သူကြီး 4:21 - Common Language Bible21 သိသရသည်အလွန်မောပန်းသဖြင့်အိပ် ပျော်သွားလေသည်။ ထိုအခါယေလသည်တူ တစ်လက်နှင့်တဲရှင်ငုတ်ချွန်တစ်ချောင်းကိုယူ၍ သူ့ထံသို့တိတ်ဆိတ်စွာသွားပြီးလျှင်ငုတ် ချွန်ကိုမြေ၌စွဲသည်တိုင်အောင်သူ၏နား ထင်သို့ရိုက်သွင်းလိုက်လေသည်။- အခန်းကိုကြည့်ပါ။Garrad Bible21 ထို အ ခါ ဟေ ဗာ့ မ ယား ယေ လ သည် သိ သ ရ အိပ် မော ကျ သည့် အ ခိုက် တဲ ကြက် ဆူး တစ် ချောင်း နှင့် လက် ရိုက် ကို ကိုင် ယူ၍၊ တိတ် တ ဆိတ် ချဉ်း သွား ပြီး မှ နား ထင် ကို ကြက် ဆူး နှင့် မြေ အ ထိ ထုတ် ချင်း ပေါက် ရိုက် သွင်း သ ဖြင့် သေ လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible21 ထိုအခါ ဟေဗာမယားယေလသည် သိသရမောလျက် အိပ်ပျော်စဉ်တွင်၊ တဲတံသင်တစ်ချောင်းနှင့် လက်ရိုက်ကိုကိုင်လျက် သူ့ထံသို့ တိတ်ဆိတ်စွာသွား၍ တံသင်ကို မြေ၌စွဲစေသည်တိုင်အောင် သူ၏နားပန်းထဲသို့ ရိုက်သွင်းသဖြင့် သိသရသည် သေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း21 ထို့နောက် သိသရသည် မောပန်းလွန်းသဖြင့် အိပ်ပျော်နေစဉ် ဟေဗာ၏မယားယေလသည် တဲငုတ်တိုင်နှင့် တူကိုယူပြီး သိသရရှိရာသို့ တိတ်တဆိတ်လာကာ ငုတ်တိုင်ကို သူ့နားထင်တွင်ရိုက်သွင်းရာ မြေကြီးတိုင်ထုတ်ချင်းပေါက်၍ သိသရသေလေ၏။ အခန်းကိုကြည့်ပါ။ |
သိသရအားရှာဖွေရန်ဗာရက်ရောက်ရှိလာ သောအခါ ယေလသည်ထွက်၍ခရီးဦးကြို ပြုလျက်``တဲထဲသို့ဝင်ပါ။ သင်ရှာဖွေနေသူ အားကျွန်မပြပါမည်'' ဟုပြော၏။ ဗာရက် သည်ယေလနှင့်အတူတဲထဲသို့ဝင်လိုက် သောအခါနားထင်တွင်တဲရှင်ငုတ်ချွန်စိုက် ၍သေနေသူသိသရကိုတွေ့မြင်ရတော့၏။
ဒေဗောရကလည်း``ကောင်းပြီ၊ သင်နှင့်အတူ ငါလိုက်ပါအံ့။ သို့ရာတွင်သင်သည်ထိုအောင် ပွဲနှင့်ဆိုင်သောဂုဏ်အသရေကိုရရှိလိမ့် မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်ထာဝရ ဘုရားသည်သိသရကိုအမျိုးသမီးလက် သို့ပေးအပ်တော်မူလိမ့်မည်ဖြစ်သောကြောင့် တည်း'' ဟုဆို၏။ သို့ဖြစ်၍ဒေဗောရသည် ဗာရက်နှင့်အတူကိရှန်မြစ်သို့ထွက်ခွာ သွား၏။-