ဧသတာ 8:10 - Common Language Bible10 မော်ဒကဲသည်ထိုစာတို့ကိုဇေရဇ်မင်း၏ အမည်ဖြင့်ရေးလျက် ဘုရင့်လက်စွပ်တော် တံဆိပ်ခတ်နှိပ်ပြီးလျှင်စာပို့လုလင်တို့ အား ဘုရင့်မြင်းဇောင်းမှလျင်မြန်သည့် မြင်းများဖြင့်သွားရောက်ပေးပို့စေ၏။ အခန်းကိုကြည့်ပါ။Garrad Bible10-12 အာ ရွှေ ရု မင်း အ မည် တော် ဖြင့် ရေး လျက်၊ လက် စွပ် တော် တံ ဆိပ် ခတ် နှိပ် ပြီး လျှင်၊ အာ ရွှေ ရု မင်း ပိုင် ပြည် ထောင် တ ကာ အ တွင်း မြို့ ရွာ တိုင်း ရှိ ယု ဒ လူ မျိုး အ ပေါင်း တို့ သည်၊ အာ ဒါ ခေါ် ဒွါ ဒ သ မ လ ဆယ့် သုံး ရက် တွင်၊ ကိုယ့် အ သက် အ ဖို့ စု ရုံး ခု ခံ သည့် ပြင်၊ လက် ရောက် ပြု လို သော သူ ရဲ ရှိ သ မျှ ကို၊ မိန်း မ များ၊ သူ ငယ် များ ပါ၊ နေ ချင်း ဖျက် ဆီး သတ် ဖြတ် ကွပ် မျက် လု ယူ ရန် အ ခွင့် တော် ရှိ စေ ဟူ သော အ မိန့် တော် စာ ကို၊ ဇောင်း တော် ပေါက် လျင် သည့် မြင်း ပေါ် တွင် စီး သူ မြင်း သည် တော် တို့ လက် ဖြင့် ပို့ လိုက်၍၊ အခန်းကိုကြည့်ပါ။Judson Bible10 ရှင်ဘုရင် အာရွှေရု၏ အမိန့်တော်စာကိုရေး၍ ရှင်ဘုရင်လက်စွပ်တော်နှင့် တံဆိပ်ခတ်ပြီးမှ၊ မြင်း၊ လား၊ ကုလားအုတ်၊ မြည်းစီးသော စာပို့လုလင်တို့ဖြင့် ပေးလိုက်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း10 ထိုစာကို အာရွှေရုမင်းကြီး၏နာမည်နှင့် ရေးသား၍ ဘုရင်၏တံဆိပ်တုံးလက်စွပ်နှင့် ခတ်နှိပ်ပြီးလျှင် ခြေမြန်တော်တို့အား ဘုရင့်မြင်းဇောင်းတွင်မွေးထားသော၊ အပြေးမြန်သောမြင်းတို့ကိုစီးစေ၍ ပေးပို့စေ၏။ အခန်းကိုကြည့်ပါ။ |
မင်းကြီးနှင့်မှူးမတ်များ၏အမိန့်အရ စေတမန်တို့သည် ဖိတ်စာများယူဆောင် လျက်ယုဒပြည်နှင့်ဣသရေလပြည် တစ်လျှောက်လုံးသို့သွားရောက်ကြ၏။ ဖိတ်စာတွင်``အို ဣသရေလအမျိုးသားတို့၊ သင်တို့သည်အာရှုရိမင်း၏လက်မှလွတ် မြောက်၍မသေဘဲကျန်ခဲ့ကြလေပြီ။ အာဗြဟံ၊ ဣဇာက်နှင့်ယာကုပ်တို့၏ဘုရားသခင်ထာဝရဘုရားထံတော်သို့ပြန်လာ ကြလော့။ ကိုယ်တော်သည်လည်းသင်တို့ထံ သို့ပြန်လည်ကြွလာတော်မူလိမ့်မည်။
``သူတို့သည်လူမျိုးတကာတို့ထံမှသင် တို့အမျိုးသားများကို ထာဝရဘုရား အတွက်လက်ဆောင်ပဏ္ဏာအဖြစ်ခေါ်ဆောင် လာကြလိမ့်မည်။ ဣသရေလအမျိုးသား တို့သည်အသီးအနှံများကို ထုံးတမ်းစဉ် လာအရသန့်စင်သည့်အိုးခွက်များတွင် ထည့်၍ ဗိမာန်တော်သို့ယူဆောင်လာကြ သကဲ့သို့၊ ထိုသူတို့သည်အဆိုပါလက် ဆောင်ပဏ္ဏာများကိုမြင်း၊ မြည်း၊ ကုလား အုပ်များမြင်းရထားနှင့်လှည်းများနှင့် တင်၍ယေရုရှလင်မြို့ရှိသန့်ရှင်းမြင့် မြတ်သောတောင်တော်ပေါ်သို့ယူဆောင် လာကြလိမ့်မည်။-
သင်တို့သည်ဗာလဘုရားကိုအဘယ်အခါကမျှ ဝတ်မပြုရှိမခိုးခဲ့ပါ၊ မိမိတို့ကိုယ်ကိုမညစ်ညမ်းစေခဲ့ပါဟူ၍ အဘယ်သို့လျှင်ဆိုနိုင်မည်နည်း။ ချိုင့်ဝှမ်းထဲတွင်သင်တို့အဘယ်သို့ အပြစ် ကူးလွန်ခဲ့သည်ကိုကြည့်လော့။ သင်ပြုခဲ့သည့်အမှုကိုသိမှတ်လော့။ သင်သည်မုန်ယိုလျက်နေသည့်ကုလားအုတ် ပျိုကဲ့သို့၊ အချုပ်အချယ်မရှိဟိုမှသည်သို့ပြေး လျက်နေ၏။