Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 6:17 - Common Language Bible

17 ဂိ​ဒေါင်​က``အ​ကယ်​၍​ကိုယ်​တော်​၏​သ​ဘော တော်​နှင့်​တွေ့​မည်​ဆို​ပါ​က ကိုယ်​တော်​သည် အ​မှန်​ပင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သက်​သေ​ခံ​အ​ထောက်​အ​ထား​တစ်​ခု​ကို​ပြ တော်​မူ​ပါ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 ဂိ ဒေါင် က မျက် မှောက် တော် တွင် အ ကျွန်ုပ် မျက် နှာ သာ ရ ပါ မူ အ ကျွန်ုပ် အား ဗျာ ဒိတ် ပေး သော အ ရှင် သည် ကိုယ် တော် ပင် ဖြစ် ကြောင်း နိ မိတ် လ က္ခ ဏာ ပြ တော် မူ ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 ဂိ​ဒေါင်​က​လည်း၊ အ​ကျွန်ုပ်​သည် ရှေ့​တော်၌ မျက်​နှာ​ရ​ပါ​လျှင် အ​ကျွန်ုပ်​နှင့် ယ​ခု​နှုတ်​ဆက်​တော်​မူ​ကြောင်း ထင်​ရှား​သော နိ​မိတ်​လ​က္ခ​ဏာ​ကို ပြ​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 သူ​က​လည်း “​အကျွန်ုပ်​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ မျက်နှာရ​မည်​ဆိုလျှင် အကျွန်ုပ်​နှင့်​စကားပြော​တော်မူ​သော​သူ​သည် ကိုယ်တော်​ဖြစ်ကြောင်း အမှတ်လက္ခဏာ​ပြ​တော်မူ​ပါ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 6:17
11 ပူးပေါင်းရင်းမြစ်များ  

ထို့​နောက်​ပ​ရော​ဖက်​က​ဆက်​လက်​၍``ဤ​ယဇ်​ပလ္လင် သည်​ပြို​ကွဲ​၍ ပလ္လင်​ပေါ်​ရှိ​ပြာ​တို့​သည်​လည်း​ပျံ့ လွင့်​လိမ့်​မည်။ ထို​အ​ခါ​ငါ့​အား​ဖြင့်​ဤ​စ​ကား ကို​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ကြောင်း​သင် သိ​လိမ့်​မည်'' ဟု​ဟော​လေ​၏။


အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ကျေး​ဇူး​ပြု​တော်​မူ​ကြောင်း​ကို​သက်​သေ​ပြ တော်​မူ​ပါ။ ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​နှစ်​သိမ့် မှု​နှင့် ကူ​ညီ​မ​စ​မှု​ပေး​တော်​မူ​သည်​ကို ကျွန်​တော်​မျိုး​ကို​မုန်း​သော​သူ​တို့​သည် မြင်​ကြ​သော​အ​ခါ​အ​ရှက်​ရ​ကြ​ပါ လိမ့်​မည်။


ကိုယ်​တော်​သည်​အ​ကျွန်ုပ်​အား​နှစ်​သက်​တော် မူ​ပါ​လျှင်၊ အ​ကျွန်ုပ်​သည်​ကိုယ်​တော်​၏​အ​မှု တော်​ကို​ထမ်း​ဆောင်​၍၊ စိတ်​တော်​နှင့်​တွေ့​နိုင်​စေ ရန်၊ ကိုယ်​တော်​၏​အ​ကြံ​အ​စည်​တော်​များ​ကို ဖော်​ပြ​တော်​မူ​ပါ။ ဤ​လူ​မျိုး​သည်​ကိုယ်​တော် ရွေး​ချယ်​ထား​သော​လူ​မျိုး​တော်​ဖြစ်​ကြောင်း ကို​လည်း​သ​တိ​ရ​တော်​မူ​ပါ။''


ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​ကြွ သွား​တော်​မ​မူ​ပါ​လျှင်၊ ကိုယ်​တော်​သည်​ကိုယ် တော်​၏​လူ​မျိုး​တော်​နှင့်​အ​ကျွန်ုပ်​အား​နှစ် သက်​ကြောင်း​မည်​သို့​သိ​နိုင်​ပါ​မည်​နည်း။ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​နှင့်​အ​တူ​ရှိ​ခြင်း ဖြင့်၊ အ​ကျွန်ုပ်​တို့​သည်​ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး တ​ကာ​တို့​နှင့်​ခြား​နား​ကြောင်း​ကို​သိ​ရ ပါ​မည်'' ဟု​လျှောက်​လေ​၏။


``နိ​မိတ်​လက္ခ​ဏာ​တစ်​ခု​ကို​ပြ​တော်​မူ​ရန် သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား တောင်း​လျှောက်​လော့။ ထို​နိ​မိတ်​လက္ခ​ဏာ​သည် မ​ရ​ဏာ​နိုင်​ငံ​မှ​လည်း​ကောင်း၊ အ​ထက်​ကောင်း ကင်​ဘုံ​မှ​လည်း​ကောင်း​ဖြစ်​နိုင်​ပါ​သည်'' ဟု ပြော​ကြား​စေ​တော်​မူ​၏။


ကိုယ်​တော်​အား​ဆက်​သ​ရန်​ပူ​ဇော်​သကာ​ကို​ယူ ဆောင်​လာ​ချိန်​တိုင်​အောင် ဤ​အ​ရပ်​မှ​ကြွ​သွား တော်​မ​မူ​ပါ​နှင့်'' ဟု​လျှောက်​လေ​၏။ ကိုယ်​တော်​က​လည်း``သင်​ပြန်​လာ​ချိန်​တိုင် အောင်​ငါ​ရှိ​နေ​မည်'' ဟု​မိန့်​တော်​မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ