၁ ရာချုပ် 22:11 - Common Language Bible11 ထိုနောက်ဒါဝိဒ်သည်ဆက်၍``ငါ့သား၊ သင်၏ ဘုရားသခင်ထာဝရဘုရားသည်သင်နှင့် အတူရှိပါစေသော။ ကတိတော်ရှိသည့် အတိုင်းသင်သည်ကိုယ်တော်အဖို့ဗိမာန် တော်ကိုအောင်မြင်စွာတည်ဆောက်နိုင်ပါ စေသော။- အခန်းကိုကြည့်ပါ။Garrad Bible11 သို့ ဖြစ်၍ ငါ့ သား၊ ဗျာ ဒိတ် ထား တော် မူ သည့် အ တိုင်း ထာ ဝ ရ ဘု ရား သည် သင် နှင့် အ တူ ရှိ တော် မူ လျက် သင့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ ဗိ မာန် တော် ကို တည် ဆောက် မည့် အ ကြံ ထ မြောက် ပါ စေ သော။ အခန်းကိုကြည့်ပါ။Judson Bible11 သို့ဖြစ်၍ငါ့သား၊ ထာဝရဘုရားသည် သင့်ဘက်၌နေ၍ အကြံထမြောက်စေတော်မူသဖြင့်၊ အမိန့်တော်ရှိသည်အတိုင်း သင်သည် သင်၏ဘုရားသခင် ထာဝရဘုရား၏အိမ်တော်ကို တည်ဆောက်ရလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း11 သို့ဖြစ်၍ ငါ့သား၊ ထာဝရဘုရားသည် သင်နှင့်အတူ ရှိပါစေသော။ သင်သည် အောင်မြင်သောသူ ဖြစ်ပါစေသော။ သင့်အား မိန့်တော်မူသည့်အတိုင်း ဘုရားသခင်ထာဝရဘုရား၏အိမ်တော်ကို သင်တည်ဆောက်နိုင်ပါစေသော။ အခန်းကိုကြည့်ပါ။ |
ဒါဝိဒ်မင်းသည်သားတော်ရှောလမုန်အား``သင် သည်တည်ကြည်ခိုင်ခန့်၍ဇွဲသတ္တိရှိလော့။ အလုပ် ကိုအစပြုလော့။ အဘယ်အရာမျှသင့်အား မဆီးမတားစေနှင့်။ ငါကိုးကွယ်သောဘုရားသခင်ထာဝရဘုရားသည် သင်နှင့်အတူရှိ တော်မူလိမ့်မည်။ ကိုယ်တော်သည်သင့်ကိုစွန့်ပစ် တော်မူလိမ့်မည်မဟုတ်။ ဗိမာန်တော်အတွက် လိုအပ်သမျှသောအမှုကိစ္စများပြီးဆုံး သည်တိုင်အောင် သင်နှင့်အတူရှိတော်မူလိမ့် မည်။-
သူသည်သင့်ကိုဘေးအန္တရာယ်ပြုရန်ကြံစည် ပါမူ ကျွန်ုပ်သည်သင့်အားဘေးလွတ်လုံခြုံရာ သို့ထွက်ခွာသွားနိုင်ရန်အကြောင်းမကြားဘဲ နေခဲ့သော် ထာဝရဘုရားသည်ကျွန်ုပ်အား အဆုံးစီရင်တော်မူပါစေသော။ ထာဝရ ဘုရားသည်ကျွန်ုပ်၏ခမည်းတော်နှင့်အတူ ရှိတော်မူခဲ့သည်နည်းတူ သင်နှင့်အတူ ရှိတော်မူပါစေသော။-