သူကြီး 19:23 - Common Language Bible23 သို့ရာတွင်အဖိုးအိုသည်အိမ်ပြင်သို့ထွက် ၍``မိတ်ဆွေတို့၊ ကျေးဇူးပြု၍ဤသို့ဆိုးညစ် ဟော့ရမ်းသည့်အမှုကိုမပြုကြပါနှင့်။ ဤ သူသည်ငါ၏ဧည့်သည်ဖြစ်ပါသည်။- အခန်းကိုကြည့်ပါ။Garrad Bible23 သူ တို့ ရှိ ရာ သို့ အိမ် ရှင် ထွက်၍ အ မောင် တို့ ထို သို့ မ ပြစ် မှား ကြ နှင့်။ ထို သူ သည် ငါ့ အိမ်၌ ဧည့် သည် ဖြစ် ပါ၍ ယုတ် မာ စွာ မ ပြု ကြ ပါ နှင့်။ အခန်းကိုကြည့်ပါ။Judson Bible23 အိမ်ရှင်သည်လည်း ထွက်၍၊ ညီအစ်ကိုတို့၊ ဆိုးသောအမှုကို မပြုပါနှင့်။ ဤသူသည် အကျွန်ုပ်အိမ်၌ တည်းခိုသောသူဖြစ်၍ အဓမ္မမပြုကြပါနှင့်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း23 အိမ်ရှင်အဖိုးအိုကလည်း သူတို့ရှိရာအိမ်ပြင်သို့ ထွက်လာ၍ “ညီအစ်ကိုတို့၊ ဆိုးညစ်သောအမှုကို မပြုကြပါနှင့်။ သူသည် အကျွန်ုပ်အိမ်သို့ ရောက်လာသောဧည့်သည် ဖြစ်ပါ၏။ ဤယုတ်ညံ့သောအမှုကို မပြုကြပါနှင့်။ အခန်းကိုကြည့်ပါ။ |
ရှေခင်၏ဖခင်ဟာမော်သည်ကြောင်းလမ်းရန် ကိစ္စနှင့်ယာကုပ်ထံသို့ရောက်ရှိလာ၏။ ယာကုပ် ၏သားတို့သည်မိမိတို့၏နှမအားရှေခင် ကမတရားပြုကျင့်ခြင်းဖြင့် ဣသရေလ တစ်မျိုးလုံးကိုစော်ကားကြောင်းကြားရသော အခါ မပြုအပ်သောယုတ်မာမှုကိုပြုသော ကြောင့်စိတ်နာ၍အလွန်ဒေါသအမျက်ထွက် ကြလေသည်။-
မြို့အကြီးအကဲတို့ကဖခင်၏အိမ်ရှေ့ သို့ခေါ်ဆောင်သွားပြီးနောက် မြို့သားတို့က သူ့ကိုကျောက်ခဲနှင့်ပစ်သတ်ရမည်။ ထိုမိန်းမ သည်လက်မထပ်မီဖခင်၏အိမ်၌ရှိနေစဉ် ကပင် ကာမစပ်ယှက်မှုကိုပြုခဲ့သဖြင့် ဣသရေလလူမျိုးတွင်ရှက်ဖွယ်သောအမှု ကိုကူးလွန်ခဲ့လေပြီ။ ဤနည်းအားဖြင့် သင်တို့သည်ဤဒုစရိုက်ကိုဖယ်ရှားနိုင် ကြမည်။
ထိုနောက်ဖျက်ဆီးရမည့်ပစ္စည်းခိုးသူဟု မဲကျသူသည် ငါ၏ပဋိညာဉ်ကိုချိုးဖျက် ၍ဣသရေလအမျိုးသားတို့အား အရှက် တကွဲအကျိုးနည်းဖြစ်စေသောကြောင့်သူ နှင့်တကွသူ၏မိသားစုကိုလည်းကောင်း၊ သူပိုင်သမျှသောပစ္စည်းများကိုလည်းကောင်း မီးရှို့ဖျက်ဆီးပစ်ရမည်' '' ဟုမိန့်ကြား တော်မူ၏။