ဝတ်ပြု 13:28 - Common Language Bible28 သို့သော်အနာကွက်သည်မူလအခြေအနေ၌ ရှိ၍ မပြန့်ပွားကြောင်းကိုလည်းကောင်း၊ အရောင် ဖျော့နေကြောင်းကိုလည်းကောင်းတွေ့ရှိရလျှင် ထိုအနာသည်ဆိုးရွားသောကိုယ်ရေပြားရော ဂါမဟုတ်။ ထိုအနာသည်မီးလောင်သည့်အမာ ရွတ်မျှသာဖြစ်ခြင်းကြောင့် ယဇ်ပုရောဟိတ်သည် ထိုသူအားဘာသာရေးထုံးနည်းအရသန့်ရှင်း သည်ဟုဆုံးဖြတ်ရမည်။ အခန်းကိုကြည့်ပါ။Garrad Bible28 တောက် ထိန် ခြင်း သည် မ တိုး ဘဲ နေ မြဲ နေ လျက် မှေး မှိန် လျှင် မူ ကား မီး လောင် ဖူး ကြောင့် အ မာ ရွတ် သာ ဖြစ် က သန့် သည် ဟု ဖော် ပြ ရ မည်။ အခန်းကိုကြည့်ပါ။Judson Bible28 သို့မဟုတ် နူကွက်မရွေ့၊ အရေ၌မတိုးပွား၊ ခပ်မည်းမည်းဖြစ်လျှင်၊ မီလောင်နာအဖုဖြစ်၏။ ထိုသူသည်စင်ကြယ်၏ဟု ယဇ်ပုရောဟိတ်စီရင်ရမည်။ မီးလောင်သော အနာရွတ်သက်သက်ဖြစ်၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း28 အစက်အပြောက်သည် အရေပြားပေါ်၌ပျံ့သွားခြင်းမရှိဘဲ နဂိုနေရာ၌ရှိ၍ ပါးသွားလျှင် ၎င်းသည် အပူလောင်နာအဖုအပိမ့်ဖြစ်၏။ ယဇ်ပုရောဟိတ်သည် သူ့အား စင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။ ထိုအနာသည် အပူလောင်နာအမာရွတ်ဖြစ်၏။ အခန်းကိုကြည့်ပါ။ |