၁ ရာချုပ် 19:7 - Common Language Bible7 သူတို့သည်မိမိတို့ငှားရမ်းထားသည့်စစ် ရထားသုံးသောင်းနှစ်ထောင်နှင့် မာခါပြည် ဘုရင်၏တပ်မတော်ကိုခေါ်ဆောင်ကာ မေ ဒဘမြို့အနီးသို့လာ၍စခန်းချလေသည်။ အမ္မုန်အမျိုးသားတို့သည်လည်းမိမိတို့၏ မြို့အပေါင်းမှထွက်၍စစ်တိုက်ရန်အသင့် ပြင်ကြကုန်၏။ အခန်းကိုကြည့်ပါ။Garrad Bible7 ငှါး ရ ပြီး စစ် ရ ထား သုံး သောင်း နှစ် ထောင် မှ စ သော မာ ခါ ဘု ရင် နှင့် သူ့ ရဲ မက် တို့ ချီ လာ၍ မေ ဒ ဘ မြို့ ရှေ့ တပ် စွဲ ကြောင်း ဒါ ဝိဒ် မင်း ကြား သော်၊ အခန်းကိုကြည့်ပါ။Judson Bible7 မြင်းရထားသူရဲ သုံးသောင်းနှစ်ထောင်ကိုလည်းကောင်း၊ မာခါမင်းကြီးနှင့် သူ၏လူတို့ကိုလည်းကောင်း ငှားသဖြင့်၊ ထိုသူတို့သည် မေဒဘမြို့ရှေ့မှာ တပ်ချကြ၏။ အမ္မုန်အမျိုးသားတို့သည်လည်း စုဝေး၍ အမြို့မြို့တို့မှ စစ်ချီကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 သူတို့သည် မေဒဘအနီး၌စခန်းချနေသော မာခါဘုရင်၏စစ်သည်တော်များနှင့် စစ်ရထားအစီးသုံးသောင်းနှစ်ထောင်တို့ကို ငှားရမ်းပြီး စစ်ချီလာကြ၏။ အမ္မုန်အမျိုးသားတို့ကလည်း မြို့ရွာတို့မှစုရုံး၍ စစ်တိုက်ရန် ချီလာကြ၏။ အခန်းကိုကြည့်ပါ။ |
ဒါဝိဒ်သည်ထိုမင်း၏စစ်ရထားတစ်ထောင်၊ မြင်းစီးသူရဲခုနစ်ထောင်နှင့်ခြေလျင်တပ် သားနှစ်သောင်းတို့ကိုလက်ရဖမ်းမိတော် မူ၏။ သူသည်စစ်ရထားတစ်ရာအတွက် လိုအပ်သမျှသောမြင်းတို့ကိုသိမ်းယူထား ပြီးလျှင် အခြားမြင်းတို့အားဒူးခေါက်ကြော ကိုဖြတ်၍ခြေဆွံ့အောင်ပြုတော်မူ၏။
ဒိဘုန်မြို့သားတို့သည်ရုပ်တုကိုးကွယ်ရာ ဌာနသို့ သွားရောက်ငိုကြွေးရန်တောင်ပေါ်သို့ တက်ကြ၏။ မောဘပြည်သူတို့သည်လည်း နေဗောမြို့နှင့်မေဒဘမြို့အတွက်ဝမ်းနည်း သဖြင့်အော်ဟစ်ငိုကြွေးကြကုန်၏။ သူတို့ သည်ဝမ်းနည်းခြင်းအထိမ်းအမှတ်ဖြင့် ဆံပင်နှင့် မုတ်ဆိတ်များကိုရိတ်ပစ်ကြလေ သည်။-
ဖိလိတ္တိအမျိုးသားတို့သည်ဣသရေလ အမျိုးသားတို့အားတိုက်ခိုက်ရန်စုဝေး ကြ၏။ သူတို့မှာစစ်ရထားသုံးသောင်း၊ မြင်း စီးသူရဲခြောက်ထောင်နှင့်သမုဒ္ဒရာသဲလုံး ကဲ့သို့မရေမတွက်နိုင်အောင် များပြားသော စစ်သည်တပ်သားများရှိသတည်း။ သူတို့ သည်ချီတက်၍ဗေသဝင်မြို့အရှေ့ဘက် ရှိမိတ်မတ်မြို့တွင်စခန်းချကြ၏။-