Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 19:14 - Common Language Bible

14 နား​ပင်း​သူ​ကို​မ​ကျိန်​ဆဲ​ရ။ မျက်​မ​မြင်​၏​ရှေ့ တွင်​တိုက်​မိ​၍​လဲ​စ​ရာ​ကို​မ​ချ​ထား​ရ။ ငါ့ ကို​ကြောက်​ရွံ့​ရို​သေ​ရ​မည်။ ငါ​သည်​သင်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော် မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 နား ပင်း သူ့ ကို ဆဲ ဆို ခြင်း၊ မျက် မ မြင် ရှေ့ ခ လုတ် ထား ခြင်း မ ပြု ရ။ သင့် ဘု ရား သ ခင် ကြောင့် ကြောက် ရွံ့ လော့။ ငါ သည် ထာ ဝ ရ ဘု ရား ပေ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 နား​ပင်း​သော​သူ​ကို မ​ကျိန်​ဆဲ​ရ။ မျက်​စိ​မ​မြင်​သော​သူ​ရှေ့​မှာ ထိ​မိ၍​လဲ​စ​ရာ​ကို မ​ထား​ရ။ သင်၏​ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ရ​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 နားမကြား​သော​သူ​ကို မ​ကျိန်ဆဲ​ရ​။ မျက်စိမမြင်​သော​သူ​၏​ရှေ့​၌ ခလုတ်တံသင်း​ကို​မ​ထား​ရ​။ သင်​၏​ဘုရားသခင်​ကို သင်​ကြောက်ရွံ့​ရ​မည်​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 19:14
14 ပူးပေါင်းရင်းမြစ်များ  

တ​တိ​ယ​နေ့​၌ ယော​သပ်​က​သူ​တို့​အား``ငါ ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​သော​သူ​ဖြစ်​၏။ သင် တို့​အ​သက်​ချမ်း​သာ​စေ​ရန် ဤ​သို့​ပြု​လုပ်​လော့။-


ငါ​၏​အ​လျင်​ဘု​ရင်​ခံ​လုပ်​ခဲ့​သူ​တို့​သည် ပြည်​သူ​တို့​အား​ဝန်​လေး​စေ​ခဲ့​ကြ​၏။ သူ တို့​ထံ​မှ​ရိက္ခာ​နှင့်​စ​ပျစ်​ရည်​အ​တွက်​တစ် နေ့​လျှင် ငွေ​ဒင်္ဂါး​လေး​ဆယ်​တောင်း​ယူ​ခဲ့ ကြ​လေ​သည်။ ထို​ဘု​ရင်​ခံ​တို့​၏​အ​စေ အ​ပါး​များ​သည်​ပင်​လျှင်​ပြည်​သူ​တို့​အား ညှဉ်း​ပန်း​နှိပ်​စက်​ခဲ့​ကြ​၏။ ငါ​မူ​ကား ဘု​ရား​သ​ခင်​အား​ကြောက်​ရွံ့​ရို​သေ​သူ ဖြစ်​သ​ဖြင့်​ထို​သို့​မ​ပြု။-


ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​တတ်​သော သ​ဘော​သည်​ပ​ညာ​၏​အ​ချုပ်​အ​ခြာ​ဖြစ်​၏။ ပ​ညတ်​တော်​ကို​စောင့်​ထိန်း​သူ​အ​ပေါင်း​တို့​အား မှန်​ကန်​စွာ​ဆုံး​ဖြတ်​နိုင်​ခွင့်​ကို​ကိုယ်​တော်​ပေး တော်​မူ​၏။ ကိုယ်​တော်​အား​ထာ​ဝ​စဉ်​ထော​မ​နာ​ပြု​ကြ ပါ​စေ​သ​တည်း။


``အ​မှု​အ​ခင်း​များ​ကို​တ​ရား​မျှ​တ​စွာ​စီ​ရင် ရ​မည်။ ဆင်း​ရဲ​သူ​ဘက်​သို့​မျက်​နှာ​သာ​ပေး​ခြင်း၊ ပစ္စည်း​ချမ်း​သာ​သူ​ဘက်​သို့​မျက်​နှာ​လိုက်​ခြင်း မ​ရှိ​စေ​ရ။-


``အ​သက်​ကြီး​သူ​တို့​ကို​ရို​သေ​ကိုင်း​ရှိုင်း​ရ​မည်။ ငါ့​ကို​ကြောက်​ရွံ့​ရို​သေ​ရ​မည်။ ငါ​သည်​ထာ​ဝ​ရ ဘုရား​ဖြစ်​တော်​မူ​၏။


သင်​တို့​သည်​အ​မျိုး​သား​ချင်း​ကို​မ​လှည့်​စား ရ။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကို​ကြောက်​ရွံ့​ရို​သေ​ရ​မည်။


သင်​တို့​အား​နှိပ်​စက်​ညှဉ်း​ဆဲ​သူ​တို့​ကို​ကောင်း ချီး​ပေး​ကြ​လော့။ သူ​တို့​ကို​မ​ကျိန်​မ​ဆဲ ဘဲ​ကောင်း​ချီး​ပေး​ကြ​လော့။-


ထို့​ကြောင့်​ငါ​တို့​သည်​အ​ချင်း​ချင်း​အား စစ်​ကြော​စီ​ရင်​မှု​မ​ပြု​ဘဲ​နေ​ကြ​ကုန်​အံ့။ ညီ​အစ်​ကို​ချင်း​တို့​အား​တိုက်​လဲ​မှောက်​မှား​စေ မည့်​အ​ပြု​အ​မူ​များ​ကို​ရှောင်​ကြဉ်​ကြ​ကုန် အံ့။-


ယု​ဒ​အ​မျိုး​သား​တို့​က​သော်​လည်း​ကောင်း၊ လူ​မျိုး​ခြား​တို့​က​သော်​လည်း​ကောင်း ဘု​ရား သ​ခင်​၏​အ​သင်း​တော်​ဝင်​တို့​က​သော်​လည်း ကောင်း ကဲ့​ရဲ့​စ​ရာ​အ​ကြောင်း​မ​ဖြစ်​စေ​ရန် နေ​ထိုင်​ကြ​လော့။-


`` `မျက်​မ​မြင်​တစ်​ဦး​အား​လမ်း​လွဲ​စေ​သူ သည် ဘု​ရား​သ​ခင်​၏​ကျိန်​ခြင်း​ကို ခံ​စေ သ​တည်း' ဟု​ကျိန်​ဆို​သော​အ​ခါ၊ ``လူ​အ​ပေါင်း​တို့​က`အာမင်' ဟု​ဝန်​ခံ​ရ​ကြ မည်။


ထို့​အ​ပြင်​လူ​ခပ်​သိမ်း​တို့​အား​မျက်​နှာ​ကြီး ငယ်​မ​လိုက်​ဘဲ​သူ​တို့​၏​အ​ကျင့်​အ​လျောက် တ​ရား​စီ​ရင်​တော်​မူ​တတ်​သော​ဘု​ရား​သ​ခင် ထံ​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​အ​ခါ သင် တို့​သည်​ကိုယ်​တော်​အား​အ​ဖ​ဟု​ခေါ်​လျက် ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​၏။ သို့​ဖြစ်​၍​ဤ လော​က​တွင်​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ် လုံး​ထို​အ​ရှင်​အား​ကြောက်​ရွံ့​ရို​သေ​ကြ လော့။-


ခပ်​သိမ်း​သော​သူ​တို့​ကို​လေး​စား​ကြ​လော့။ ယုံ​ကြည် သူ​တို့​ကို​ချစ်​ကြ​လော့။ ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့ ကြ​လော့။ ဘု​ရင်​ဧ​က​ရာဇ်​မင်း​အား​ရို​သေ​ကြ​လော့။


သို့​ရာ​တွင်​သင်​တို့​အ​ထဲ​တွင်​ဗာ​လမ်​၏​အ​ယူ ဝါ​ဒ​ကို​လိုက်​လျှောက်​သူ​များ​ရှိ​နေ​သ​ဖြင့် သင့်​အား​အ​ပြစ်​ဆို​စ​ရာ​အ​နည်း​ငယ်​ရှိ​၏။ ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​ရုပ်​တု​ပူ​ဇော် ရာ​အ​စား​အ​စာ​များ​ကို​စား​ကြ​စေ​ရန်​နှင့် ကာ​မ​ဂုဏ်​ကို​လိုက်​စား​ကြ​စေ​ရန်​ဗာ​လမ်​က ဗာ​လက်​မင်း​အား​သင်​ကြား​ပေး​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ