ဟေရှာယ 14:28 - Common Language Bible28 ဤဗျာဒိတ်တော်သည်အာခတ်မင်းနတ်ရွာ စံသည့်နှစ်၌ပြန်ကြားသောဗျာဒိတ်တော် ဖြစ်၏။ အခန်းကိုကြည့်ပါ။Garrad Bible28 အာ ခတ် မင်း ကွယ် လွန် သော နှစ် တွင်၊ ခံ ရ သော ဗျာ ဒိတ် ချက် ဟူ မူ ကား။ အခန်းကိုကြည့်ပါ။Judson Bible28 အာခတ်မင်းကြီး အနိစ္စရောက်သောနှစ်တွင် ခံရသောဗျာဒိတ်တော်ဟူမူကား၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း28 အာခတ်မင်းကြီး အနိစ္စရောက်သောနှစ်တွင် ဤဗျာဒိတ်တော် ရောက်လာ၏။ အခန်းကိုကြည့်ပါ။ |
သူသည်ယုဒပြည်မြို့ကြီးမြို့ငယ်ဟူသမျှ တွင် လူမျိုးခြားသားများ၏ဘုရားများအား နံ့သာပေါင်းကိုမီးရှို့ပူဇော်ရန် ရုပ်တုကိုးကွယ် ရာဌာနများကိုလည်းတည်ဆောက်၏။ ဤနည်း အားဖြင့်မိမိအပေါ်သို့ ဘိုးဘေးများ၏ ဘုရားသခင်ထာဝရဘုရား၏အမျက်တော် ကိုသက်ရောက်စေလေသည်။
ဤအမှုကိုအာရှကေလုန်မြို့သည်မြင်၍ ကြောက်လန့်သွားလိမ့်မည်။ ဂါဇမြို့သည် လည်းမြင်သဖြင့်စိတ်နှလုံးတုန်လှုပ်ခြောက် ချား၍သွားလိမ့်မည်။ ဧကြုန်မြို့သည်လည်း ထိုနည်းလည်းကောင်းဖြစ်၍သူ၏မျှော်လင့် ချက်များပျက်ပြား၍သွားလိမ့်မည်။ ဂါဇ မြို့သည်မင်းဆက်ပြတ်လျက်၊ အာရှကေလုန် မြို့သည်လူသူဆိတ်ငြိမ်ရာဖြစ်၍ကျန်ရစ် လိမ့်မည်။-