Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ​ချုပ် 12:1 - Common Language Bible

1-2 ဒါ​ဝိဒ်​သည်​ရှော​လု​မင်း​ထံ​တော်​မှ​ထွက်​ပြေး တိမ်း​ရှောင်​နေ​ချိန်​၌ ဇိ​က​လတ်​မြို့​တွင်​နေ​ထိုင် ၏။ ထို​အ​ခါ​လူ​အ​များ​ပင်​သူ​၏​ဘက်​သို့ ဝင်​ရောက်​လာ​ကြ​၏။ ထို​သူ​အ​ပေါင်း​တို့​သည် ရှော​လု​နှင့်​ဆွေ​မျိုး​တော်​စပ်​သည့်​ဗင်္ယာ​မိန် အ​နွယ်​ဝင်​မှ စစ်​ရည်​ဝ​၍​အား​ကိုး​အား​ထား လောက်​သော​စစ်​သူ​ရဲ​များ​ဖြစ်​သ​တည်း။ သူ တို့​သည်​လက်ယာ​လက်​ဖြင့်​သော်​လည်း​ကောင်း၊ လက်​ဝဲ​လက်​ဖြင့်​သော်​လည်း​ကောင်း လောက်​လွှဲ နှင့်​လေး​ကို​ပစ်​ခတ်​နိုင်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1-2 ဒါ ဝိဒ် သည် ကိ ရှ သား ရှော လု မင်း မျက် မှောက် မှ ဇိ က လတ် မြို့၌ တိမ်း နေ စဉ် ခဲ နှင့် မြှား ကို လက် ဝဲ လက်ျာ မ ရွေး ပစ် တတ် သူ၊ လေး လက် နက် ပါ လျက် စစ် ကူ ဝင် လာ သော သူ ရဲ ကောင်း၊ ဗင်္ယာ မိန့် အ နွယ် ရှော လု သား ချင်း များ ဟူ မူ ကား၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1-2 ဒါ​ဝိဒ်​သည် ကိ​ရှ၏​သား​ရှော​လု​ကို ရှောင်၍ ဇိ​က​လတ်​မြို့၌​နေ​စဉ်၊ သူ့​ဘက်​သို့ ဝင်​စား​သော​သူ၊ လေး​လက်​နက်​ကို​ဆောင်၍ လက်​ယာ​လက်​လက်​ဝဲ​လက်​မ​ရွေး၊ ကျောက်​နှင့် မြား​ကို​ပစ်​တတ်​သော စစ်​သူ​ရဲ​ကြီး၊ ရှော​လု​ပေါက်​ဖော် ဗင်္ယာ​မိန်​အ​မျိုး​သား​ဟူ​မူ​ကား၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ဒါဝိဒ်​သည် ကိရှ​၏​သား​ရှောလု​မင်းကြီး​ကို ဇိကလတ်​မြို့​၌ ရှောင်တိမ်း​နေစဉ် သူ့​ထံသို့​လာ​၍​စစ်ကူတိုက်​ပေး​သော သူရဲကောင်း​များ​မှာ ဤ​သူ​တို့​ဖြစ်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ​ချုပ် 12:1
10 ပူးပေါင်းရင်းမြစ်များ  

ရှော​လု​ကွယ်​လွန်​ပြီး​နောက်​ဒါ​ဝိဒ်​သည်​အာ မ​လက်​မြို့​သား​တို့​ကို​နှိမ်​နင်း​ရာ​မှ​ပြန် လာ​၍ ဇိ​က​လတ်​မြို့​တွင်​နှစ်​ရက်​မျှ​နေ​၏။-


သူ​သည်​မိ​မိ​၏​အ​ပေါင်း​ပါ​တို့​နှင့်​အိမ်​ထောင် စု​များ​ကို​ခေါ်​ဆောင်​ကာ ဟေ​ဗြုန်​မြို့​ပတ်​ဝန်း ကျင်​ရှိ​မြို့​ရွာ​တို့​တွင်​နေ​ထိုင်​စေ​၏။-


ရှော​လု​ကွယ်​လွန်​တော်​မူ​ကြောင်း​ဇိ​က​လတ် မြို့​တွင်​ငါ့​ထံ​သို့​လာ​ရောက်​ပြော​ကြား​သူ သည် မိ​မိ​ယူ​ဆောင်​လာ​သော​သ​တင်း​ကို သ​တင်း​ကောင်း​ဟု​ထင်​မှတ်​ခဲ့​သည်။ သို့​ရာ တွင်​ငါ​သည်​သူ့​ကို​ဖမ်း​ဆီး​၍​ကွပ်​မျက် လိုက်​၏။ ဤ​ကား​မိ​မိ​ပေး​သည့်​သ​တင်း အ​တွက်​ထို​သူ​ရ​ရှိ​သည့်​ဆု​လာဘ်​ပင် ဖြစ်​သည်။-


အောက်​ပါ​တို့သည်​ဒါ​ဝိဒ်​၏​နာ​မည်​ကျော် စစ်​သူ​ရဲ​များ​ဖြစ်​ကြ​၏။ သူ​တို့သည်​ထာ​ဝ​ရ ဘု​ရား​၏​က​တိ​တော်​အ​တိုင်း ဒါ​ဝိဒ်​အား​မင်း မြှောက်နိုင်​ရန်​အ​ခြား​ဣ​သ​ရေလ​ပြည်သား တို့နှင့်​အ​တူ​ဝိုင်း​ဝန်း​ကူ​ညီ​ကာ မင်း​ကြီး ၏နိုင်​ငံ​ကို​လည်း​တည်​တံ့​ခိုင်​မြဲ​စေ​သူ များ​ဖြစ်​ကြ​၏။


ထို့နောက်​မင်း​ကြီး​က``ငါ​သည်​ဤ​ရေကို အ​ဘယ်​နည်း​နှင့်​မျှ​မ​သောက်​နိုင်၊ သက်​စွန့် ကြိုးပမ်း​အ​မှုတော်​ထမ်း​ကြ​သူ​တို့၏ သွေး​ကို​သောက်​သည်​နှင့်​တူ​လိမ့်​မည်'' ဟု မိန့်တော်​မူ​လျက်​ထို​ရေကို​မ​သောက်​ဘဲ နေ​တော်​မူ​၏။ ဤ​ကား​နာ​မည်​ကျော်​သူ​ရဲ ကောင်း​သုံး​ယောက်​တို့၏​စွန့်စား​ခန်း​တစ် ရပ်​ဖြစ်​သ​တည်း။


နေ​ရ၏သား​သည်​ကိ​ရှ၊ ကိ​ရှ​၏သား​မှာ ရှော​လု​ဖြစ်​၏။ ရှော​လု​တွင်​ယော​န​သန်၊ မေ​လ​ခိ​ရွှ၊ အ​ဘိ​နာ​ဒပ်၊ ဣ​ရှ​ဗာ​လ​ဟူ​၍ သား​လေး​ယောက်​ရှိ​၏။-


နေ​ရ​၏​သား​သည်​ကိ​ရှ၊ ကိ​ရှ​၏​သား​သည် ရှော​လု​ဖြစ်​၏။ ရှော​လု​တွင်​ယော​န​သန်၊ မေ​လ ခိ​ရွှ၊ အ​ဘိ​နာ​ဒပ်၊ ဣ​ရှ​ဗာ​လ​ဟူ​၍​သား လေး​ယောက်​ရှိ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ