သူကြီး 14:14 - Common Language Bible14 ရှံဆုန်က၊ ``စားသူ့အထဲမှစားစရာ၊သန်သူ့အထဲမှချို မြိန်ရာ၊ ထွက်ပေါ်လာခဲ့တာ'' ဟုဆိုလေသည်။ သုံးရက်ကြာသော်လည်းထို သူတို့သည်စကားထာကိုမဖော်နိုင်ကြ သေးပေ။ အခန်းကိုကြည့်ပါ။Garrad Bible14 ထို အ ခါ ရှံ ဆုန် က၊ စား ဝါး သူ့ အ တွင်း မှ အ စာ၊ သန် စွမ်း သူ့ အ တွင်း မှ အ ချို၊ ထွက် စ တ ကား ဟူ၍ ဝှက် လေ ရာ သုံး ရက် မြောက် သော် လည်း မ ဖော် မ ဆို နိုင် ကြ။ အခန်းကိုကြည့်ပါ။Judson Bible14 ရှံဆုန်ကလည်း၊ စားတတ်သောသူ၏အထဲက အစာ၊ သန်စွမ်းသော သူ၏အထဲက အချိုထွက်လေစွဟု ဆို၏။ ထိုစကားဝှက်အနက်ကို သူတို့သည် သုံးရက်ပတ်လုံးရှာ၍ မတွေ့နိုင်ကြ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 ထိုအခါ ရှံဆုန်က “စားတတ်သူထဲက စားစရာ၊ အားကြီးသူထဲက ချိုမြိန်ခြင်း ထွက်၏”ဟု စကားထာဝှက်လေ၏။ သူတို့သည် သုံးရက်ကြာသည်အထိ စကားထာ၏အဖြေကို မပြောပြနိုင်ကြ။ အခန်းကိုကြည့်ပါ။ |
ယောရှဖတ်နှင့်သူ၏စစ်သည်တော်တို့သည် ရန်သူ တို့၏ဥစ္စာပစ္စည်းများကိုသိမ်းယူရန်လာရောက် ကြသောအခါသိုးနွားအမြောက်အမြား၊ ရိက္ခာ၊ အဝတ်အစားနှင့်အခြားအဖိုးတန်ပစ္စည်းများ ကိုတွေ့ရှိကြလေသည်။ သူတို့သိမ်းယူသည့်ဥစ္စာ ပစ္စည်းမှာအလွန်ပင်များသဖြင့် သုံးရက်တိုင်တိုင် သိမ်းယူသော်လည်းမကုန်ချေ။-
ငါတို့သည်အပြစ်ဒုစရိုက်ကိုအမြစ်ဖြတ် ၍ဖြောင့်မတ်ခြင်းအတွက်အသက်ရှင်နိုင် ကြစေရန် ကိုယ်တော်တိုင်ပင်လျှင်ငါတို့၏ အပြစ်များကိုကိုယ်ခန္ဓာတော်ပေါ်တွင်ယူ ဆောင်ကာလက်ဝါးကပ်တိုင်၌ဒုက္ခဝေဒနာ ခံတော်မူ၏။ ငါတို့သည်ကိုယ်တော်၏ဒဏ်ရာ ဒဏ်ချက်များအားဖြင့်အနာပျောက်လျက် ရှိကြ၏။-
လေးရက်မြောက်သောနေ့၌သူတို့က ရှံဆုန်၏ ဇနီးအား``သင်၏ခင်ပွန်းကိုလှည့်ဖြား၍ထို စကားထာကိုငါတို့သိရှိရအောင်ဖော်ပြ ခိုင်းပါလော့။ အကယ်၍ဤသို့သင်မပြုပါ မူသင်နှင့်တကွသင့်ဖခင်၏နေအိမ်ကိုပါ ငါတို့မီးရှို့ဖျက်ဆီးပစ်မည်။ သင်တို့ဇနီး မောင်နှံနှစ်ယောက်သည် ငါတို့၏ပစ္စည်းဥစ္စာ ကိုလုယူလို၍ငါတို့အားဖိတ်ခေါ်ခဲ့ သည်မဟုတ်လော'' ဟုကြိမ်းမောင်းကြ၏။