Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 20:22 - Common Language Bible

22 တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​ပို့​ဆောင်​၍​သင်​တို့​ရောက်​ရှိ​မည့်​ခါ​နာန်​ပြည်​မှ​သင်​တို့​နှင်​ထုတ်​ခြင်း​မ​ခံ​ရ​စေ​ရန် ငါ​၏​ပ​ညတ်​အား​လုံး​တို့​ကို​စောင့်​ထိန်း​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 ငါ ပို့ ဆောင် မည့် နေ ပြည် သည် သင် တို့ ကို မ အန် ထုတ် စေ ခြင်း ငှါ ငါ ထုံး ဖွဲ့ ချက်၊ ဆုံး ဖြတ် ချက် ရှိ သ မျှ ကို စောင့် ရှောက် ပြု ကျင့် ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 သင်​တို့​ကို​ငါ​ပို့​ဆောင်၍ နေ​ရာ​ချ​သော​ပြည်​သည် မ​အော့​အန်​စေ​ခြင်း​ငှာ၊ သင်​တို့​သည် ငါ​စီ​ရင်​ထုံး​ဖွဲ့​သ​မျှ​တို့​ကို ကျင့်​ဆောင်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 သင်​တို့​ကို ငါ​ပို့ဆောင်​၍ သင်​တို့​နေထိုင်​သည့်​ပြည်​သည် သင်​တို့​ကို မ​အန်ထုတ်​မည့်​အကြောင်း ငါ​၏​ပြဋ္ဌာန်းချက်​၊ ငါ​၏​စီရင်ထုံးဖွဲ့ချက်​ရှိသမျှ​တို့​ကို လိုက်နာ​စောင့်ထိန်း​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 20:22
20 ပူးပေါင်းရင်းမြစ်များ  

ဤ​သို့​ပြု​တော်​မူ​ခြင်း​မှာ​ကိုယ်​တော်​၏​လူ​စု​တော် သည် ကိုယ်​တော်​ပေး​အပ်​ထား​တော်​မူ​သည့် ပ​ညတ်​များ​ကို​စောင့်​ထိန်း​၍​အ​မိန့်​တော်​များ​ကို လိုက်​နာ​ကြ​စေ​ရန်​ဖြစ်​၏။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။


ဖြောင့်​မှန်​စွာ​စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ခက်​တို့​ကို လိုက်​နာ​ပါ​မည်​ဟု​ကွန်​တော်​မျိုး ကိန်​ဆို​ခဲ့​သည့်​အ​တိုင်း​ပြု​ပါ​မည်။


ကွန်​တော်​မျိုး​သည်​စိတ်​ရော​ကိုယ်​ပါ​ပတ္ထ​နာ​ပြု​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​အား​ထူး​တော်​မူ​ပါ။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို လိုက်​နာ​ပါ​မည်။


ကိုယ်​တော်​ရှင့်​တ​ရား​တော်​၏​အ​ခက်​အ​ခာ​မှာ သစ္စာ​တ​ရား​ပင်​ဖြစ်​ပါ​၏။ ဖြောင့်​မှန်​သော​စီ​ရင်​တော်​မူ​ခက်​အ​ပေါင်း​တို့​သည် ထာ​ဝ​စဉ်​တည်​ပါ​၏။


ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ဖြောင့်​မှန်​သော တ​ရား​စီ​ရင်​တော်​မူ​ခက်​မား​အ​တွက်​နေ့​စဉ် ခု​နစ်​ကြိမ်​ကေး​ဇူး​တော်​ကို​ခီး​မွမ်း​ပါ​၏။


ကိုယ်​တော်​ရှင်​သည်​ကွန်​တော်​မျိုး​အား​ပညတ်​တော်​ကို သွန်​သင်​တော်​မူ​သ​ဖြင့် ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား​အ​စဉ်​အ​မြဲ ထော​မ​နာ​ပြု​ပါ​မည်။


ကိုယ်​တော်​ရှင်​ကို​ထော​မ​နာ​ပြု​နိုင်​ရန် ကွန်တော်​မျိုး​အား အ​သက်​ရှင်​စေ​တော်​မူ​ပါ။ စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ခက်​မား​သည် ကွန်တော်​မျိုး​အား ကူ​မ​တော်​မူ​ပါ​စေ​သော။


ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ စီ​ရင်​ဆုံးဖြတ်​ခက်​တို့​ကို​အ​ခါ​ခပ်​သိမ်း စိတ်​စွဲ​လမ်း​တောင့်​တ​လက်​ရှိ​ပါ​၏။


ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော် တို့​ကို တစ်​သ​ဝေ​မ​တိမ်း​လိုက်​လှောက်​သ​ဖြင့် အ​ရေး​ရှုံး​နိမ့်​၍​အ​ရှက်​ကွဲ​မှု​နှင့် ကင်း​လွတ်​ပါ​စေ​သော။


``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အောက်​ဖော် ပြ​ပါ​ပ​ညတ်​ချက်​တို့​ကို​သတ်​မှတ်​ပေး​လော့။-


ငါ​၏​ဝိ​ညာဉ်​တော်​ကို​လည်း​သွင်း​ပေး​ပြီး လျှင် သင်​တို့​အား​ငါ​၏​ပ​ညတ်​တော်​များ ကို​စောင့်​ထိန်း​စေ​မည်။ ငါ​၏​အ​မိန့်​တော် တို့​ကို​လည်း​လိုက်​နာ​စေ​မည်။-


ငါ​၏​ပ​ညတ်​များ​နှင့်​ပြ​ဋ္ဌာန်း​ချက်​ရှိ​သ​မျှ ကို​စောင့်​ထိန်း​ကြ​လော့။ ငါ​သည်​ထာ​ဝ​ရ​ဘုရား ဖြစ်​တော်​မူ​၏။''


ငါ​သည်​သင်​တို့​ကို​စစ်​ဘေး​စစ်​ဒဏ်​သင့်​စေ​ပြီး လျှင် သင်​တို့​အား​အ​ခြား​နိုင်​ငံ​များ​သို့​ပြန့်​နှံ့ နေ​ထိုင်​စေ​မည်။ သင်​တို့​၏​ပြည်​သည်​လူ​သူ ကင်း​မဲ့​၍ သင်​တို့​၏​မြို့​များ​သည်​လည်း​ပျက်​စီး ယို​ယွင်း​လိမ့်​မည်။-


သူ​တို့​သည်​အီ​ဂျစ်​ပြည်​မှ​ထွက်​လာ​ပြီး နောက် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၊ ဗက်​ပေ​ဂု​ရ​မြို့ တစ်​ဘက်​တွင်​ရှိ​သော​ချိုင့်​ဝှမ်း​၌​ရောက်​ရှိ​နေ ကြ​စဉ်​မော​ရှေ​သည် ပညတ်​တော်​များ​ကို​ပြ​ဋ္ဌာန်း ပေး​သည်။ ထို​အ​ရပ်​သည်​ဟေ​ရှ​ဘုန်​မြို့​တွင် စိုး​စံ​သော​အာ​မော​ရိ​ဘု​ရင်​ရှိ​ဟုန်​၏​ပိုင်​နက် ဖြစ်​ခဲ့​သည်။ မော​ရှေ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်​အီ​ဂျစ်​ပြည်​မှ​ထွက်​လာ​ပြီး သည့်​နောက်​ထို​ဘု​ရင်​ကို​နှိမ်​နင်း​၍၊-


မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​ကို​ဆင့်​ခေါ်​၍ သူ​တို့​အား​ဤ​သို့​ပြော​ကြား လေ​သည်။ ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ယ​နေ့ သင်​တို့​အား ငါ​ပြ​ဋ္ဌာန်း​ပေး​မည့်​ပညတ်​တော် အား​လုံး​ကို​နား​ထောင်​ကြ​လော့။ ထို​ပညတ် တော်​များ​ကို​နာ​ယူ​လိုက်​နာ​ရန်​သ​တိ​ပြု ကြ​လော့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ