Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရု​သ 2:1 - Common Language Bible

1 နော​မိ​တွင်​ဗော​ဇ​ဆို​သူ ဆွေ​မျိုး​တစ်​ဦး​ရှိ ၏။ သူ​သည်​နော​မိ​၏​ခင်​ပွန်း​ဧ​လိ​မ​လက်​၏ သား​ချင်း​စု​ဝင်၊ ချမ်း​သာ​ကြွယ်​ဝ​၍ သြ​ဇာ ရှိ​သူ​တစ်​ဦး​ဖြစ်​ပေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 နော မိ လင် ဧ လိ မ လက်၏ အ မျိုး အ နက်၊ ပေါ များ သူ ဗော ဇ အ မည် ရှိ သော ဆွေ မျိုး တစ် ဦး ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 နော​မိ၏​လင် ဧ​လိ​မ​လက်၏ အ​ဆွေ​အ​မျိုး​တွင် အ​လွန်​ရ​တတ်​သော ပေါက်​ဖော်​တစ်​ယောက် ရှိ၏။ သူ၏​အ​မည်​ကား ဗော​ဇ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 နောမိ​၏​ခင်ပွန်းသည်​၌ ဗောဇ​ဟု အမည်​ရှိ​သော ချမ်းသာကြွယ်ဝ​သူ​ဆွေမျိုး​တစ်ဦး​ရှိ​၏​။ သူ​သည် ဧလိမလက်​မျိုးနွယ်စု​မှ ဆင်းသက်​လာ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရု​သ 2:1
13 ပူးပေါင်းရင်းမြစ်များ  

ယင်း​သို့​ဆက်​သ​နိုင်​ရန်​မေ​န​ဟင်​သည် ဣ​သ​ရေ​လ သူ​ဌေး​သူ​ကြွယ်​များ​ထံ​မှ​တစ်​ဦး​လျှင် ငွေ​သား ငါး​ဆယ်​စီ​ကောက်​ယူ​၏။ သို့​ဖြစ်​၍​တိ​ဂ​လတ် ပိ​လေ​သာ​သည်​မိ​မိ​၏​တိုင်း​ပြည်​သို့​ပြန်​သွား လေ​၏။


သူ၏ဥစ္စာကား၊ သိုးခုနစ်ထောင်၊ ကုလားအုပ်သုံးထောင်၊ နွားယှဉ်ငါးရာ၊ မြည်းမငါးရာ၊ ငယ်သား အတိုင်းမသိများသည်ဖြစ်၍၊ ထိုသူသည် အရှေ့မျက်နှာအရပ်သားတကာတို့ထက် သာ၍ကြီးသောသူဖြစ်၏။


ငါ၌စည်းစိမ်ကြီး၍ များစွာသော ဥစ္စာရတတ် သောကြောင့်၊ ငါဝါကြွားဝမ်းမြောက်မိသော်၎င်း၊


စာ​လ​မုန်​နှင့်​ရာ​ခပ်​မှ​ရ​သော​သား​သည်​ဗော​ဇ၊ ဗော​ဇ နှင့်​ရု​သ​မှ​ရ​သော​သား​မှာ​ဩ​ဗက်၊ ဩ​ဗက်​၏​သား သည်​ယေ​ရှဲ၊ ယေ​ရှဲ​၏​သား​ကား​ဒါ​ဝိဒ်​မင်း​တည်း။


ဒါ​ဝိဒ်​ကား​ယေ​ရှဲ​၏​သား၊ ယေ​ရှဲ​ကား​သြ​ဗက်​၏​သား၊ သြ​ဗက်​ကား​ဗော​ဇ​၏​သား၊ ဗောဇ​ကား​စာ​လ​မုန်​၏ သား၊ စာ​လ​မုန်​ကား​နာ​ရှုန်​၏​သား​ဖြစ်​၏။-


ရု​သ​က​နော​မိ​အား``ကောက်​ရိတ်​သူ​တို့​ချန် ထား​ခဲ့​သည့်​ကောက်​သင်း​ကို​ကောက်​ရန် ကျွန်​မ အား​လယ်​ကွင်း​များ​သို့​သွား​ခွင့်​ပြု​ပါ။ ကျွန် မ​သည်​ဤ​သို့​ကောက်​ခွင့်​ပြု​မည့်​တစ်​စုံ​တစ် ယောက်​ကို​တွေ့​ပါ​လိမ့်​မည်'' ဟု​ဆို​လျှင်၊ နော​မိ​က​လည်း``ငါ့​သ​မီး၊ သွား​လေ​တော့'' ဟု​ပြန်​ပြော​၏။


ငါ​သည်​သင်​၏​ဆွေ​မျိုး​အ​ရင်း​အ​ချာ​ဖြစ်​၍ သင်​၏​အ​တွက်​တာ​ဝန်​ရှိ​သည်​ကား​မှန်​၏။ သို့ ရာ​တွင်​ငါ့​ထက်​ပင်​ပို​၍​ရင်း​ချာ​သည့်​ဆွေ မျိုး​တစ်​ဦး​ရှိ​ပါ​သေး​သည်။-


သင်​နှင့်​အ​တူ​တူ​အ​လုပ်​လုပ်​သည့်​အ​မျိုး သ​မီး​များ​၏​သ​ခင်​ဖြစ်​သူ ဗော​ဇ​သည် ငါ တို့​နှင့်​ဆွေ​မျိုး​တော်​စပ်​သည်​မ​ဟုတ်​လော။ ယ​ခု​ငါ​ပြော​သည့်​စ​ကား​ကို​နား​ထောင်​ပါ လော့။ သူ​သည်​ယ​နေ့​ည​နေ​တွင် မု​ယော စ​ပါး​များ​ကို​နယ်​လျက်​နေ​လိမ့်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ