ဧဇရ 7:23 - Common Language Bible23 ကောင်းကင်ဘုံရှင်ဘုရင်ဘုရားသခင်သည် မိမိ၏ဗိမာန်တော်အတွက်လိုအပ်သည့် အရာဟူသမျှကိုပေးရန် သင်တို့သတိ ပြုကြရမည်။ သို့မှသာလျှင်ကိုယ်တော် သည် ငါနှင့်ငါ၏နောက်တွင်အုပ်စိုးမည့် ဘုရင်များအားအမျက်ထွက်တော်မမူ ဘဲနေလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible23 မိုး ကောင်း ကင့် ရှင် ဘု ရား သ ခင် မိန့် မှာ တော် မူ သည့် အ ရ၊ ထို ဘု ရား သ ခင့် ဗိ မာန် တော် အ ဖို့၊ တ သ ဝေ မ တိမ်း လိုက် နာ ကြ လော့။ ငါ ဘု ရင် မင်း နှင့် တ ကွ၊ သား တော် အ စဉ် မြေး တော် အ ဆက်၊ နိုင် ငံ ပေါ် တွင် အ ဘယ့် ကြောင့် အ မျက် တော် ရောက် အံ့ နည်း။ အခန်းကိုကြည့်ပါ။Judson Bible23 ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်မှာ ထားတော်မူသမျှအတိုင်း၊ ထိုဘုရားသခင်၏ အိမ်တော်အဖို့ ကြိုးစား၍လုပ်ဆောင်စေ။ ရှင်ဘုရင်နှင့် ဆွေတော်မျိုးတော်အပေါ်သို့ အဘယ်ကြောင့် အမျက်တော် သက်ရောက်ရမည်နည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း23 ကောင်းကင်ဘုံရှင်ဘုရားသခင်၏အိမ်တော်အဖို့ ကောင်းကင်ဘုံရှင်ဘုရားသခင်မိန့်မှာသည့်အတိုင်း ကြိုးစားလုပ်ဆောင်ကြလော့။ ရှင်ဘုရင်၏နိုင်ငံနှင့် သားမြေးအပေါ် အဘယ်ကြောင့် အမျက်တော်ကျရောက်စေရမည်နည်း။ အခန်းကိုကြည့်ပါ။ |
သူတို့က``ဟေဗြဲအမျိုးသားတို့၏ဘုရား ကို အကျွန်ုပ်တို့ဖူးတွေ့ခဲ့ရပြီ။ အကျွန်ုပ်တို့ ၏ဘုရားသခင်ထာဝရဘုရားအားယဇ် ပူဇော်နိုင်ရန် တောကန္တာရသို့သုံးရက်ခရီး သွားခွင့်ပေးတော်မူပါ။ အကျွန်ုပ်တို့သည် ထိုဝတ်ကိုမပြုရလျှင်ဘုရားသခင်သည် အကျွန်ုပ်တို့အားရောဂါဘေးသို့မဟုတ် ဋ္ဌားဘေးသင့်စေပါမည်'' ဟုလျှောက်ကြ၏။