၁ ရာချုပ် 12:39 - Common Language Bible39 သူတို့သည်မိမိတို့၏အမျိုးသားများပြင် ဆင်ကျွေးမွေးသောအစားအသောက်များကို စားသောက်ကာ သုံးရက်တိုင်တိုင်ဒါဝိဒ်နှင့် အတူနေကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible39-40 ဣ သ ရေ လ ပြည် တွင် ဝမ်း မြောက် အား ရ ခြင်း ရှိ သည် ဖြစ်၍ အ မျိုး သား ချင်း တို့ ပြင် ဆင် နှင့် သည့် ပြင် ဣ သ ခါ၊ ဇာ ဗု လုန်၊ နဿ လိ နယ် တိုင် အောင် တော် စပ် သူ တို့ လည်း မြောက် မြား စွာ သိုး နွား နှင့် တ ကွ မုန့်၊ မုန့် ညက်၊ သ ဖန်း ပြဉ်၊ စ ပျစ် ခိုင်၊ စ ပျစ် ရည်၊ ဆီ၊ ရိက္ခာ များ ကို မြည်း၊ ကု လား အုပ်၊ လား များ နှင့် တင် ဆောင် လာ သည့် အ တိုင်း ထို သူ ရဲ တို့ သည် သုံး ရက် တိုင် တိုင် ဒါ ဝိဒ် မင်း အ ထံ တော်၌ စား သောက် ကြ လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible39 ထိုသူအပေါင်းတို့သည် သုံးရက်ပတ်လုံး အထံတော်၌ စားသောက်လျက်နေကြ၏။ အမျိုးသားချင်းတို့သည် ပြင်ဆင်နှင့်ကြပြီ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း39 အမျိုးသားချင်းတို့ ပြင်ဆင်ကျွေးမွေးသဖြင့် ထိုနေရာတွင် သူတို့သည် ဒါဝိဒ်နှင့်အတူ သုံးရက်တိုင်တိုင်စားသောက်ပွဲများ ကျင်းပကြ၏။ အခန်းကိုကြည့်ပါ။ |
တိုက်ပွဲဝင်ရန်အသင့်ရှိသောဤစစ်သူရဲ အပေါင်းတို့သည် ဒါဝိဒ်အားဣသရေလနိုင်ငံ တစ်ဝှမ်းလုံးကိုအစိုးရသောဘုရင်အဖြစ်ဖြင့် ချီးမြှောက်ကြရန်သန္နိဋ္ဌာန်ပြုလျက်ဟေဗြုန်မြို့ သို့သွားကြ၏။ ကျန်ဣသရေလပြည်သား အပေါင်းတို့သည်လည်း ထိုရည်ရွယ်ချက် ဖြင့်တစ်စိတ်တစ်သဘောတည်းရှိကြ၏။-
ဝေးကွာသောဣသခါခရိုင်၊ ဇာဗုလုန်ခရိုင်နှင့် နဿလိခရိုင်မှစသောမြောက်ပိုင်းအရပ်များ မှလူတို့သည်မုန့်ညက်၊ သင်္ဘောသဖန်းသီး၊ စပျစ် ရည်နှင့်သံလွင်ဆီတို့ကိုမြည်းများ၊ ကုလား အုတ်များ၊ လားများ၊ နွားများဖြင့်တင်ဆောင် လာကြ၏။ သူတို့သည်သတ်၍စားရန်အတွက် နွားများနှင့်သိုးများကိုလည်းယူဆောင်လာ လေသည်။ ဤအမှုအရာအပေါင်းအားဖြင့် နိုင်ငံတစ်ဝှမ်းလုံးရှိဣသရေလအမျိုးသား တို့ပျော်ရွှင်ကြပုံကိုထုတ်ဖော်၍ပြသတည်း။