ဧဇရ 4:11 - Common Language Bible11 (စာတွင်ပါရှိသည့်အကြောင်းအရာများမှာ အောက်ပါအတိုင်းဖြစ်သည်။) ``အာတဇေရဇ်မင်းထံသို့ဘုရင်အစေခံများဖြစ်ကြသော ဥဖရတ်မြစ်ကြီးအနောက်ဘက်ပြည်နယ်သားတို့ကအစီရင်ခံအပ်ပါသည်။'' အခန်းကိုကြည့်ပါ။Garrad Bible11 မြစ် ကြီး အ နောက် ဘက် နေ၊ ကျွန် တော် မျိုး တို့ စွဲ ဆို သော အ ကြောင်း မှာ၊ အခန်းကိုကြည့်ပါ။Judson Bible11 အာတဇေရဇ်မင်းကြီးထံသို့ ပေးလိုက်သော စာဟူမူကား၊ မြစ်အနောက်ဘက်၌ နေသော ကိုယ်တော်ကျွန်တို့သည်၊ ဤမည်သော နေ့ရက်ကာလတွင် လျှောက်ပါ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း11 အာတဇေရဇ်မင်းကြီးထံ ရေးပို့လိုက်သော ထိုစာ၏မိတ္တူတွင် “မြစ်တစ်ဖက်၌နေထိုင်သောအရှင့်ကျွန်တို့သည် အရှင်မင်းကြီးထံ လျှောက်ထားအပ်ပါ၏။ အခန်းကိုကြည့်ပါ။ |
``အရှင်၏အခြားနယ်မြေများမှ ဤအရပ်သို့လာရောက်ကြသောယုဒအမျိုးသားတို့သည် ယေရုရှလင်မြို့တွင်အခြေစိုက်နေထိုင်ကာ ထိုဆိုးညစ်ပုန်ကန်တတ်သောမြို့ကိုပြန်လည်တည်ဆောက်လျက်ရှိကြောင်း အရှင့်အားအကျွန်ုပ်တို့လျှောက်ထားအပ်ပါသည်။ သူတို့သည်မြို့ရိုးများကို ပြန်လည်စတင်ဆောက်လုပ်လျက်နေကြပြီဖြစ်၍မကြာမီပြီးစီးပါမည်။-
ရှမာရိအမျိုးသမီးက ``သင်သည်ယုဒ အမျိုးသားတစ်ယောက်ဖြစ်ပါလျက် ရှမာရိ အမျိုးသမီးဖြစ်သူကျွန်မထံမှသောက်ရေ ကိုအဘယ်ကြောင့်တောင်းပါသနည်း'' ဟုမေး၏။ (ဤသို့မေးရသည့်အကြောင်းမှာယုဒအမျိုး သားများသည် ရှမာရိအမျိုးသားတို့၏ခွက် ယောက်များကိုအသုံးပြုလေ့မရှိကြသော ကြောင့်ဖြစ်၏။)