Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 5:36 - Common Language Bible

36 ကိုယ်​တော်​သည်​ပုံ​ဥ​ပ​မာ​ဆောင်​လျက် ``မည်​သူ​မျှ အ​ထည်​သစ်​မှ​အ​စ​တစ်​စ​ကို​ဆုတ်​၍​အ​ထည် ဟောင်း​ကို​ဖာ​ရိုး​မ​ရှိ။ ယင်း​သို့​ဖာ​ခဲ့​ပါ​မူ အ​ထည်​သစ်​ပျက်​စီး​သွား​သည်​သာ​မ​က၊ အ​စ​သစ်​နှင့်​အ​ထည်​ဟောင်း​တို့​အ​ဆင် အ​သွေး​မ​တူ​ဘဲ​ရှိ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

36 ၎င်း ပြင်၊ ဥ ပ မာ ဆောင်၍ မိန့် တော် မူ သည် မှာ မည် သူ မျှ အ င်္ကျီ သစ် မှ ဆုတ် ယူ၍ အ င်္ကျီ ဟောင်း ကို မ ဖာ တတ်။ ဖာ လျှင် အ သစ် ကို ဆုတ် ခြင်း အ သစ် စ လည်း အ ဟောင်း နှင့် မ လိုက် ခြင်း ရှိ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

36 ဥ​ပ​မာ​ကား၊ အ​ဝတ်​ဟောင်း​ကို အ​ထည်​သစ်​နှင့် ဖာ​လေ့​မ​ရှိ။ ထို​သို့​ဖာ​လျှင် အ​ထည်​သစ်​သည် ဆွဲ​ဆုတ်​တတ်၏။ ဖာ​သော​အ​ထည်​သစ်​သည် အ​ဝတ်​ဟောင်း​နှင့် မ​သင့်​မ​တင့်​တတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

36 ထို့နောက် သူ​တို့​အား ပုံ​ဥပမာ​တစ်​ခု​မြွက်ဆို​တော်မူ​သည်​မှာ“မည်သူ​မျှ အဝတ်​အသစ်​မှ​ပိတ်စ​ကို​ဆုတ်ဖြဲ​၍ အဝတ်​အဟောင်း​ကို ဖာ​လေ့​မ​ရှိ။ ထိုသို့ပြုလျှင် အဝတ်​အသစ်​ကို ဆုတ်ဖြဲ​ရ​သည်​သာမက ဖာ​ထား​သော​ပိတ်စ​အသစ်​သည်​လည်း အဝတ်​အဟောင်း​နှင့် လိုက်ဖက်​မည်​မ​ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

36 ထို့နောက် ယေရှု​သည် သာဓက​တစ်ခု​ကို သုံး​၍ မိန့်တော်မူသည်​မှာ “မည်သူ​မျှ အထည်သစ်​မှ ပိတ်စ​ကို​ဆုတ်ဖြဲ​၍ ပိတ်ထည်ဟောင်း​ကို ဖာလေ့​မရှိ။ ထိုသို့​ပြု​လျှင် အထည်သစ်​သည် ပျက်စီး​၍ ထို​ဖာထေး​ရာတွင် သုံးသည့်​ပိတ်စသစ်​သည်လည်း အထည်ဟောင်း​နှင့် လိုက်ဖက်မည်​မဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

36 ဥ​ပ​မာ​ကား၊ အ​ဝတ်​ဟောင်း​ကို အ​ထည်​သစ်​နှင့် ဖာ​လေ့​မ​ရှိ။ ထို​သို့​ဖာ​လျှင် အ​ထည်​သစ်​သည် ဆွဲ​ဆုတ်​တတ်၏။ ဖာ​သော​အ​ထည်​သစ်​သည် အ​ဝတ်​ဟောင်း​နှင့် မ​သင့်​မ​တင့်​တတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 5:36
7 ပူးပေါင်းရင်းမြစ်များ  

``ငါ​၏​ပ​ညတ်​များ​ကို​စောင့်​ထိန်း​လော့။ မျိုး မ​တူ​သော​အိမ်​မွေး​တိ​ရစ္ဆာန်​ချင်း​သား​မ​စပ်​ရ။ လယ်​တစ်​ကွက်​တည်း​တွင်​အ​သီး​အ​နှံ​နှစ်​မျိုး ကို​မ​စိုက်​ပျိုး​ရ။ ချည်​မျှင်​နှစ်​မျိုး​ဖြင့်​ရက် လုပ်​သော​အ​ထည်​ကို​မ​ဝတ်​ဆင်​ရ။


သို့​ရာ​တွင်​မင်္ဂ​လာ​ဆောင်​သ​တို့​သား​ကို​သူ​တို့ ထံ​မှ​ဆောင်​ယူ​သွား​မည့်​နေ့​ရက်​ကာ​လ​ရောက် ရှိ​လာ​ပေ​အံ့။ ထို​အ​ခါ​၌​သူ​တို့​သည်​အ​စာ ရှောင်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။


ထို​မှ​တစ်​ပါး​စ​ပျစ်​ရည်​သစ်​ကို​သား​ရေ​ဘူး ဟောင်း​တွင်​ထည့်​ရိုး​မ​ရှိ။ ထည့်​ခဲ့​ပါ​မူ​သား ရေ​ဘူး​သည်​ပေါက်​ကွဲ​၍​စ​ပျစ်​ရည်​ယို​ထွက် လိမ့်​မည်။ သား​ရေ​ဘူး​လည်း​ပျက်​စီး​သွား​လိမ့် မည်။-


ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​သည်​ရုပ်​တု​များ နှင့်​မည်​သို့​သ​ဘော​တူ​ညီ​ချက်​ရှိ​နိုင်​ပါ​အံ့ နည်း။ ငါ​တို့​သည်​အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​ဖြစ်​ကြ​၏။ ဘု​ရား​သ​ခင်​က၊ ``ငါ​သည်​ငါ​၏​လူ​စု​တော်​တွင်​ကျိန်း​ဝပ်​မည်။ သူ​တို့​ထံ​တွင်​စံ​တော်​မူ​မည်။ ငါ​သည်​သူ​တို့​၏​ဘု​ရား​ဖြစ်​၍​သူ​တို့​သည် လည်း ငါ​၏​လူ​စု​တော်​ဖြစ်​လိမ့်​မည်''


``သိုး​မွေး​နှင့်​ချည်​စပ်​၍​ရက်​သော​အ​ထည် ကို​မ​ဝတ်​ရ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ