ဟေရှာယ 34:16 - Common Language Bible16 သက်ရှိသတ္တဝါများအကြောင်းဖော်ပြပါ ရှိသည့် ထာဝရဘုရား၏စာစောင်တော်တွင် ရှာ၍ဖတ်ကြည့်ကြလော့။ ထိုသတ္တဝါတစ် ကောင်မျှပျောက်ဆုံးလိမ့်မည်မဟုတ်။ အဘယ် သတ္တဝါမျှလည်းကြင်ဖော်မဲ့ဖြစ်ရလိမ့် မည်မဟုတ်။ ဤနည်းအတိုင်းဖြစ်စေရန် ထာဝရဘုရားအမိန့်ပေးတော်မူခဲ့လေ ပြီ။ ကိုယ်တော်သည်သူတို့အားစုဝေးစေ တော်မူလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible16-17 ထာ ဝ ရ ဘု ရား၏ ကျမ်း စာ တော် ကို စူး စမ်း၍ ဖတ် ကြ လော့။ နှုတ် တော် ဖြင့် မိန့် ဆို ခြင်း၊ ဝိ ညာဉ် တော် ဖြင့် စု ရုံး ခြင်း၊ လက် တော် မဲ ချ၍ နေ ရာ ကို တိုင်း တာ ဝေ ငှ ခြင်း ပြု တော် မူ သည့် အ တိုင်း၊ တစ် ကောင် မျှ မ ယုတ်၊ ဖို မ အ စုံ ဖြစ် သော ထို အ ကောင် များ သည်၊ ထာ ဝ ရ အ ပိုင် ရ၍ အ မျိုး အ ဆက် ဆက် ရှိ နေ ကြ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible16 ထာဝရဘုရား၏ကျမ်းစာကိုကြည့်ရှု၍ ဖတ်ကြလော့။ ထိုတိရစ္ဆာန်တစ်ကောင်မျှ မပေါ်ဘဲမနေရ။ အမတစ်ကောင်မျှ မိမိအဖော်ကို မလိုရ။ ထာဝရဘုရား၏ နှုတ်တော်ထွက်အမိန့်တော်ရှိ၏။ ဝိညာဉ်တော်သည်လည်း သူတို့ကို စုဝေးစေတော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 ထာဝရဘုရား၏ကျမ်းစာလိပ်ထဲ၌ ရှာဖွေဖတ်ရှုကြ။ ထိုအကောင်တို့သည် တစ်ကောင်မျှမပျောက်။ ဖိုမအစုံအစုံ ရှိကြလိမ့်မည်။ ထိုသို့ နှုတ်တော်ထွက်ရှိနှင့်ပြီ။ ဝိညာဉ်တော်သည် ထိုအကောင်တို့ကို စုရုံးစေတော်မူပြီ။ အခန်းကိုကြည့်ပါ။ |
မိုးကောင်းကင်သို့မျှော်ကြည့်ကြလော့။ သင်တို့မြင်ရသည့်ကြယ်များကိုအဘယ်သူ ဖန်ဆင်းတော်မူပါသနည်း။ ယင်းတို့အားစစ်သည်ဗိုလ်ခြေသဖွယ် ထုတ်ဆောင်လာတော်မူသောအရှင်ပင် ဖြစ်ပေသည်။ ကိုယ်တော်သည်ကြယ်များကိုရေတွက် ထားတော်မူပြီးလျှင်နာမည်တပ်၍ ခေါ်တော်မူပါသည်တကား။ ကိုယ်တော်သည်လွန်စွာတန်ခိုးကြီးတော်မူသဖြင့် ထိုကြယ်တို့သည်တစ်လုံးတစ်လေမျှ ပျောက်ပျက်သည့်အခါဟူ၍မရှိ။
ငါ့အားဝတ်ပြုကိုးကွယ်မှုမှရရှိအပ်သော စိတ္တသုခကိုခံစားရကြလိမ့်မည်။ ငါသည် သင်တို့အားကမ္ဘာတစ်ဝှမ်းလုံးတွင်ဂုဏ်အသ ရေရှိစေမည်။ သင်တို့သည်လည်းမိမိတို့ဘိုး ဘေးယာကုပ်အားပေးအပ်ခဲ့သည့်ပြည်တော် တွင်ပျော်မွေ့စွာနေရကြလိမ့်မည်။ ဤကား ငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူ၏။
ကောင်းကင်တမန်ကငါ့အား``သင်သည်ဇေရုဗ ဗေလသို့ထာဝရဘုရားပေးတော်မူသည့်ဤ ဗျာဒိတ်တော်ကိုပြန်ကြားလော့။ ကိုယ်တော်က သူ့အား`သင်သည်မိမိ၏တန်ခိုးစွမ်းရည်အား ဖြင့်သော်လည်းကောင်း၊ စစ်သည်ဗိုလ်ခြေအင်အား အားဖြင့်သော်လည်းကောင်းဤအမှုကိုပြု လိမ့်မည်မဟုတ်။ ငါ၏ဝိညာဉ်တော်တန်ခိုး တော်အားဖြင့်သာလျှင်ပြုနိုင်လိမ့်မည်'' ဟု အနန္တတန်ခိုးရှင်ထာဝရဘုရားမိန့်တော် မူ၏။-
သို့ဖြစ်၍ငါတို့သည်ပရောဖက်များကြေညာ သည့်ဗျာဒိတ်တော်ကိုပို၍စိတ်ချယုံကြည် ကြ၏။ ထိုဗျာဒိတ်တော်ကိုဂရုပြုလော့။ အဘယ် ကြောင့်ဆိုသော်ယင်းသည်အရုဏ်ကျင်းလျက် နေအလင်းပေါ်၍ သင်တို့စိတ်နှလုံးထဲတွင် အရုဏ်ကြယ်ပေါ်ထွက်ချိန်မတိုင်မီအမှောင် ထဲတွင်ထွန်းလင်းလျက်နေသည့်မီးခွက်နှင့်တူ၏။-