Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 8:25 - Common Language Bible

25 ကိုယ်​တော်​က ``သင်​တို့​သည်​ယုံ​ကြည်​ခြင်း မ​ရှိ​ကြ​သ​လော'' ဟု​တ​ပည့်​တော်​တို့​အား မေး​တော်​မူ​၏။ တ​ပည့်​တော်​တို့​သည်​ကြောက်​ရွံ့​အံ့​သြ​လျက် ``ဤ သူ​ကား​အ​ဘယ်​သူ​နည်း။ လေ​နှင့်​လှိုင်း​များ​ကို ပင်​အ​မိန့်​ပေး​၍​သူ​တို့​သည်​လိုက်​နာ​ကြ​ပါ သည်​တ​ကား'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

25 ကိုယ် တော် က လည်း သင် တို့ ယုံ ကြည် ခြင်း သည် အ ဘယ် မှာ နည်း ဟု မေး တော် မူ ရာ ကြောက် ရွံ့ အံ့ သြ၍ ဤ သူ ကား မည် သူ နည်း။ လေ နှင့် ရေ ပင် အ မိန့် ရှိ က နား ထောင် ရ ပါ သည် တ ကား ဟု အ ချင်း ချင်း ပြော ဆို ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

25 ကိုယ်​တော်​က​လည်း၊ သင်​တို့ ယုံ​ကြည်​ခြင်း​စိတ်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ သူ​တို့​သည် ကြောက်​ရွံ့​အံ့​ဩ၍၊ ဤ​သူ​ကား အ​ဘယ်​သို့​သော​သူ​နည်း။ လေ​နှင့် ရေ​ကို​ပင် မှာ​ထား​တော်​မူ၍၊ သူ​တို့​သည် နား​ထောင်​ပါ​သည်​တ​ကား​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

25 ထို့နောက် ကိုယ်တော်​က“သင်​တို့​၏​ယုံကြည်​ခြင်း​အဘယ်မှာ​ရှိ​သနည်း”​ဟု မေး​တော်မူ​၏။ တပည့်​တော်​တို့​သည်​ကြောက်ရွံ့​အံ့သြ​လျက် “ဤ​သူ​ကား မည်သူ​ဖြစ်​သနည်း။ လေ​နှင့်​ရေ​တို့​ကို​ပင် အမိန့်​ပေး​သောအခါ ၎င်း​တို့​သည် သူ့​ကို​နာခံ​ကြ​ပါ​သည်​တကား”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

25 ကိုယ်တော်​က သူတို့​အား “သင်တို့​၏ ယုံကြည်ခြင်း​သည် အဘယ်မှာနည်း” ဟု မိန့်တော်မူ၏။ တပည့်တော်တို့​သည် ကြောက်ရွံ့​၍ အံ့အားသင့်​လျက် “ဤ​သူ​သည် မည်သူနည်း။ သူ​အမိန့်ပေး​သောအခါ လေ​နှင့်​လှိုင်းတံပိုးတို့​ပင်လျှင် သူ့​ကို နာခံကြသည်” ဟု အချင်းချင်း​ပြောဆိုကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

25 ကိုယ်​တော်​က​လည်း၊ သင်​တို့ ယုံ​ကြည်​ခြင်း​စိတ်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ သူ​တို့​သည် ကြောက်​ရွံ့​အံ့​ဩ၍၊ ဤ​သူ​ကား အ​ဘယ်​သို့​သော​သူ​နည်း။ လေ​နှင့် ရေ​ကို​ပင် မှာ​ထား​တော်​မူ၍၊ သူ​တို့​သည် နား​ထောင်​ပါ​သည်​တ​ကား​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 8:25
16 ပူးပေါင်းရင်းမြစ်များ  

ကောင်းကင်ဘုံသို့ အဘယ်သူတက်သနည်း။ အဘယ်သူဆင်းလာသနည်း။ အဘယ်သူသည် လေကို မိမိလက်နှင့် ဆုပ်ထားသနည်း။ အဘယ်သူသည် ရေကို အဝတ်နှင့် ထုပ်ထားသနည်း။ မြေကြီးစွန်းရှိသမျှတို့ကို အဘယ်သူတည်စေသနည်း။ ထိုသို့ပြုသောသူ၏ အမည် နှင့်သူ၏သားအမည်ကား အဘယ်သို့နည်း။ သင်ပြော နိုင်သလော။


သမုဒ္ဒရာ၌ ကန့်ကွက်သောအပိုင်းအခြားကို ရေ မလွှမ်းရမည်အကြောင်း စီရင်သောအမှု၊ မြေကြီးတိုက် မြစ်တည်သော အမှုတို့ကို ပြီးစီးစေတော်မူသောအခါ၊


ထို​အ​ခါ​သ​ခင်​ယေ​ရှု​သည်​လက်​တော်​ကို​ဆန့်​၍ ပေ​တ​ရု​ကို​ဆွဲ​ကိုင်​တော်​မူ​ပြီး​လျှင် ``ယုံ​ကြည်​ခြင်း နည်း​လှ​ပါ​တ​ကား။ အ​ဘယ်​ကြောင့်​ယုံ​မှား​သနည်း'' ဟု​မိန့်​တော်​မူ​၏။


ကိုယ်​တော်​က ``သင်​တို့​တွင်​ယုံ​ကြည်​ခြင်း​နည်း​သော ကြောင့်​ဖြစ်​၏။ အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည် ကား၊ သင်​တို့​တွင်​မုန်​ညင်း​စေ့​ပ​မာ​ဏ​မျှ​ယုံ​ကြည် ခြင်း​ရှိ​ပါ​မူ​ဤ​တောင်​အား `ဤ​နေ​ရာ​မှ​ထို​နေ​ရာ သို့​ပြောင်း​ရွှေ့​လော့' ဟု​ဆို​လျှင်​ပြောင်း​ရွှေ့​လိမ့်​မည်။ ယုံ​ကြည်​ခြင်း​ရှိ​လျှင်​သင်​တို့​မ​တတ်​နိုင်​သည့် အ​ရာ​မ​ရှိ။-


ဘု​ရား​သ​ခင်​အ​ပေါ်​ယုံ​ကြည်​ကိုး​စား​မှု​နည်း သူ​တို့၊ ယ​နေ့​တော​ထဲ​တွင်​ရှိ​၍​နက်​ဖြန်​မီး​ထဲ​သို့ ရောက်​ရ​သော​တော​မြက်​မျိုး​ကို​ဘု​ရား​သ​ခင်​သည် ဤ​သို့​ဆင်​ယင်​ပေး​ပါ​လျှင်​သင်​တို့​အား​ထို​ထက် မ​က​ဆင်​ယင်​ပေး​တော်​မူ​မည်​မ​ဟုတ်​လော။


ဤ​စ​ကား​ကို​သ​ခင်​ယေ​ရှု​ကြား​တော်​မူ​လျှင် အံ့​သြ​တော်​မူ​၏။ သို့​ဖြစ်​၍​နောက်​တော်​သို့​လိုက် လာ​ကြ​သော​ပ​ရိ​သတ်​တို့​အား


ကိုယ်​တော်​က ``ယုံ​ကြည်​မှု​နည်း​သူ​တို့၊ သင်​တို့ အ​ဘယ်​ကြောင့်​ကြောက်​လန့်​သ​နည်း'' ဟု​မိန့်​တော် မူ​ပြီး​နောက် အိပ်​စက်​ရာ​မှ​ထ​တော်​မူ​၍​လေ​နှင့် လှိုင်း​များ​ကို​ဆုံး​မ​တော်​မူ​၏။ လေ​နှင့်​လှိုင်း​တို့ သည်​ငြိမ်​သက်​သွား​ကြ​၏။


ထို​နေ့​၌​ပင်​ည​နေ​ချမ်း​အ​ချိန်​ကျ​ရောက်​လာ သော​အ​ခါ ကိုယ်​တော်​က​တ​ပည့်​တော်​တို့​အား ``အိုင် တစ်​ဖက်​ကမ်း​သို့​ကူး​ကြ​ကုန်​အံ့'' ဟု​မိန့်​တော်​မူ​၏။-


ယုံ​ကြည်​ကိုး​စား​ခြင်း​နည်း​ပါး​သူ​တို့၊ ယ​နေ့ ကွင်း​ထဲ​တွင်​ရှိ​၍​နက်​ဖြန်​မီး​ဖို​ထဲ​သို့​ရောက် ရ​သော​တော​မြက်​ကို ဘု​ရား​သ​ခင်​သည်​ဤ​သို့ ဝတ်​ဆင်​ပေး​လျှင် သင်​တို့​အား​ထို​ထက်​မ​က ဝတ်​ဆင်​ပေး​မည်​မ​ဟုတ်​လော။''


သူ​တို့​သည်​ကိုယ်​တော်​ကို​နှိုး​ပြီး​လျှင် ``အ​ရှင်၊ အ​ရှင်၊ အ​ကျွန်ုပ်​တို့​သေ​ကြ​ပါ​တော့​မည်'' ဟု ဆို​ကြ​၏။ ကိုယ်​တော်​သည်​အိပ်​စက်​ရာ​က​ထ​တော်​မူ​၍ လေ​နှင့်​လှိုင်း​များ​ကို​ဟန့်​တား​တော်​မူ​သ​ဖြင့် လေ​နှင့်​လှိုင်း​များ​သည်​ငြိမ်​သက်​သွား​လေ​၏။-


ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ဂါ​ရ​စ​နယ် သို့​ရွက်​လွှင့်​ကြ​၏။ ဂါ​ရ​စ​သည်​ဂါ​လိ​လဲ​ပြည် အိုင်​တစ်​ဖက်​ကမ်း​တွင်​ရှိ​၏။-


သ​ခင်​ယေ​ရှု​က ``သင်​ယုံ​ကြည်​လျှင်​ဘု​ရား သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​ကို​မြင်​ရ​လိမ့် မည်​ဟူ​၍​ငါ​ပြော​သည်​မ​ဟုတ်​လော'' ဟု မိန့်​တော်​မူ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ