ဟေရှာယ 54:15 - Common Language Bible15 အကယ်၍သင့်အားထိပါးတိုက်ခိုက်လာသူ တစ်စုံတစ်ယောက်ရှိပါမူ၊ ထိုသူသည်ငါ၏ခွင့်ပြုချက်ကိုရရှိလိမ့်မည်မဟုတ်။ သင့်အားစစ်ပြိုင်လာသူမှန်သမျှသည် ကျဆုံးရကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible15 သင် နှင့် ရန် ပြု သော် လည်း ငါ့ အ ခွင့် ရ ကြ မည် မ ဟုတ်။ ရန် ပြု သူ တို့ သည် သင့် အ တွက် ကြောင့် ကျ ဆုံး ကြ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible15 ငါ၏အခွင့်မရှိဘဲ သင့်တစ်ဖက်၌ အဘယ်သူမျှ နေရာမကျရ။ နေရာကျဖူးသောသူတို့သည် သင့်ဘက်သို့ ဝင်စားကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း15 တစ်စုံတစ်ဦးသည် သင့်ကို ရန်ပြုခဲ့လျှင် ထိုအမှုသည် ငါ့ထံမှလာသည်မဟုတ်။ သင့်ကိုရန်ပြုသောသူသည် သင့်ရှေ့၌ကျဆုံးလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ယေရုရှလင်မြို့သူမြို့သားတို့ကို အားပေးကြလော့။ သူတို့သည်ကြာမြင့်စွာဆင်းရဲဒုက္ခ ရောက်ခဲ့ကြသဖြင့်၊ သူတို့၏အပြစ်များကိုယခု ငါဖြေလွှတ်တော်မူပြီဖြစ်ကြောင်း၊ သူတို့အားကြားပြောကြလော့။ ငါသည်သူတို့အားမိမိတို့အပြစ်များ အတွက် အပြစ်ဒဏ်အပြည့်အဝခတ်ခဲ့လေပြီ'' ဟု မိန့်တော်မူ၏။
ဣသရေလအမျိုးသားတို့အားသန့်ရှင်းမြင့် မြတ်သည့် ဘုရားသခင်၊ သင်တို့ကိုကယ်တော်မူသောထာဝရဘုရားက ``ငါသည်သင်တို့အားကယ်ရန်စစ်သည်ဗိုလ်ခြေ တို့ကို ဗာဗုလုန်ပြည်သို့စေလွှတ်မည်။ မြို့တံခါးများကိုငါဖျက်ချမည်။ မြို့သူမြို့သားတို့၏ကြွေးကြော်သံသည် ငိုကြွေးသံအဖြစ်သို့ပြောင်းလဲသွားလိမ့်မည်။