၁ ရာချုပ် 24:1 - Common Language Bible1 အာရုန်၏သားမြေးများမှဆင်းသက်လာ သောအုပ်စုများမှာ အောက်ပါအတိုင်းဖြစ်၏။ အာရုန်တွင်နာဒပ်၊ အဘိဟု၊ ဧလာဇာနှင့် ဣသမာဟူ၍သားလေးယောက်ရှိ၏။- အခန်းကိုကြည့်ပါ။Garrad Bible1 အ လှည့် ကျ ခွဲ ထား သည့် အ တိုင်း အာ ရုန်၏ သား စဉ် မြေး ဆက် တို့ ကို ဆို ပေ အံ့။ အာ ရုန့် သား များ ကား နာ ဒပ်၊ အဘိ ဟု၊ ဧ လာ ဇာ၊ ဣ သ မာ တို့ တည်း။ အခန်းကိုကြည့်ပါ။Judson Bible1 အာရုန်အမျိုးသား အသီးအခြားသင်းဖွဲ့ရာမှာ၊ အာရုန်သားကား နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာ တည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 အာရုန်၏သားမြေးများကို အုပ်စုခွဲထား၏။ အာရုန်၏သားများမှာ နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာ တို့ဖြစ်ကြ၏။ အခန်းကိုကြည့်ပါ။ |
ဒါဝိဒ်သည်ယဇ်ပုရောဟိတ်များနှင့်လေဝိ အနွယ်ဝင်တို့အား မိမိတို့တာဝန်ဝတ္တရား များကိုထမ်းဆောင်မှု၊ ဗိမာန်တော်ဝေယျာ ဝစ္စများကိုဆောင်ရွက်မှုနှင့်၊ ဗိမာန်တော် ခွက်ဖလားများကိုထိန်းသိမ်းမှုတို့ အတွက်စည်းရုံးဖွဲ့စည်းခြင်းဆိုင်ရာ အစီအစဉ်များကိုလည်းပေးအပ် တော်မူ၏။-
လေဝိအနွယ်ဝင်များနှင့်ယုဒပြည်သူ အပေါင်းတို့သည် ယောယဒ၏အမိန့်ကို နာခံကြလေသည်။ ဥပုသ်နေ့၌သူတို့သည် မိမိတို့တာဝန်ချိန်ကုန်ဆုံးသွားသော်လည်း အိမ်သို့မပြန်ရကြ။ သို့ဖြစ်၍တာဝန်မှူး တို့သည်တာဝန်ကျသူများနှင့် တာဝန် ပြီးဆုံးသူများကိုပါခေါ်ယူစေခိုင်း နိုင်ကြ၏။-
ဟေဇကိမင်းသည်ယဇ်ပုရောဟိတ်နှင့်လေဝိ အနွယ်ဝင်အဖွဲ့ကိုပြန်လည်ဖွဲ့စည်းတော်မူ၍ သူတို့အသီးသီးအတွက်တိကျသောတာဝန် ဝတ္တရားများကိုသတ်မှတ်ပေးတော်မူ၏။ ထို တာဝန်ဝတ္တရားများတွင်မီးရှို့ရာယဇ်နှင့် မိတ်သဟာယယဇ်များကိုပူဇော်ခြင်း၊ ဗိမာန်တော်၌ဝတ်ပြုကိုးကွယ်ရာတွင် ပါဝင်ဆောင်ရွက်ခြင်း၊ ဗိမာန်တော်ဌာန အသီးသီးတွင်ဂုဏ်တော်နှင့်ကျေးဇူး တော်ချီးမွမ်းခြင်းတို့ပါဝင်လေသည်။-
ယဇ်ပုရောဟိတ်အပေါင်းတို့သည်မည်သည့် အဖွဲ့တွင်ပါဝင်သည်မဆို မိမိတို့ကိုယ် ကိုဆက်ကပ်ပြီးဖြစ်ကြ၏။ လေဝိအနွယ် ဝင်ဂီတဆရာများဖြစ်ကြသောအာသပ်၊ ဟေမန်၊ ယေဒုသုန်နှင့်သူတို့၏တပည့်အပေါင်း တို့သည်ပိတ်ချောထည်ကိုဝတ်ဆင်၍လင်း ကွင်းများ၊ စောင်းများကိုကိုင်လျက်တံပိုး ခရာမှုတ်သူယဇ်ပုရောဟိတ်ပေါင်းတစ်ရာ့ နှစ်ဆယ်တို့သည်သူတို့နှင့်အတူယဇ်ပလ္လင် ၏အရှေ့ဘက်တွင်ရပ်နေကြလေသည်။ သီ ဆိုသူတို့သည်တံပိုးခရာသံ၊ လင်းကွင်း သံနှင့်အခြားတူရိယာသံများနှင့်စည်း လိုက်ဝါးလိုက်ညီညာစွာထာဝရဘုရား အားသီဆိုထောမနာပြုကြကုန်၏။ သူတို့က ``ထာဝရဘုရားသည်ကောင်းမြတ်တော်မူ သည်ဖြစ်၍ကိုယ်တော်အားထောမနာပြု ကြလော့။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ်တည် သတည်း'' ဟုသီဆိုကြလေသည်။ ယဇ်ပုရောဟိတ်တို့သည်ဗိမာန်တော်မှထွက်လာ စဉ်ဗိမာန်တော်သည်ရုတ်တရက်မိုးတိမ်ဖြင့် ပြည့်လာပြီးလျှင် ထာဝရဘုရား၏ဘုန်းအသ ရေတော်ထွန်းတောက်သည်ဖြစ်၍သူတို့သည်ဝတ် ပြုကိုးကွယ်ခြင်းကိုဆက်လက်၍မပြုနိုင်ကြ ချေ။
ခမည်းတော်ဒါဝိဒ်ချမှတ်ထားခဲ့သည့်စည်း မျဉ်းများအတိုင်းမင်းကြီးသည် ယဇ်ပုရော ဟိတ်တို့နေ့စဉ်လုပ်ဆောင်ရန်တာဝန်များကို လည်းကောင်း၊ ယဇ်ပုရောဟိတ်တို့အမှုတော် ဆောင်ရာတွင်ပါဝင်ကူညီကာ ဋ္ဌမ္မသီချင်း များအေးကူးကြရသူလေဝိအနွယ်ဝင် တို့၏အလုပ်တာဝန်များကိုလည်းကောင်း စီစဉ်ပေးတော်မူ၏။ ဘုရားသခင်၏အစေခံ ဒါဝိဒ်အမိန့်ရှိတော်မူခဲ့သည့်အတိုင်းဗိမာန် တော်အစောင့်တပ်သားများကိုလည်းနေ့စဉ် တာဝန်ဝတ္တရားများထမ်းဆောင်ရန်အဖွဲ့ များဖွဲ့စည်းပေးတော်မူ၏။-