ရုသ 4:14 - Common Language Bible14 အမျိုးသမီးများကနောမိအား``ထာဝရ ဘုရား၏ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းပါ လော့။ ကိုယ်တော်သည်သင့်ကိုကြည့်ရှုစောင့် ရှောက်ရန်အတွက် မြေးယောကျာ်းကလေးကို ယနေ့ပေးသနားတော်မူလေပြီ။ ထိုသူငယ် သည် ဣသရေလပြည်တွင်ထင်ပေါ်ကျော်စော သူဖြစ်လာပါစေသော။- အခန်းကိုကြည့်ပါ။Garrad Bible14 နော မိ အား မြို့ သူ တို့ က၊ ယ နေ့ သင်၌ ရွေး ပိုင် သူ့ ကို ပြတ် ကင်း စေ တော် မ မူ သော ထာ ဝ ရ ဘု ရား သည် မင်္ဂ လာ ရှိ တော် မူ ပါ စေ သော။ ထို သူ ငယ်၏ အ မည် သည် ဣ သ ရေ လ လူ မျိုး တွင် အ သ ရေ ရှိ ပါ စေ သော။ အခန်းကိုကြည့်ပါ။Judson Bible14 မိန်းမတို့သည်လည်း နောမိအား၊ သင့်ကိုပြုစုသော အမျိုးသားချင်းကိုယနေ့ဖြတ်တော်မမူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူပါစေသော။ ယခုရသော အမျိုးသားချင်းသည်လည်း ဣသရေလအမျိုး၌ အသရေကျော်စောပါစေသော။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 ထိုအခါ မိန်းမတို့က နောမိအား “ယနေ့ သင့်အဖို့ ရွေးနုတ်ခွင့်ရှိသူကို ပေါ်လာစေသောထာဝရဘုရားသည် မင်္ဂလာရှိပါစေသော။ ထိုသူငယ်သည် အစ္စရေးလူမျိုးတို့တွင် နာမည်ကျော်စောပါစေသော။ အခန်းကိုကြည့်ပါ။ |
ငါတို့၏ညီအစ်ကိုတို့၊ သင်တို့ကိုအကြောင်း ပြု၍ ဘုရားသခင်၏ကျေးဇူးတော်ကိုငါတို့ အစဉ်မပြတ်ချီးမွမ်းနေရကြသည်။ ယင်းသို့ ချီးမွမ်းသင့်ပေသည်။ အဘယ်ကြောင့်ဆိုသော် သင်တို့ယုံကြည်ခြင်းအလွန်တိုးပွားလျက် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ပိုမိုချစ်ခင်လျက်နေကြသောကြောင့်ဖြစ်၏။-