၁ ရာချုပ် 18:12 - Common Language Bible12 ဇေရုယာ၏သားအဘိရှဲသည်ဆားချိုင့်ဝှမ်း တွင် ဧဒုံအမျိုးသားလူတစ်သောင်းရှစ်ထောင် ကိုလုပ်ကြံလေသည်။- အခန်းကိုကြည့်ပါ။Garrad Bible12 ဇေ ရု ယာ့ သား အ ဘိ ရှဲ သည် ဆား ချိုင့် တွင် ဧ ဒုံ တပ် သား တစ် သောင်း ရှစ် ထောင် တို့ ကို လုပ် ကြံ သော အ ခါ ဧဒုံ ပြည် တွင် မြို့ စောင့် တပ် များ ကို ထား ၍၊ အခန်းကိုကြည့်ပါ။Judson Bible12 ထိုမှတစ်ပါး၊ ဇေရုယာသားအဘိရှဲသည် ဆားချိုင့်တွင် ဧဒုံလူတစ်သောင်းရှစ်ထောင်တို့ကို လုပ်ကြံလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 ဇေရုယာ၏သားအဘိရှဲသည်လည်း ဧဒုံလူမျိုး တစ်သောင်းရှစ်ထောင်ကို ဆားချိုင့်ဝှမ်းတွင် သုတ်သင်နိုင်ခဲ့ပြီး အခန်းကိုကြည့်ပါ။ |
ထို့ကြောင့်မင်းကြီးသည်အဘိရှဲအား``ရှေဘ သည်အဗရှလုံထက်ပင်ပို၍ငါတို့အား ဒုက္ခပေးလိမ့်မည်။ ငါ၏လူတို့ကိုခေါ်၍သူ့ နောက်သို့လိုက်လော့။ သို့မဟုတ်လျှင်သူသည် မြို့ရိုးအခိုင်အမာရှိသည့်မြို့များကိုသိမ်း ယူကာငါတို့လက်မှလွတ်မြောက်သွားလိမ့် မည်'' ဟုမိန့်တော်မူ၏။-
ဤအရေးအခင်းမပေါ်ပေါက်မီကာလအတော် ကြာက ဧဒုံပြည်ကိုဒါဝိဒ်နှိမ်နင်းအောင်မြင်ပြီး နောက် တပ်မတော်ဗိုလ်ချုပ်ယွာဘသည်စစ်ပွဲတွင် ကျဆုံးသူတို့ကိုသင်္ဂြိုဟ်ရန်ထိုပြည်သို့သွား၍ မိမိ၏တပ်သားများနှင့်အတူခြောက်လမျှ နေထိုင်ကာဧဒုံပြည်သားယောကျာ်းမှန်သမျှ ကိုသတ်လေသည်။-