၁ ပေ 5:9 - Common Language Bible9 သင်တို့သည်မိမိတို့၏ယုံကြည်ခြင်းကိုခိုင်မာ စေလျက်သူ၏ရန်ကိုတွန်းလှန်ကြလော့။ အဘယ် ကြောင့်ဆိုသော်သင်တို့သိကြသည့်အတိုင်းကမ္ဘာ တစ်ဝန်းလုံးရှိသင်တို့၏ညီအစ်ကိုအပေါင်း တို့သည် ဤသို့သောဆင်းရဲဒုက္ခနှင့်ကြုံတွေ့ လျက်ရှိနေကြသောကြောင့်ဖြစ်၏။- အခန်းကိုကြည့်ပါ။Garrad Bible9 ဤ လော က ရှိ ညီ အစ် ကို ချင်း များ လည်း ထို သို့ သော ဒု က္ခ ခံ ရ ကြောင်း သိ သည့် အ လျောက် ယုံ ကြည် ခြင်း တ ရား ၌ တည် ကြည် လျက် ရပ် ခံ ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible9 သို့ဖြစ်၍၊ လူပြည်အရပ်ရပ်တို့၌ရှိသော သင်တို့ ညီအစ်ကိုများတို့သည် ထိုသို့သောဆင်းရဲကို ခံရကြသည်ဟု သိမှတ်လျက်၊ ယုံကြည်ခြင်း၌တည်၍ မာရ်နတ်ကို ဆီးတားကြလော့။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း9 ယုံကြည်ခြင်း၌ ခိုင်ခံ့စွာရပ်တည်လျက် ထိုမာရ်နတ်ကို တားဆီးကြလော့။ ကမ္ဘာပေါ်၌ရှိသော သင်တို့၏ညီအစ်ကိုများသည်လည်း ထိုကဲ့သို့သောဒုက္ခဝေဒနာများကို ရင်ဆိုင်ဖြတ်သန်းနေရကြောင်း သိမှတ်ကြလော့။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း9 သင်တို့၏ ယုံကြည်ခြင်းကို ခိုင်ခံ့မြဲမြံစေ၍ ထိုမာရ်နတ်ကို ငြင်းဆန်ကြလော့။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာတစ်ဝန်းရှိ သင်တို့၏ညီအစ်ကိုမောင်နှမများသည်လည်း ထိုကဲ့သို့သော ဆင်းရဲဒုက္ခကို ခံစားနေရကြောင်း သင်တို့သိကြသောကြောင့်ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
သင်တို့တွေ့ကြုံရသည့်စုံစမ်းနှောင့်ယှက်ခြင်း များသည်လူအပေါင်းတို့တွေ့ကြုံနေကြ၊ သာ မန်စုံစမ်းနှောင့်ယှက်ခြင်းများသာဖြစ်၏။ ဘုရား သခင်သည်ကတိတည်တော်မူသောအရှင်ဖြစ် တော်မူသဖြင့် သင်တို့အားမိမိတို့ခံနိုင်သည် ထက်ပို၍စုံစမ်းနှောင့်ယှက်ခြင်းကိုခံစေတော် မူလိမ့်မည်မဟုတ်။ စုံစမ်းနှောင့်ယှက်ခြင်းခံရ ချိန်၌ခံနိုင်သောခွန်အားကိုပေးတော်မူသဖြင့် ထိုစုံစမ်းနှောင့်ယှက်ခြင်းမှလွတ်မြောက်ရန် လမ်းဖွင့်ပေးတော်မူလိမ့်မည်။