ရောမ 13:9 - Common Language Bible9 အဘယ်ကြောင့်ဆိုသော် ``အိမ်နီးချင်းကိုကိုယ် နှင့်အမျှချစ်လော့'' ဟူသောပညတ်သည် ``သူ့ အိမ်ရာကိုမပြစ်မှားနှင့်၊ လူ့အသက်ကိုမ သတ်နှင့်၊ သူ့ဥစ္စာကိုမခိုးနှင့်၊ သူ့ဥစ္စာကိုတပ် မက်လိုချင်သောစိတ်မရှိနှင့်'' ဟူသောပညတ် များနှင့်အခြားပညတ်ရှိသမျှ၏အချုပ် ဖြစ်သောကြောင့်တည်း။- အခန်းကိုကြည့်ပါ။Garrad Bible9 အ သို့ ဆို သော် အ ပေါင်း အ ဖော် ကို ကိုယ် နှင့် အ မျှ ချစ် လော့ ဟူ သော အ မိန့် ကား သူ့ သား အိမ် ရာ ကို မ ပြစ် မှား နှင့်။ သူ့ အ သက် ကို မ သတ် နှင့်။ သူ့ ဥ စ္စာ ကို မ ခိုး နှင့်။ တပ် မက် သော စိတ် မ ရှိ နှင့် စ သော ပ ညတ် ရှိ သ မျှ ၏ အ ချုပ် ဖြစ် သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible9 အကြောင်းမူကား၊ သူ့မယားကို မပြစ်မှားနှင့်၊ လူအသက်ကို မသတ်နှင့်၊ သူ့ဥစ္စာကို မခိုးနှင့်၊ မမှန်သော သက်သေကို မခံနှင့်၊ သူ့ဥစ္စာကို တပ်မက်လိုချင်သောစိတ် မရှိစေနှင့်ဟူသော ပညတ်မှစ၍ အခြားသော ပညတ်ရှိသမျှတို့သည်၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ပညတ်တစ်ခု၌ အပါအဝင် ဖြစ်ကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း9 အကြောင်းမူကား “အိမ်ထောင်ရေးဖောက်ပြန်မှုကို မကျူးလွန်ရ၊ လူမသတ်ရ၊ မခိုးယူရ၊ တပ်မက်သောစိတ်မရှိရ”ဟူသောပညတ်ချက်များမှစ၍ အခြားမည်သည့်ပညတ်ချက်မဆို “ကိုယ့်ဝန်းကျင်၌ရှိသောသူကို ကိုယ်နှင့်အမျှချစ်ရမည်”ဟူသော ဤမိန့်တော်မူချက်၌ ပေါင်းခြုံထား၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း9 အဘယ်ကြောင့်ဆိုသော် “သူတစ်ပါးသားမယားကို မပြစ်မှားနှင့်။ လူ့အသက်ကို မသတ်နှင့်။ မခိုးယူနှင့်။ မမှန်သောသက်သေကို မထွက်ဆိုနှင့်။ သူတစ်ပါးဥစ္စာကို မတပ်မက်နှင့်” ဟူသော ပညတ်ချက်များနှင့် အခြားပညတ်တို့၏ အနှစ်ချုပ်မှာ “ကိုယ်နှင့် သက်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့” ဟူသည့် ပညတ်ဖြစ်သောကြောင့် ဖြစ်၏။ အခန်းကိုကြည့်ပါ။ |