ နက်၊ မေ ဂိ ဒ္ဒေါ၊ ဒေါ ရ မြို့ များ နှင့် နိ ဂုံး များ တွင် ဣ သ ရေ လ သား ယော သပ်၏ သား စဉ် မြေး ဆက် တို့ နေ ရာ ကျ ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible29 မနာရှေအမျိုးသား နေရာအနားမှာ ဗက်ရှန်မြို့နှင့် ကျေးလက်၊ တာနက်မြို့နှင့် ကျေးလက်၊ မေဂိဒ္ဒေါမြို့နှင့် ကျေးလက်၊ ဒေါရမြို့နှင့် ကျေးလက်တည်း။ ဤမြို့ရွာတို့၌ ဣသရေလ၏သားဖြစ်သော ယောသပ်၏သားတို့သည် နေရာကျကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း29 မနာရှေသားမြေးတို့ပိုင်သော နယ်စပ်တစ်လျှောက်ရှိ ဗက်ရှန်မြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊ တာနက်မြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊ မေဂိဒ္ဒေါမြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊ ဒေါရမြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ စသည်တို့ဖြစ်ကြ၏။ ဤမြို့ရွာတို့တွင် အစ္စရေး၏သား၊ ယောသပ်၏သားမြေးများ နေထိုင်ကြ၏။ အခန်းကိုကြည့်ပါ။ |
ရှောလမုန်မင်းသည်ဗိမာန်တော်နှင့်နန်းတော်တည် ဆောက်မှုတွင်လည်းကောင်း၊ မြို့၏အရှေ့ပိုင်း၌မြေ ဖို့လုပ်ရာတွင်လည်းကောင်း၊ မြို့ရိုးတည်ဆောက် ရာတွင်လည်းကောင်း ချွေးတပ်ကိုအသုံးပြုတော် မူ၏။ မင်းကြီးသည်ချွေးတပ်ဖြင့်ပင်လျှင်ဟာဇော် မြို့၊ မေဂိဒ္ဒေါမြို့နှင့်ဂေဇာမြို့တို့ကိုလည်းပြန် လည်တည်ဆောက်တော်မူ၏။-
အာခဇိမင်းသည်ထိုအဖြစ်အပျက်ကို မြင်သဖြင့် မိမိ၏စစ်ရထားဖြင့်ဗေသာဂနံ မြို့ဘက်သို့ထွက်ပြေးလေ၏။ ယေဟုသည် သူ၏နောက်မှလိုက်၍``သူ့ကိုလည်းသတ်ကြ လော့'' ဟုမိမိ၏တပ်သားများအားအမိန့် ပေး၏။ အာခဇိမင်းသည်ဣဗလံမြို့အနီး ရှိဂုရမြို့သို့သွားရာလမ်းတွင်ဒဏ်ရာရ လေသည်။ သို့ရာတွင်သူသည် မေဂိဒ္ဒေါမြို့သို့ ရောက်သည့်တိုင်အောင်ဆက်လက်သွားပြီး မှသေလေ၏။-