ဟေရှာယ 22:24 - Common Language Bible24 ``သို့ရာတွင်ဆွေမျိုးညာတိများနှင့်မှီခို သူတို့သည် သူ၏အတွက်ဝန်ထုပ်ဝန်ပိုးဖြစ် ၍နေလိမ့်မည်။ ငုတ်တွင်ဆွဲချိပ်ထားသည့်အိုး ခွက်များကဲ့သို့ သူတို့သည်သူ့ကိုတွယ်ကပ် နေကြလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible24 အင် တုံ မှ စ၍ အိုး၊ အ သေး အ ဖွဲ၊ အ သုံး အ ဆောင် တည်း ဟူ သော၊ အ မျိုး အ နွယ်၊ ဆွေ မျိုး သား ချင်း အ ပေါင်း တို့ ကို၊ သူ့ အ ပေါ် တွင် ဆွဲ တင် ကြ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible24 သူ၏အဘအိမ်၌ ရှိသမျှသောဘုန်းအသရေ၊ အမျိုးအနွယ်၊ အမြတ်အယုတ်၊ ခွက်ဖလားရှိသမျှ၊ အင်တုံ၊ အိုးအမျိုးမျိုးတို့ကို သူ၌ ဆွဲထားကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း24 သူ့ဖခင်အမျိုးအနွယ်၏ဘုန်းအသရေဖြစ်သည့် သားမြေးများ၊ အဆွယ်အပွားများ၊ သေးငယ်သောတန်ဆာပလာများဖြစ်သည့် အင်တုံတန်ဆာပလာများမှစ၍ အိုးခွက်တန်ဆာပလာအားလုံးကို သူ၌ချိတ်ထားကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ထိုသူသည်ဗိမာန်တော်ကိုတည်ဆောက်ရမည့် သူ၊ ဘုရင်တို့နှင့်ထိုက်တန်သည့်ဘုန်းအသရေ ကိုခံယူရရှိမည့်သူဖြစ်သဖြင့် မိမိ၏အမျိုး သားတို့ကိုအုပ်စိုးရလိမ့်မည်။ သူ၏ရာဇပလ္လင် အနီးတွင်ယဇ်ပုရောဟိတ်တစ်ပါးသည်ရပ် လျက်သူနှင့်အတူငြိမ်းချမ်းသင့်မြတ်စွာ ပူးပေါင်းဆောင်ရွက်ပေးလိမ့်မည်။-