ရောမ 14:2 - Common Language Bible2 ယုံကြည်ခြင်းခိုင်မာသူသည်မည်သည့်အစား အစာကိုမဆိုစားနိုင်၏။ ယုံကြည်ခြင်းမခိုင် မာသူသည်ဟင်းရွက်ဟင်းသီးများကိုသာ လျှင်စားတတ်၏။- အခန်းကိုကြည့်ပါ။Garrad Bible2 တစ် ဦး တစ် ယောက် သည် ခဲ ဖွယ် အ မျိုး မျိုး ကို စား အပ် သည် ဟု စိတ် ချ အံ့။ အား နည်း သူ သည် ဟင်း သီး ဟင်း ရွက် ကို သာ စား အံ့။ အခန်းကိုကြည့်ပါ။Judson Bible2 အားနည်းသောသူမူကား၊ ဟင်းသီးဟင်းရွက်ကိုသာ စား၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 အချို့သောသူသည် အစားအစာအားလုံးကိုစား၍ရသည်ဟု ယုံကြည်၏။ အားနည်းသောသူမူကား ဟင်းသီးဟင်းရွက်ကိုသာစား၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း2 ဥပမာဆိုရလျှင် တချို့က အစားအစာအားလုံးကို စား၍ရကြောင်း ယုံကြည်ကြ၏။ သို့သော် ယုံကြည်ခြင်းအားနည်းသူသည် ဟင်းသီးဟင်းရွက်ကိုသာ စား၏။ အခန်းကိုကြည့်ပါ။ |
ယာကုပ်စေလွှတ်လိုက်သောသူများမရောက်မီ သူသည်လူမျိုးခြားတို့နှင့်အတူစားသောက် လျက်နေ၏။ သို့သော်လည်းယာကုပ်စေလွှတ် လိုက်သောသူတို့ရောက်ရှိလာသောအခါ၌ မူကား လူမျိုးခြားတို့နှင့်ပေါင်းဖော်စား သောက်မှုကိုမပြုတော့ချေ။ အဘယ်ကြောင့် ဆိုသော်သူသည်လူမျိုးခြားတို့အား အရေ ဖျားလှီးမင်္ဂလာခံစေလိုသောသူတို့ကို ကြောက်သောကြောင့်ဖြစ်သည်။-
မိမိတို့ကိုယ်တိုင်စိတ်နှလုံးစင်ကြယ်သန့်ရှင်း သူတို့အဖို့မှာ မည်သည့်အရာမဆိုစင်ကြယ် သန့်ရှင်း၏။ သို့သော်မိမိတို့ကိုယ်တိုင်မစင် ကြယ်မယုံကြည်သူတို့အဖို့မှာမူကား အဘယ်အရာမျှစင်ကြယ်သန့်ရှင်းသည်ဟူ၍ မရှိ။ အဘယ်ကြောင့်ဆိုသော်ထိုသူတို့၏စိတ် နှလုံးနှင့်သြတ္တပ္ပစိတ်သည်ညစ်ညမ်းနေသော ကြောင့်ဖြစ်၏။-
သင်တို့သည်လမ်းလွဲ၍ကွဲလွဲထူးခြားသော အယူဝါဒအမျိုးမျိုးတို့ဆွဲဆောင်ရာသို့ လိုက်ပါမသွားကြနှင့်။ အစားအစာနှင့် ဆိုင်သောပညတ်များကိုစောင့်ထိန်းခြင်း မဟုတ်ဘဲ ဘုရားသခင်၏ကျေးဇူးတော် မှငါတို့ဝိညာဉ်ခွန်အားရရှိလျှင်ကောင်း ပေ၏။ ထိုပညတ်များကိုစောင့်ထိန်းသူ တို့သည်ကောင်းကျိုးကိုမခံရကြပေ။