Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ​ချုပ် 13:11 - Common Language Bible

11 သို့​ဖြစ်​၍​ထို​အ​ရပ်​ကို​ပေ​ရ​ဇော​ဇ​ဟု​ယ​နေ့ တိုင်​အောင်​ခေါ်​ဝေါ်​သ​မုတ်​ကြ​သ​တည်း။ ယင်း သို့​သြ​ဇ​အား​ထာ​ဝ​ရ​ဘု​ရား​အ​မျက်​တော် ထွက်​၍ ဒဏ်​ခတ်​တော်​မူ​သည့်​အ​တွက်​ဒါ​ဝိဒ် သည်​စိတ်​နာ​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 သြ ဇ ကို ထာ ဝ ရ ဘု ရား ထို သို့ ခွင်း ဖောက် တော် မူ သော ကြောင့် ဒါ ဝိဒ် မင်း သည် စိတ် နာ၍ ထို အ ရပ် ကို ယ နေ့ တိုင် အောင် ပေ ရ ဇော ဇ အ မည် တွင် စေ သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 ဩ​ဇ​ကို ထာ​ဝ​ရ​ဘု​ရား​ဒဏ်​ခတ်​တော်​မူ​သော​ကြောင့် ဒါ​ဝိဒ်​သည် ညှိုး​ငယ်​သော​စိတ်​ရှိ၏။ ထို​အ​ရပ်​သည် ယ​နေ့​တိုင်​အောင် ပေ​ရ​ဇော​ဇ​အ​မည်​ဖြင့် တွင်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ဤသို့ ဩဇ​အား ထာဝရဘုရား​ဒဏ်ခတ်​တော်မူ​သောကြောင့် ဒါဝိဒ်​မင်းကြီး​သည် စိတ်ဆိုး​လေ​၏​။ ထို့ကြောင့် ယနေ့​တိုင် ထို​နေရာ​ကို ပေရဩဇ ဟု​ခေါ်ဆို​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ​ချုပ် 13:11
11 ပူးပေါင်းရင်းမြစ်များ  

ယာ​ကုပ်​သည်​တင်​ပါး​ကြွက်​သား​တွင်​အ​ထိုး ခံ​ခဲ့​ရ​သည်​ဖြစ်​သော​ကြောင့် ယ​နေ့​ထက်​တိုင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​တင်​ပါး ကြွက်​သား​ကို​မ​စား​ကြ​ချေ။


ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်​အမျက် ထွက်​တော်​မူ​သ​ဖြင့် သြ​ဇ​အား​ရို​သေ​မှု ကင်း​မဲ့​သည့်​အ​တွက်​သေ​ဒဏ်​စီ​ရင်​တော်​မူ​၏။ သို့​ဖြစ်​၍​သြ​ဇ​သည်​ပ​ဋိ​ညာဉ်​သေတ္တာ​တော် ၏​အ​နီး​တွင်​သေ​လေ​၏။-


ထို​နောက်​ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက် သ​ဖြင့်``ငါ​သည်​အ​ဘယ်​သို့​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​ပင့်​ဆောင်​ရ​ပါ​မည်​နည်း'' ဟု​ဆို​ပြီး လျှင်၊-


ထာ​ဝ​ရ​ဘု​ရား​သည်​ထို​ခဏ​၌​အ​မျက်​ထွက် တော်​မူ​၍ သြ​ဇ​အား​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို တို့​ထိ​သည့်​အ​တွက်​သေ​ဒဏ်​ပေး​တော်​မူ​၏။ သြ​ဇ​သည်​ထို​အ​ရပ်​၌​ပင်​ဘုရား​သခင်​၏ ရှေ့​တော်​ဝယ်​သေ​လေ​၏။-


ထို့​နောက်​ဒါ​ဝိဒ်​သည်​ဘု​ရား​သ​ခင်​ကို​ကြောက် ရွံ့​တော်​မူ​သ​ဖြင့်``ယ​ခု​ငါ​သည်​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​အ​ဘယ်​သို့​လျှင်​ယူ​ဆောင် ရ​ပါ​တော့​မည်​နည်း'' ဟု​ဆို​၍။-


ပ​ထ​မ​အ​ကြိမ်​ပင့်​ဆောင်​စဉ်​အ​ခါ​က​သင် တို့​မ​ပါ​မ​ရှိ​ခဲ့​ကြ။ သို့​ဖြစ်​၍​ငါ​တို့​သည် မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အား လျောက်​ပတ်​စွာ​ဝတ်​ပြု​ကိုး​ကွယ်​မှု​ကို မ​ပြု​ကြ​သ​ဖြင့် ကိုယ်​တော်​သည်​ငါ​တို့​အား အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ခဲ့​၏'' ဟု​မိန့်​တော် မူ​လေ​သည်။


ငါ့​အ​နီး​သို့​ချဉ်း​ကပ်​လာ​သော​ယဇ်​ပု​ရော ဟိတ်​များ​ပင်​လျှင် မိ​မိ​တို့​ကိုယ်​ကို​သန့်​စင် စေ​ရ​မည်။ ထို​သို့​မ​ပြု​လျှင်​ငါ​သည်​သူ​တို့ အား​ဒဏ်​ခတ်​မည်'' ဟု​မိန့်​တော်​မူ​၏။


ထာ​ဝ​ရ​ဘု​ရား​က``သင်​ဤ​သို့​အ​မျက် ထွက်​သင့်​သ​လော'' ဟု​မေး​တော်​မူ​၏။


သို့​ရာ​တွင်​ဘု​ရား​သ​ခင်​က​ယော​န​အား``ကြက် ဆူ​ပင်​တစ်​ပင်​အ​တွက်​သင်​အ​မျက်​ထွက်​သင့် သ​လော'' ဟု​မေး​တော်​မူ​၏။ ယော​န​က``သေ​ချင်​အောင်​အ​မျက်​ထွက် ပါ​၏'' ဟု​လျှောက်​၏။


ထာ​ဝ​ရ​ဘု​ရား​သည်​မော​ဘ​ပြည်၊ ဗက်​ပေ ဂု​ရ​မြို့​တစ်​ဘက်​ရှိ​ချိုင့်​ဝှမ်း​၌ မော​ရှေ​၏ အ​လောင်း​ကို​သင်္ဂြိုဟ်​တော်​မူ​၏။ သို့​ရာ​တွင် ယ​နေ့​တိုင်​အောင်​မော​ရှေ​၏​သင်္ချိုင်း​နေ​ရာ အ​တိ​အ​ကျ​ကို​မည်​သူ​မျှ​မ​သိ​ရ​ချေ။-


ယော​ရှု​သည်​ယော်​ဒန်​မြစ်​လယ်​တွင်​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို ပင့်​ဆောင်​သော​ယဇ်​ပု​ရော​ဟိတ် များ​ရပ်​သည့်​နေ​ရာ​၌​လည်း ကျောက်​တုံး​တစ် ဆယ့်​နှစ်​တုံး​ကို​စိုက်​ထူ​ထား​၏။ (ထို​ကျောက် တုံး​များ​သည်​ထို​နေ​ရာ​တွင်​ယ​နေ့​တိုင် တည်​ရှိ​၏။-)


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ