ရုသ 4:1 - Common Language Bible1 ဗောဇသည်မြို့တံခါးဝရှိတရားစီရင်ရာ ဌာနသို့ သွား၍ထိုင်လျက်နေ၏။ ထိုအခါ ဧလိမလက်၏အရင်းအချာဆုံးသောဆွေ မျိုးသားချင်းဖြစ်သူသည် ရောက်ရှိလာလေ သည်။ ထိုသူကားယခင်ကဗောဇဖော်ပြခဲ့ သူပင်ဖြစ်၏။ ဗောဇကသူ့အား``မိတ်ဆွေ၊ ဤ နေရာသို့လာ၍ထိုင်ပါလော့'' ဟုဆိုသဖြင့် သူသည်လာ၍ထိုင်၏။- အခန်းကိုကြည့်ပါ။Garrad Bible1 ထို အ ခါ ဗော ဇ သည် မြို့ တံ ခါး ဝ သို့ သွား ရောက် ထိုင် နေ စဉ်၊ ပြော ခဲ့ ဘူး သော ရွေး ပိုင် သူ သီး သန့် သွား ရာ၊ ဟေ့ အ ချင်း၊ လှည့်၍ ဤ တွင် ထိုင် ဦး လော့ ဟု ဆို သည့် အ တိုင်း လှည့်၍ ထိုင် နေ လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible1 ထိုအခါ ဗောဇသည် မြို့တံခါးဝသို့သွား၍ ထိုင်သဖြင့်၊ မနေ့ကပြောသော အမျိုးသားချင်း လျှောက်သွားသည်ကိုမြင်လျှင်၊ အိုမည်သူ၊ လှည့်၍ထိုင်ပါတော့ဟု ခေါ်သည်အတိုင်း သူသည် လှည့်၍ထိုင်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 ဗောဇသည် မြို့တံခါးဝသို့သွား၍ထိုင်နေစဉ် သူပြောခဲ့ဖူးသည့် ရွေးနုတ်ခွင့်ရှိသူ ဖြတ်လာသည်ကိုမြင်၏။ ထိုအခါ ဗောဇက“မိတ်ဆွေ၊ လာထိုင်ပါဦး”ဟု ဖိတ်ခေါ်သဖြင့် ထိုသူလည်း လာထိုင်လေ၏။ အခန်းကိုကြည့်ပါ။ |
သူသည်နံနက်စောစောထပြီးလျှင်မြို့တံခါး ဝလမ်းနံဘေးတွင်ရပ်လျက်နေတတ်၏။ ဘုရင် ၏အဆုံးအဖြတ်ကိုခံရန်အမှုသည်တစ်စုံ တစ်ယောက်ရောက်ရှိလာသောအခါသူ့ကိုခေါ် ၍``သင်သည်အဘယ်အရပ်ကလာသနည်း'' ဟု မေးလေ့ရှိ၏။ အမှုသည်က``အရှင်အကျွန်ုပ် သည်ဤမည်သောဣသရေလအနွယ်မှဖြစ် ပါသည်'' ဟုဆိုလျှင်၊-
သူသည်ထိုမြို့များအနက်တစ်မြို့မြို့သို့ ထွက်ပြေး၍ မြို့တံခါးဝတွင်ရှိသောတရား စီရင်ရာဌာနသို့သွားပြီးလျှင် မြို့၏အကြီး အကဲတို့အားဖြစ်ပျက်ခဲ့သမျှကိုရှင်းပြ ရမည်။ ထိုနောက်အကြီးအကဲတို့က ထိုသူ အားမြို့တွင်းသို့ဝင်ခွင့်ပြု၍သူနေထိုင် ရန်နေရာချပေးရမည်။-