Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 33:8 - Common Language Bible

8 လမ်း​မ​ကြီး​များ​သည်​ဘေး​အန္တရာယ်​အ​လွန် များ​သ​ဖြင့်​အ​ဘယ်​သူ​မျှ​မ​သွား​ဝံ့​ကြ၊ မ​ဟာ​မိတ်​စာ​ချုပ်​များ​ကို​ချိုး​ဖောက်​၍​သစ္စာ ကတိ​များ​သည်​လည်း​ပျက်​ပြယ်​၍​သွား​လေ ပြီ။ အ​ဘယ်​သူ​မျှ​ရို​သေ​လေး​စား​မှု​ကို မ​ခံ​ရကြ​တော့​ပေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 ရန် ဘက် သည် ပ ဋိ ညာဉ် ဖောက် ကျော်၍ ခံ မြို့ များ ကို အ လေး မ မူ ဘဲ၊ လူ သူ ကို ပ မာ ဏ မ ပြု သော ကြောင့်၊ ခ ရီး သည် ပြတ် စဲ၍ လမ်း များ ခြောက် လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 လမ်း​မ​တို့​သည် ဆိတ်​ညံ​ကြ၏။ လမ်း​ခ​ရီး၌ သွား​လာ​သော​သူ မ​ရှိ။ ထို​မင်း​သည် သ​စ္စာ​ပျက်​လေ​ပြီ။ မြို့​များ​ကို​လည်း ပယ်​လေ​ပြီ။ အ​ဘယ်​သူ၏​မျက်​နှာ​ကို မ​မှတ်​တတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 လမ်းမ​ပေါ်တွင် လူသူကင်းမဲ့​၏​။ လမ်း​ပေါ်တွင် လူသွားလူလာ​မ​ရှိ​။ ပဋိညာဉ်​ကို ချိုးဖောက်​လေ​ပြီ​။ မြို့​များ​ကို​ပမာဏ​မ​ပြု​။ လူ​ကို​အလေး​မ​ထား​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 33:8
16 ပူးပေါင်းရင်းမြစ်များ  

သူ​ယုတ်​မာ​သည်​ပြု​လေ​သ​မျှ​သော​အ​မှု​တို့​တွင် အောင်​မြင်​တတ်​သ​ဖြင့် ဘု​ရား​သ​ခင်​စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​သော​အ​မှု တို့​ကို သိ​မြင်​နား​လည်​နိုင်​စွမ်း​မ​ရှိ။ ရန်​သူ​များ​ကို​လည်း​ပြက်​ရယ်​ပြု​တတ်​၏။


လူ​တို့​သည်​ဘု​ရား​သ​ခင်​၏​ပ​ညတ်​တ​ရား တော်​ကို​ပစ်​ပယ်​ခြင်း​အား​ဖြင့်​လည်း​ကောင်း၊ ကိုယ်​တော်​၏​ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​တော်​ကို ချိုး​ဖောက်​ခြင်း​အား​ဖြင့်​လည်း​ကောင်း ကမ္ဘာ မြေ​ကြီး​ကို​ညစ်​ညမ်း​စေ​ကြ​၏။-


ထို​အ​ရပ်​တွင်``သန့်​ရှင်း​မြင့်​မြတ်​ရာ​သို့ သွား​သည့်​လမ်း'' ဟု နာ​မည်​တွင်​သော​လမ်း​မ​ကြီး​တစ်​သွယ် ပေါ်​ပေါက်​၍​လာ​လိမ့်​မည်။ အ​ဘယ်​အ​ပြစ်​ကူး​သူ​မှန်​သ​မျှ​ထို​လမ်း​ကို လျှောက်​သွား​ရ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​လူ​မိုက်​က​မျှ​ထို​လမ်း​တွင် လျှောက်​နေ​သူ​တို့​အား လမ်း​မှား​စေ​နိုင်​လိမ့်​မည်​မ​ဟုတ်။


ယု​ဒ​ဘု​ရင်​ဟေ​ဇ​ကိ​နန်း​စံ​တစ်​ဆယ့်​လေး နှစ်​မြောက်​၌ အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘုရင်​သ​နာ ခ​ရိပ်​သည် ယု​ဒ​ပြည်​ရှိ​ခံ​တပ်​မြို့​များ​ကို တိုက်​ခိုက်​သိမ်း​ယူ​လေ​သည်။-


နေ့​ကြီး​ရက်​ကြီး​များ​တွင်​ကိုး​ကွယ်​ဝတ်​ပြု​ရန် ဗိ​မာန်​တော်​သို့​လာ​မည့်​သူ​မ​ရှိ။ ဗိ​မာန်​တော်​တွင်​သီ​ချင်း​ဆို​သူ အ​မျိုး​သ​မီး​ပျို​တို့​သည်​ဝမ်း​နည်း​ကြေ​ကွဲ​လျက် ရှိ​ကြ​၏။ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း​ညည်း​တွား​မှု​မှ တစ်​ပါး အ​ဘယ်​သို့​မျှ​မ​ပြု​နိုင်။ မြို့​တံ​ခါး​များ​သည်​လူ​ဆိတ်​ညံ​လျက်​နေ​၏။ ဇိ​အုန်​မြို့​သည်​ဝေ​ဒ​နာ​ခံ​စား​နေ​ရ​သည်။


ငါ​သည်​သင်​တို့​ရှိ​ရာ​သို့​သား​ရဲ​များ​ကို​စေ လွှတ်​၍ သင်​တို့​၏​သား​သ​မီး​များ၊ သိုး​နွား များ​ကို​ကိုက်​သတ်​စေ​မည်။ လူ​ဦး​ရေ​လျော့ နည်း​လာ​သော​ကြောင့် လမ်း​များ​ပေါ်​တွင် သွား​လာ​သူ​ကင်း​မဲ့​လျက်​ရှိ​လိမ့်​မည်။


အ​ဖိုး​အို​သည်​မြို့​တံ​ခါး​အ​နီး​ကွက်​လပ် ရှိ​ခ​ရီး​သည်​ကို​မြင်​သော​အ​ခါ``သင်​အ​ဘယ် မှ​လာ​သ​နည်း။ အ​ဘယ်​အ​ရပ်​သို့​သွား​မည် နည်း'' ဟု​မေး​၏။


အာ​နတ်​၏​သား​ရှံ​ဂါ​လက်​ထက်​၌​လည်း​ကောင်း၊ ယေ​လ​လက်​ထက်​၌​လည်း​ကောင်း၊ ခ​ရီး​သွား​ကုန်​သည်​တို့​သည်​တိုင်း​ပြည်​ကို ဖြတ်​၍​မ​သွား​ကြ​တော့​ချေ။ ခ​ရီး​သည်​တို့​သည်​လမ်း​ကြို​လမ်း​ကြား​များ တို့​ကို​သာ အ​သုံး​ပြု​ကြ​၏။


ယ​ခု​ငါ​သည်​ဣ​သ​ရေ​လ​တပ်​မ​တော်​အား​ငါ နှင့်​တစ်​ဦး​ချင်း​စစ်​ထိုး​ရန်​စိန်​ခေါ်​ပါ​၏။ ငါ​နှင့် တိုက်​ခိုက်​ရန်​လူ​တစ်​ဦး​ကို​ရွေး​ချယ်​ကြ​လော့'' ဟု​ဆို​၏။-


ဒါ​ဝိဒ်​သည်​အ​နီး​၌​ရှိ​သော​လူ​တို့​အား``ဤ ဖိလိတ္တိ​အ​မျိုး​သား​ကို​သတ်​၍​ဣသ​ရေ​လ အ​မျိုး​သား​တို့​၏​အ​သ​ရေ​ကို​ဆယ်​နိုင်​သူ သည် အ​ဘယ်​အ​ကျိုး​ကို​ခံ​စား​ရ​ပါ​မည် နည်း။ အ​ကယ်​စင်​စစ်​ဤ​ဘုရား​မဲ့​ဖိ​လိတ္တိ အ​မျိုး​သား​သည်​အ​ဘယ်​သို့​သော​သူ​ဖြစ်​၍ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင် ၏​တပ်​မ​တော်​ကို​အံ​တု​၍​နေ​ပါ​သ​နည်း'' ဟု​ဆို​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ