၁ ရာချုပ် 11:1 - Common Language Bible1 ဣသရေလပြည်သားအပေါင်းတို့သည်ဟေဗြုန် မြို့ရှိဒါဝိဒ်ထံသို့လာရောက်လျက်``ကျွန်တော် တို့သည်အရှင်၏သွေးသားများဖြစ်ပါ၏။- အခန်းကိုကြည့်ပါ။Garrad Bible1 ထို နောက် ဟေ ဗြုန် မြို့ ရှိ ဒါ ဝိဒ် မင်း ထံ ဣ သ ရေ လ လူ အ ပေါင်း တို့ စု ရုံး၍ ကျွန် တော် တို့ သည် အ ရှင့် အ ရိုး အသား စင် စစ် ဖြစ် ကြ ပါ၏။ အခန်းကိုကြည့်ပါ။Judson Bible1 ထိုအခါ ဣသရေလ အမျိုးသားအပေါင်းတို့သည် ဒါဝိဒ်ရှိရာ ဟေဗြုန်မြို့၌စည်းဝေး၍၊ ကျွန်တော်တို့သည် ကိုယ်တော်အရိုး၊ ကိုယ်တော်အသားဖြစ်ကြပါ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 အစ္စရေးလူမျိုးအပေါင်းတို့သည် ဟေဗြုန်မြို့ရှိ ဒါဝိဒ်ထံ၌ စုရုံးကြပြီး “ကြည့်လော့။ အကျွန်ုပ်တို့သည် အရှင်၏အရိုး၊ အရှင်၏အသားများ ဖြစ်ကြပါ၏။ အခန်းကိုကြည့်ပါ။ |
ထိုနောက်ဒါဝိဒ်သည်ထာဝရဘုရားအား``ကိုယ် တော့်ကျွန်သည်ယုဒမြို့တစ်မြို့မြို့သို့သွားရောက် အုပ်ချုပ်ရပါမည်လော'' ဟုမေးလျှောက်၏။ ထာဝရဘုရားက``သွားလော့'' ဟုမိန့်တော် မူလျှင်၊ ``အဘယ်မြို့သို့သွားရပါမည်နည်း'' ဟု မေးလျှောက်ပြန်၏။ ထာဝရဘုရားက``ဟေဗြုန်မြို့'' ဟုဆိုသဖြင့်၊-
ပထမဦးစွာသူတို့သည်ပြည်၏တောင်ပိုင်း သို့ဝင်ရောက်၍ ကိုယ်ခန္ဓာအလွန်ထွားကျိုင်း သည့်အာနကအမျိုးသားတို့၏အဆက် အနွယ်များဖြစ်သောအဟိမန်သားချင်းစု၊ ရှေရှဲသားချင်းစုနှင့်တာလမဲသားချင်းစု တို့နေထိုင်ရာဟေဗြုန်မြို့သို့ရောက်ရှိကြ သည်။ (ဟေဗြုန်မြို့သည်အီဂျစ်ပြည်ရှိဇောန မြို့မတည်မီခုနစ်နှစ်အထက်ကတည်ခဲ့ သောမြို့ဖြစ်သတည်း။-)