Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 15:20 - Common Language Bible

20 ဤ​သို့​ပြောင်​လှောင်​ကြ​ပြီး​လျှင်​နီ​မောင်း​သော အ​ဝတ်​ကို​ချွတ်​၍ ကိုယ်​တော်​၏​အ​ဝတ်​တော်​ကို ပြန်​ဝတ်​ပေး​ကြ​၏။ ထို​နောက်​လက်​ဝါး​ကပ်​တိုင် တွင်​တင်​၍​သတ်​ရန်​ကိုယ်​တော်​ကို​ခေါ်​ဆောင် သွား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 ထို သို့ ပြောင် လှောင် ပြီး နောက် က မ္ပ လာ နီ ကို လဲ လျက် အ ဝတ် တော် ကို ဆင် ယင် ပြီး လျှင် ကား တင် ရန် ထုတ် သွား ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 ထို​သို့ ကိုယ်​တော်​ကို ပြက်​ရယ်​ပြု​သည်​နောက်၊ နီ​မောင်း​သော​အ​ဝတ်​ကို ချွတ်၍ အ​ဝတ်​တော်​ကို ဝတ်​ပြန်​စေ​ပြီး​လျှင်၊ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ခြင်း​ငှာ ထုတ်​သွား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 ထိုသို့ ကိုယ်တော်​ကို​ပြောင်လှောင်​ကြ​ပြီးနောက် ခရမ်းရောင်​ဝတ်လုံ​ကို​ချွတ်​၍ ကိုယ်တော်​၏​အဝတ်​ကို​ပြန်​ဝတ်​စေ​ပြီးလျှင် လက်ဝါးကပ်တိုင်​ပေါ်​၌​တင်​ရန် ခေါ်ထုတ်​သွား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

20 ထိုသို့ ပြက်ရယ်ပြုကြ​ပြီးနောက် ခရမ်းရောင်​ဝတ်ရုံ​ကို ချွတ်​၍ အဝတ်တော်​ကို ပြန်ဝတ်ပေးကြ၏။ ထို့နောက် လက်ဝါးကပ်တိုင်​ပေါ်တွင် သတ်​ရန် ခေါ်ဆောင်သွားကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

20 ထို​သို့ ကိုယ်​တော်​ကို ပြက်​ရယ်​ပြု​သည်​နောက်၊ နီ​မောင်း​သော​အ​ဝတ်​ကို ချွတ်၍ အ​ဝတ်​တော်​ကို ဝတ်​ပြန်​စေ​ပြီး​လျှင်၊ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ခြင်း​ငှာ ထုတ်​သွား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 15:20
4 ပူးပေါင်းရင်းမြစ်များ  

ဤ​သို့​ပြောင်​လှောင်​ကြ​ပြီး​လျှင်​ကမ္ဗ​လာ​နီ​ဝတ်​လုံ ကို​ချွတ်​၍​ကိုယ်​တော်​၏​အ​ဝတ်​ကို​ပြန်​ဝတ်​ပေး​ကြ ၏။ ထို​နောက်​လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​ရန် ကိုယ်​တော်​ကို​ခေါ်​ဆောင်​သွား​ကြ​၏။


ဦး​ခေါင်း​တော်​ကို​ကူ​လုံး​နှင့်​ရိုက်​ကြ​၏။ ကိုယ် တော်​ကို​တံ​တွေး​နှင့်​ထွေး​ကြ​၏။ ရှေ့​တော်​၌ ဒူး​ထောက်​လျက်​ဦး​ညွှတ်​ရှိ​ခိုး​ကြ​၏။-


ထို​အ​ချိန်​၌ (အာ​လေ​ဇန္ဒြု​နှင့်​ရု​ဖု​တို့​၏​အ​ဖ၊ ကု​ရေ​နေ​ပြည်​သား) ရှိ​မုန်​သည်​ကျေး​လက်​တော ရွာ​ဘက်​မှ​လာ​၏။ စစ်​သား​တို့​သည်​သူ့​ကို​အ​တင်း အ​ကြပ်​ခေါ်​၍ ကိုယ်​တော်​၏​လက်​ဝါး​ကပ်​တိုင်​ကို ထမ်း​စေ​၏။-


ထို​အ​ခါ​ပိ​လတ်​မင်း​သည်​ကိုယ်​တော်​ကို လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​ရန် ထို​သူ တို့​လက်​သို့​အပ်​လိုက်​လေ​၏။ သို့​ဖြစ်​၍​သူ​တို့​သည်​ကိုယ်​တော်​ကို​ခေါ်​ဆောင် သွား​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ