လုကာ 1:48 - Common Language Bible48 ကိုယ်တော်သည်မိမိအစေခံ၏သိမ်ငယ်သော အဖြစ်ကို သတိရတော်မူပြီ။ ယခုမှစ၍နောင်လာနောက်သားအပေါင်းတို့သည် ငါ့ကိုမင်္ဂလာရှိသူဟုခေါ်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Judson Bible48 အကြောင်းမူကား၊ မိမိကျွန်မ၏ နှိမ့်ချသောအဖြစ်ကို ကြည့်ရှုတော်မူပြီ။ နောင်ကာလ၌ ခပ်သိမ်းသောလူ အစဉ်အဆက်တို့သည် ငါ့ကို မင်္ဂလာရှိသောသူဟူ၍ ခေါ်ကြလိမ့်မည်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း48 အကြောင်းမူကား ကိုယ်တော်သည် မိမိအစေအပါး၏သိမ်ငယ်သောအဖြစ်ကို ဂရုစိုက်တော်မူပြီ။ ယခုမှစ၍ နောင်လာနောက်သားအပေါင်းတို့သည် ငါ့ကိုမင်္ဂလာရှိသောသူဟု ခေါ်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း48 အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မိမိအစေခံ၏သိမ်ငယ်သောအဖြစ်ကို သတိပြုတော်မူသောကြောင့် ဖြစ်၏။ ယခုမှစ၍ နောင်လာနောက်သားတို့သည် ကျွန်မကို မင်္ဂလာရှိသောသူဟူ၍ ခေါ်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ48 အကြောင်းမူကား၊ မိမိကျွန်မ၏ နှိမ့်ချသောအဖြစ်ကို ကြည့်ရှုတော်မူပြီ။ နောင်ကာလ၌ ခပ်သိမ်းသောလူ အစဉ်အဆက်တို့သည် ငါ့ကို မင်္ဂလာရှိသောသူဟူ၍ ခေါ်ကြလိမ့်မည်။- အခန်းကိုကြည့်ပါ။ |
ဟန္နက``အနန္တတန်ခိုးရှင်ထာဝရဘုရား၊ ကိုယ်တော်ရှင်၏ကျွန်မကိုရှုမြင်တော်မူပါ။ ကိုယ်တော်ရှင်ကျွန်မ၏ဒုက္ခကိုရှုမှတ်တော် မူလျက်အောက်မေ့သတိရတော်မူပါ။ မေ့ လျော့တော်မမူပါနှင့်။ ကိုယ်တော်ရှင်သည် ကိုယ်တော်၏ကျွန်မအားသားဆုကိုပေး တော်မူလျှင် သူ့ကိုအသက်ရှင်သမျှကာလ ပတ်လုံးကိုယ်တော်ရှင်အားဆက်ကပ်ပူဇော် ပါမည်။ သူ၏ဆံပင်ကိုလည်းအဘယ် အခါ၌မျှမဖြတ်မရိတ်စေပါ'' ဟုကျိန်ဆိုကတိပြုလေ၏။
ကိုယ်တော်သည်ဆင်းရဲသူတို့ကို မြေမှုန့်မှလည်းကောင်း၊ ချို့တဲ့နွမ်းပါးသူတို့ကိုအမှိုက်ပုံမှလည်း ကောင်း ချီပင့်တော်မူ၏။ သူတို့အားမင်းညီမင်းသားများနှင့်ပေါင်းဖော် ခွင့်ကို ပေးတော်မူ၍ ဂုဏ်အသရေရှိသည့်နေရာများတွင် ထိုင်စေတော်မူ၏။ ထာဝရဘုရားသည်မြေကြီး၏အခြေခံ အုတ်မြစ်များကိုပိုင်တော်မူ၏။ ထိုအုတ်မြစ်တို့အပေါ်တွင်ကမ္ဘာကို တည်ဆောက်တော်မူပြီ။