Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ​ချုပ် 24:4 - Common Language Bible

4 ဧ​လာ​ဇာ​၏​သား​မြေး​တို့​ကို​အုပ်​စု​တစ်​ဆယ့် ခြောက်​ခု​ဖွဲ့​၍ ဣ​သ​မာ​၏​သား​မြေး​တို့​ကို​မူ အုပ်​စု​ရှစ်​ခု​ဖွဲ့​၍​ထား​လေ​သည်။ ဤ​သို့​ပြု​ရ ခြင်း​အ​ကြောင်း​မှာ​ဧ​လာ​ဇာ​၏​သား​မြေး တို့​တွင်​အ​မျိုး​သား​အိမ်​ထောင်​ဦး​စီး​ဦး​ရေ ပို​၍​များ​သော​ကြောင့်​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 ဣ သ မာ့ အ ဆက် ထက် ဧ လာ ဇာ့ အ ဆက် အ ကြီး အ ကဲ များ ပြား သည် နှင့် အ ညီ ဧ လာ ဇာ့ အ ဆက် အိမ် ထောင် အ အုပ် အ ချုပ် ဆယ့် ခြောက် ပါး၊ ဣ သ မာ့ အ ဆက် အိမ် ထောင် အ အုပ် အ ချုပ် ရှစ် ပါး တို့ ကို ခန့် ထား ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 ဣ​သ​မာ​အ​မျိုး အ​ကြီး​အ​ကဲ​ထက် ဧ​လာ​ဇာ​အ​မျိုး အ​ကြီး​အ​ကဲ သာ၍​များ​သော​ကြောင့်၊ ဧ​လာ​ဇာ​အ​ဆွေ​အ​မျိုး​အ​လိုက် အ​ကြီး​အ​ကဲ တစ်​ကျိပ်​ခြောက်​ယောက်၊ ဣ​သ​မာ​အ​ဆွေ​အ​မျိုး​အ​လိုက် အ​ကြီး​အ​ကဲ ရှစ်​ယောက်​တို့​ကို အ​သီး​အ​သီး ခွဲ​ခန့်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ဧလာဇာ​သားမြေး​တို့​သည် ဣသမာ​သားမြေး​တို့​ထက် ခေါင်းဆောင်​ပိုများ​၏​။ ခေါင်းဆောင်​များ​ကို ခွဲ​လိုက်​သောအခါ ဧလာဇာ​သားမြေး​တွင် ဘိုးဘေး​တို့​၏​အိမ်ထောင်စု​ခေါင်းဆောင် တစ်ဆယ့်​ခြောက်​ယောက်​ရှိ​ပြီး ဣသမာ​သားမြေး​တွင် ဘိုးဘေး​တို့​၏​အိမ်ထောင်စု​ခေါင်းဆောင် ရှစ်​ယောက်​သာ ရှိ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ​ချုပ် 24:4
7 ပူးပေါင်းရင်းမြစ်များ  

ဤ​သူ​တို့​ကား​သား​ချင်း​စု​နှင့်​အိမ်​ထောင်​စု အ​လိုက်​ဖော်​ပြ​သည့် လေ​ဝိ​အ​ဆက်​အ​နွယ် များ​ဖြစ်​ကြ​၏။ ထို​သူ​အ​ပေါင်း​တို့​အား​တစ် ဦး​စီ​၏​နာ​မည်​ကို​မှတ်​ပုံ​တင်​ထား​လေ​သည်။ အ​သက်​နှစ်​ဆယ်​နှင့်​အ​ထက်​ရှိ​သူ​လေဝိ​၏ သား​မြေး​တိုင်း​ပင်​လျှင် ထာ​ဝ​ရ​ဘု​ရား​၏ ဗိ​မာန်​တော်​တွင်​ပါ​ဝင်​၍​အ​မှု​တော်​ထမ်း ဆောင်​ရ​ကြ​၏။


ဒါ​ဝိဒ်​သည်​အာ​ရုန်​၏​သား​မြေး​တို့​အား​သူ တို့​၏​တာ​ဝန်​ဝတ္တ​ရား​များ​အ​လိုက် အုပ်​စု​များ ခွဲ​၍​ပေး​တော်​မူ​၏။ ဤ​သို့​တာ​ဝန်​ခွဲ​ပေး​ရာ ၌​မင်း​ကြီး​အား​ဧ​လာ​ဇာ​၏​သား​မြေး​ဖြစ်​သူ ဇာ​ဒုတ်​နှင့်​ဣ​သ​မာ​၏​သား​မြေး​ဖြစ်​သူ အ​ဟိ​မ​လက်​တို့​က​ကူ​ညီ​ကြ​၏။-


ဧ​လာ​ဇာ​နှင့်​ဣ​သ​မာ​နှစ်​ဦး​စ​လုံး​၏​သား မြေး​တို့​တွင်​ဗိ​မာန်​တော်​အ​ရာ​ရှိ​များ​နှင့် ဝိ​ညာဉ်​ရေး​ခေါင်း​ဆောင်​များ​ပါ​ရှိ​သ​ဖြင့် တာ​ဝန်​ခွဲ​ခန့်​သတ်​မှတ်​မှု​ကို​မဲ​ချ​၍​ဆောင် ရွက်​ရ​ကြ​လေ​သည်။-


ရှော​လ​မုန်​သည်​တစ်​ထောင်​တပ်၊ တစ်​ရာ​တပ်​တို့ ကို​အုပ်​ချုပ်​သော​တပ်​မှူး​များ၊ အ​စိုး​ရ​အ​ရာ ရှိ​များ၊ အိမ်​ထောင်​ဦး​စီး​များ​နှင့်​ပြည်​သူ အ​ပေါင်း​တို့​အား-


ယဇ်​ပု​ရော​ဟိတ်​မင်း ယော​ယ​ကိမ်​လက်​ထက်​၌​အောက်​ပါ​တို့​သည် ယဇ်​ပု​ရော​ဟိတ်​သား​ချင်း​စု​တို့​၏​ဦး​စီး​ခေါင်း​ဆောင်​များ​အ​ဖြစ်​ဆောင်​ရွက်​ရ​ကြ​၏။ သား​ချင်း​စု ဦး​စီး​ခေါင်း​ဆောင် စ​ရာ​ယ မေ​ရာ​ယ ယေ​ရ​မိ ဟာ​န​နိ ဧ​ဇ​ရ မေ​ရှု​လံ အာ​မ​ရိ ယော​ဟ​နန် မလ္လုတ် ယော​န​သန် ရှေ​ခ​နိ ယော​သပ် ဟာ​ရိ​မ အာ​ဒ​န မေ​ရာ​ယုတ် ဟေ​လ​ကဲ ဣ​ဒေါ ဇာ​ခ​ရိ ဂိန္နေ​သုန် မေ​ရှု​လံ အ​ဘိ​ယ ဇိ​ခ​ရိ မိ​ညာ​မိန် ဟေ​ဗြဲ​စာ​မူ​တွင်​နာ​မည်​မ​ပါ​လာ မာ​ဒျာ ပိ​လ​တဲ ဗိ​လ​ဂ ရှ​မွာ ရှေ​မာ​ယ ယေ​ဟော​န​သန် ယော​ယ​ရိပ် မတ္တေနဲ ယေ​ဒါ​ယ သြ​ဇိ သလ္လု ကာ​လဲ အာ​မောက် ဧ​ဗာ ဟိ​လ​ခိ ဟာ​ရှ​ဘိ ယေ​ဒါ​ယ နာ​သ​နေ​လ


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ