ဧဇရ 4:5 - Common Language Bible5 ဧကရာဇ်မင်းကုရုလက်ထက်မှဧကရာဇ်မင်းဒါရိလက်ထက်တိုင်အောင် သူတို့သည်ဤအတိုင်းနှောင့်ယှက်ကြလေသည်။ အခန်းကိုကြည့်ပါ။Judson Bible5 ယုဒအမျိုးသားတို့၏ အကြံကို ဖျက်ဆီးခြင်းငှာ၊ ပေရသိရှင်ဘုရင် ကုရုလက်ထက် ကာလပတ်လုံးမှသည်၊ ပေရသိရှင်ဘုရင် ဒါရိလက်ထက်တိုင်အောင်၊ ရှေ့နေတို့ကို ငှား၍ထားကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 ပါးရှားဘုရင်ကုရုမင်းကြီးစိုးစံသောအချိန်မှစ၍ ပါးရှားဘုရင်ဒါရိမင်းကြီးစိုးစံသည့်အချိန်အထိ အကြံပေးအရာရှိတို့ကို ငှားရမ်း၍ ယုဒလူမျိုးတို့၏အစီအစဉ်ပျက်အောင် ဖျက်ဆီးကြ၏။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်ဘုရားသခင်သည်ယုဒခေါင်းဆောင်များအားစောင့်ထိန်းကြည့်ရှုလျက်နေတော်မူသဖြင့် ပေရသိအရာရှိတို့သည်ဒါရိမင်းထံသို့စာရေးအကြောင်းကြားရန်နှင့် ထိုမင်းထံမှအမိန့်တစ်စုံတစ်ရာပြန်လည်မရမချင်းမည်သို့မျှအရေးယူဆောင်ရွက်ခြင်းမပြုရန်ဆုံးဖြတ်ကြ၏။-