ရုသ 2:13 - Common Language Bible13 ရုသကလည်း``အရှင်၊ အရှင်သည်ကျွန်မ အပေါ်တွင်များစွာကရုဏာထားပါပြီ။ ကျွန်မသည်အရှင့်အစေခံများ၏အဆင့် အတန်းကိုမီသူပင်မဟုတ်သော်လည်း အရှင် သည်ချိုသာစွာပြောဆိုခြင်းအားဖြင့်ကျွန်မ ကိုအားတက်စေပါ၏'' ဟုပြန်ပြော၏။ အခန်းကိုကြည့်ပါ။Garrad Bible13 ရု သ က၊ အို အ ရှင်၊ စိတ် တော် နှင့် တွေ့ ပါ ရ စေ။ အ ရှင့် ကျွန် မိန်း မ တို့ နှင့် ကျွန် မ အ မျိုး မ တူ သော် လည်း မေတ္တာ စ ကား ဖြင့် အ ရှင် နှစ် သိမ့် စေ တော် မူ ပါ ပြီ ဟု ပြန် လျှောက် လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible13 ရုသကလည်း သခင် ကျွန်မသည် ရှေ့တော်၌မျက်နှာရပါစေ။ ကျွန်မသည် ကိုယ်တော်ကျွန်မတို့နှင့် မတူသော်လည်း၊ ကိုယ်တော်သည် လောကဝတ်စကားကိုပြော၍ ကျွန်မကိုနှစ်သိမ့်စေပါပြီဟု လျှောက်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း13 ရုသကလည်း “အကျွန်ုပ်၏သခင်၊ အကျွန်ုပ်သည် သခင့်ရှေ့တွင် မျက်နှာရပါစေ။ အကျွန်ုပ်သည် သခင်၏ကျွန်မတစ်ဦးမဟုတ်သော်လည်း သခင်သည် အကျွန်ုပ်အား ကြင်နာစွာစကားဆို၍နှစ်သိမ့်ပါပြီ”ဟု ပြန်ပြော၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါလင်ဖြစ်သူသည်သူ့အားချော့မော့၍ မိမိထံပြန်လာရန်ကြိုးစားမည်ဟုဆုံးဖြတ် ကာ မိမိနှင့်အတူမြည်းနှစ်ကောင်နှင့်အစေခံ ကိုပါခေါ်၍သွား၏။ သူငယ်မသည်လေဝိ အမျိုးသားအားအိမ်ထဲသို့ဝင်ရန်ဖိတ်ခေါ် လိုက်ရာဖခင်ဖြစ်သူသည် သူ့ကိုမြင်လျှင် ဝမ်းမြောက်စွာကြိုဆိုလက်ခံလေသည်။-
ထမင်းစားချိန်ရောက်သောအခါ၌ ဗောဇ သည်ရုသအား``လာ၍မုန့်သုံးဆောင်လော့။ မုန့်ကိုအချဉ်ရည်တွင်နှစ်၍စားလော့'' ဟု ဆို၏။ သို့ဖြစ်၍ရုသသည် အလုပ်သမား များနှင့်အတူထိုင်လေသည်။ ထိုအခါဗောဇ သည်သူ့အားပေါက်ပေါက်အနည်းငယ်ကို လှမ်း၍ပေး၏။ ရုသသည်ဝအောင်စားပြီး နောက်မုန့်ကျန်သေး၏။-