Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟော​ရှေ 10:11 - Common Language Bible

11 ``ယ​ခင်​က​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကျင့်​သား​ရ​ပြီး​၍ စ​ပါး​နယ်​ရန်​အ​သင့်​ရှိ​နေ သော​နွား​မ​တမ်း​နှင့်​တူ​၏။ သို့​ရာ​တွင်​ငါ​သည် သူ​၏​လှ​ပ​သော​လည်​ကုပ်​တွင် ထမ်း​ပိုး​တင်​၍ အ​လုပ်​ကြမ်း​ကို​လုပ်​စေ​မည်။ ငါ​သည်​ယု​ဒ အ​မျိုး​သား​တို့​ကို​ထွန်​ယက်​စေ​၍​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ကို​ထယ်​ထိုး​စေ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 ဧ ဖ ရိမ် သည် စ ပါး နင်း နယ် လို သည့် တိုင် အောင်၊ သွန် သင် ခံ ရာ နွား မ တန်း ဖြစ် သော် လည်း၊ လှ ပ သော ကုပ်၌ ထမ်း ပိုး ကို တင် ၍ ငါ ရုန်း စေ မည်။ ယု ဒ သည် ထယ် ထိုး ခြင်း၊ ယာ ကုပ် လည်း ထွန် ယက် ခြင်း ကို ပြု ရ ကြ လ တ္တံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 ဧ​ဖ​ရိမ်​သည် ယဉ်၍ စ​ပါး​ကို နင်း​ချင်​သော နွား​မ​ပျို​ဖြစ်​သော်​လည်း၊ ငါ​သည် ထမ်း​ပိုး​ကို ထမ်း​စေ​သ​ဖြင့်၊ ဧ​ဖ​ရိမ်​သည် က​ခြင်း​ကို​ခံ၍၊ ယု​ဒ​သည် ထွန်​လျက်၊ ယာ​ကုပ်​သည်​လည်း မြေ​စိုင်​ကို​ခွဲ​လျက် ရှိ​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ဧဖရိမ်​အမျိုး​သည် တလင်းနယ်​ရာ​တွင် ကျင့်သား​ရ​သော​နွားမတမ်း​ဖြစ်​၏​။ တလင်းနယ်​ရ​သည်​ကို​လည်း​နှစ်သက်​သဖြင့် ငါ​သည် ချောမွတ်​သော​သူ့​လည်ပင်း​ပေါ်တွင် ထမ်းပိုးတင်​မည်​။ ငါ​သည် ဧဖရိမ်​အမျိုး​ကို ထမ်းပိုးထမ်း​စေ​မည်​။ ယုဒ​အမျိုး​ကို လယ်ထွန်​စေ​မည်​။ ယာကုပ်​အမျိုး​ကို ထယ်ထိုး​စေ​မည်​။”

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟော​ရှေ 10:11
13 ပူးပေါင်းရင်းမြစ်များ  

အ​ဘယ်​လယ်​သ​မား​မျှ​စိုက်​ပျိုး​မှု​အ​တွက် မိ​မိ​၏​လယ်​ကို​အ​စဉ်​အ​မြဲ​ထွန်​ယက်​ပြင် ဆင်​၍​မ​နေ​တတ်။-


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် လူ​မျိုး တ​ကာ​တို့​အ​ပေါ်​သို့​သံ​ထမ်း​ပိုး​ကို​တင် တော်​မူ​မည်​ဖြစ်​၍ ထို​သူ​တို့​သည်​ဗာ​ဗု​လုန် ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​၏​အ​စေ​ကို​ခံ​ရ​ကြ လိမ့်​မည်​ဟု​မိန့်​တော်​မူ​လေ​ပြီ။ ထာ​ဝ​ရ​ဘု​ရား က​တော​တိ​ရစ္ဆာန်​များ​အား​ပင်​လျှင်​နေ​ဗု​ခဒ် နေ​ဇာ​၏​အ​စေ​ကို​ခံ​စေ​မည်​ဟု​မိန့်​တော်​မူ လေ​ပြီ'' ဟု​ပြော​ကြား​ရန်​စေ​ခိုင်း​တော်​မူ​၏။-


အီ​ဂျစ်​ပြည်​သည်​မြောက်​အ​ရပ်​မှ မှက်​ကိုက်​ခံ​ရ​သည့် လှ​ပ​ဆူ​ဖြိုး​သည်​နွား​မ​နှင့်​တူ​၏။


ဗာ​ဗု​လုန်​မြို့​သား​တို့၊ သင်​တို့​သည်​ငါ​၏ နိုင်​ငံ​တော်​ကို​လု​ယက်​ခဲ့​ကြ​၏။ သင်​တို့​သည် ကောက်​နယ်​သည့်​နွား​မ​ကဲ့​သို့​သော်​လည်း ကောင်း၊ ဟီ​လျက်​နေ​သော​မြင်း​ကဲ့​သို့​သော် လည်း​ကောင်း ဝမ်း​မြောက်​ရွှင်​လန်း​စွာ​သွား လာ​နေ​ကြ​သော်​လည်း၊-


ငါ​သည်​သူ​တို့​ကို​မေတ္တာ​ဖြင့်​ဆွဲ​ဆောင်​ခဲ့​၏။ သူ​တို့​ကို​ပါး​ချင်း​ကပ်​သည်​တိုင်​အောင်​ပွေ့​ချီ​၏။ ငါ​သည်​ကိုယ်​ကို​ညွတ်​၍​သူ​တို့​ကို​ကျွေး​မွေး ပြု​စု​ခဲ့​၏။


သူ​တို့​မိ​ခင်​သည်​သစ္စာ​မဲ့​လျက်​သူ​တို့​အား အ​ရှက်​မဲ့​စွာ​မွေး​ဖွား​ခဲ့​၏။ သူ​ကိုယ်​တိုင် က``ငါ့​အား​စား​စ​ရာ​အ​စာ​ရေ​စာ၊ သိုး မွေး၊ ချည်​နှင့်​သံ​လွင်​ဆီ၊ စ​ပျစ်​ရည်​ကို ပေး​သော​ချစ်​သူ​တို့​နောက်​သို့​ငါ​လိုက် မည်'' ဟု​ဆို​၏။


တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``သင်​သွား ၍​လင်​ငယ်​နှင့်​ဖောက်​ပြန်​နေ​သော​မိန်း​မ​ကို​ချစ် လော့၊ ဣ​သ​ရေ​လ​ပြည်​သား​တို့​သည်​အ​ခြား ဘု​ရား​များ​ကို​ကိုး​ကွယ်​၍ ရုပ်​ပွား​ဆင်း​တု​တို့ အား​စ​ပျစ်​သီး​ခြောက်​များ​ကို​ပူ​ဇော်​ဆက်​သ ကြ​သော်​လည်း၊ ငါ​သည်​သူ​တို့​ကို​ချစ်​တော်​မူ သည်​နည်း​တူ​သင်​သည်​ထို​မိန်း​မ​ကို​ချစ်​ရ မည်'' ဟု​မိန့်​တော်​မူ​၏။


ဣ​သ​ရေ​လ​ပြည်​သား​တို့​သည်​ထိန်း ကျောင်း​ရ​ခက်​သော​နွား​မ​တမ်း​ကဲ့​သို့​ပေ ကပ်​ကပ်​နိုင်​လှ​၏။ ငါ​သည်​သူ​တို့​အား သိုး​က​လေး​များ​သ​ဖွယ်​စား​ကျက်​တွင် မည်​ကဲ့​သို့​ထိန်း​ကျောင်း​နိုင်​ပါ​အံ့​နည်း။-


ဣ​သ​ရေ​လ​ပြည်​သား​တို့၊ အ​ခြား​သော​လူ မျိုး​များ​ကဲ့​သို့​ပျော်​ပွဲ​ရွှင်​ပွဲ​များ​ကို​မ ကျင်း​ပ​ကြ​နှင့်။ သင်​တို့​သည်​သင်​တို့​၏ ဘု​ရား​သ​ခင်​ကို​သစ္စာ​ဖောက်​ကြ​ပြီ။ သင် တို့​သည်​တိုင်း​ပြည်​တစ်​ဝှမ်း​လုံး​တွင် မိ​မိ ကိုယ်​ကို​ပြည့်​တန်​ဆာ​အ​ဖြစ်​ဗာ​လ​ဘု​ရား ထံ​ရောင်း​စား​ကြ​ပြီ။ သီး​ထွက်​ကောင်း​မှု များ​သည်​ဗာ​လ​ဘု​ရား​ကြောင့်​ရ​သည်​ဟု သင်​တို့​ထင်​မှတ်​ကြ​သည်။-


ထာ​ဝ​ရ​ဘု​ရား​က``ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ ရန်​သူ​များ​ကို​ချေ​မှုန်း​ရန်​ချီ​တက်​ကြ​လော့၊ ငါ​သည်​သင်​တို့​အား​သံ​ဦး​ချို​နှင့်​ကြေး​ဝါ ခွာ​များ​ရှိ​သော နွား​သိုး​ကဲ့​သို့​ခွန်​အား​ပြည့် စေ​မည်။ သင်​တို့​သည်​နိုင်​ငံ​များ​စွာ​ကို​ချေ​မှုန်း နိုင်​သ​ဖြင့်​အ​ဋ္ဌမ္မ​နည်း​ဖြင့် သူ​တို့​ရ​ရှိ​ထား သော​ဥစ္စာ​ဘဏ္ဍာ​များ​ကို​သိမ်း​ယူ​၍ ကမ္ဘာ​ကို အ​စိုး​ရ​သော​ငါ​ထာ​ဝ​ရ​ဘု​ရား​အား ဆက်​သ​လော့'' ဟု​မိန့်​တော်​မူ​၏။


သူ​တို့​သည်​ငါ​တို့​၏​အ​ရှင်​ခ​ရစ်​တော်​၏​အ​မှု​တော် ကို​ထမ်း​ဆောင်​သူ​များ​မ​ဟုတ်။ မိ​မိ​တို့​၏​အ​မှု​ကို သာ​စိတ်​ဝင်​စား​သူ​များ​ဖြစ်​ကြ​၏။ သူ​တို့​သည်​နူး​ညံ့ ချို​သာ​သော​စ​ကား​များ၊ မြှောက်​ပင့်​သော​စ​ကား​များ ဖြင့်​ရိုး​သား​သူ​တို့​၏​စိတ်​ကို​လှည့်​စား​တတ်​ကြ​၏။-


``စ​ပါး​နယ်​နေ​သော​နွား​ကို​ပါး​ချုပ်​တပ်​၍ မ​ထား​ရ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ