Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 9:36 - Common Language Bible

36 အ​သံ​တော်​ထွက်​ပေါ်​ပြီး​သည့်​နောက်​သ​ခင်​ယေ​ရှု တစ်​ပါး​တည်း​ကို​သာ​လျှင်​တ​ပည့်​တော်​တို့​မြင် ရ​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​တွေ့​မြင်​ရ​သည့် အ​ကြောင်း​အ​ရာ​ကို​ထို​စဉ်​အ​ခါ​က​မည်​သူ့ ကို​မျှ​မ​ပြော​ဘဲ​ဆိတ်​ဆိတ်​နေ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

36 ယေ ရှု တစ် ပါး တည်း ကို သာ တွေ့ မြင် ကြ၏။ တ ပည့် တော် တို့ လည်း မြင် ရ သော အ ကြောင်း အ ရာ များ ကို ထို နေ့ ရက် ကာ လ တွင် မည် သူ့ အား မျှ မ ကြား မ ပြော ဘဲ ဆိတ် ဆိတ် နေ ကြ သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

36 ထို​အ​သံ​တော်​ဖြစ်​သည် ခ​ဏ​ချင်း​တွင်၊ ယေ​ရှု​သည် တစ်​ယောက်​တည်း​ရှိ​တော်​မူ၏။ တ​ပည့်​တော်​တို့​သည် မိ​မိ​တို့​မြင်​သော​အ​ရာ​ကို ဝှက်​ထား၍၊ ထို​ကာ​လ၌ အ​ဘယ်​သူ​အား​မျှ မ​ကြား​မ​ပြော​ဘဲ​နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

36 ထို​အသံ​တော်​ထွက်ပေါ်​လာ​ပြီး​သည့်​နောက် ယေရှု​တစ်ပါးတည်း​ကို​သာ​တွေ့မြင်​ရ​တော့​၏။ တပည့်​တော်​တို့​သည် မိမိ​တို့​တွေ့မြင်​ရ​သည့်​အရာ​ကို ထို​နေ့ရက်​များ​၌ မည်သူ့​ကို​မျှ​မ​ပြော​ဘဲ တိတ်ဆိတ်​စွာ​နေ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

36 ထို​အသံတော် ထွက်ပေါ်​ပြီးနောက် ယေရှု​ကိုသာ တွေ့မြင်ကြရ၏။ တပည့်တော်တို့​သည် တွေ့မြင်​သမျှတို့​ကို ထို​ကာလပတ်လုံး မည်သူ့​ကို​မျှ ပြန်မပြောဘဲ လျှို့ဝှက်ထားကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

36 ထို​အ​သံ​တော်​ဖြစ်​သည် ခ​ဏ​ချင်း​တွင်၊ ယေ​ရှု​သည် တစ်​ယောက်​တည်း​ရှိ​တော်​မူ၏။ တ​ပည့်​တော်​တို့​သည် မိ​မိ​တို့​မြင်​သော​အ​ရာ​ကို ဝှက်​ထား၍၊ ထို​ကာ​လ၌ အ​ဘယ်​သူ​အား​မျှ မ​ကြား​မ​ပြော​ဘဲ​နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 9:36
4 ပူးပေါင်းရင်းမြစ်များ  

အဝတ်ကို ဆုတ်ရသောအချိန်နှင့် ချုပ်ရသော အချိန်လည်းရှိ၏။ တိတ်ဆိတ်စွာနေသောအချိန်နှင့်၊ စကားပြောရသော အချိန်လည်းရှိ၏။


ထို​နောက်​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​တောင် ပေါ်​မှ​ဆင်း​ကြ​၏။ ထို​သို့​ဆင်း​ကြ​စဉ်​သ​ခင်​ယေ​ရှု က ``သင်​တို့​တွေ့​မြင်​ခဲ့​ကြ​သည့်​အ​ခြင်း​အ​ရာ​ကို လူ​သား​သေ​ခြင်း​မှ​မ​ထ​မြောက်​မီ​အ​ဘယ်​သူ အား​မျှ​မ​ပြော​ကြ​နှင့်'' ဟု​တ​ပည့်​တော်​တို့​အား ပ​ညတ်​တော်​မူ​၏။


တ​ပည့်​တော်​တို့​သည်​လွန်​မင်း​စွာ​ကြောက်​လန့်​လျက် ရှိ​ကြ​သ​ဖြင့် ပေ​တ​ရု​သည်​မည်​သို့​လျှောက်​ထား​ရ မည်​ကို​မ​သိ​၍​ယင်း​သို့​လျှောက်​ထား​လိုက်​သ​တည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ