ဝတ်ပြု 25:41 - Common Language Bible41 ထိုအချိန်ရောက်သည့်အခါသူနှင့်သူ၏သား သမီးတို့သည် မိမိ၏ဆွေမျိုးသားချင်းများ ရှိရာဇာတိရပ်ရွာသို့ပြန်စေရမည်။- အခန်းကိုကြည့်ပါ။Garrad Bible41 သား သ မီး တို့ နှင့် တ ကွ လက် လွတ် ခွင့် ရ၍ ကိုယ် အ မျိုး သား ချင်း ရှိ ရာ သို့ လည်း ကောင်း၊ ဘိုး ဘ ပိုင် မြေ သို့ လည်း ကောင်း ပြန် နေ ရ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible41 ထိုအခါ သူသည် သားသမီးနှင့်တကွထွက်၍၊ မိမိအဆွေအမျိုး၊ မိမိ ဘိုးဘပိုင်သောမြေသို့ ပြန်ရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း41 ထို့နောက်တွင် သူသည် မိမိသားသမီးများနှင့်တကွ သင့်ထံမှထွက်သွား၍ မိမိမျိုးနွယ်စုရှိရာသို့ပြန်သွားရမည်။ မိမိဘိုးဘေးတို့ပိုင်ဆိုင်ရာမြေသို့ ပြန်သွားရမည်။ အခန်းကိုကြည့်ပါ။ |
ဤနည်းအားဖြင့်ငါးဆယ်မြောက်နှစ်ကို သီးသန့်သတ်မှတ်လျက် တိုင်းပြည်တွင်နေ ထိုင်သူအပေါင်းတို့အားလွတ်ငြိမ်းချမ်းသာ ခွင့်ကိုကြေညာရမည်။ အရောင်းအဝယ်ပြု လုပ်ခဲ့သောပစ္စည်းရှိသမျှကို ဤနှစ်၌မူလ ပိုင်ရှင်သို့မဟုတ်သူ၏အဆက်အနွယ် များထံပြန်လည်ပေးအပ်ရမည်။ ငွေဝယ် ကျွန်များကိုသူတို့၏မိသားစုများထံ သို့ပြန်စေရမည်။-
ငါတို့အားဆိုးညစ်မိုက်မဲမှုအပေါင်းမှကယ် ဆယ်တော်မူရန်လည်းကောင်း၊ ငါတို့သည်စိတ် နှလုံးဖြူစင်သန့်ရှင်းလျက်ကိုယ်တော်သာ လျှင်ပိုင်တော်မူသောသူများဖြစ်လျက် အကျင့် ကောင်းများ၌စိတ်အားထက်သန်ကြစေရန် လည်းကောင်းခရစ်တော်သည်ငါတို့အတွက် မိမိကိုယ်ကိုစွန့်တော်မူ၏။