Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရု​သ 1:13 - Common Language Bible

13 သင်​တို့​သည်​ထို​သား​များ​ကြီး​ပြင်း​လာ​သည် တိုင်​အောင် စောင့်​ဆိုင်း​နေ​ကြ​ပါ​မည်​လော။ ယင်း သို့​စောင့်​ဆိုင်း​ကာ​နောက်​အိမ်​ထောင်​မ​ပြု​ဘဲ​နေ ကြ​ပါ​မည်​လော။ ငါ့​သ​မီး​တို့​ဤ​သို့​မ​ဖြစ်​နိုင် ကြောင်း​ကို​သင်​တို့​သိ​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား သည်​ငါ့​ကို​ဒဏ်​ခတ်​တော်​မူ​ပြီ​ဖြစ်​၍ ငါ​သည် သင်​တို့​အ​တွက်​အ​လွန်​ဝမ်း​နည်း​ပါ​၏'' ဟု ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 ထို သား များ အ ရွယ် ရောက် သည့် တိုင် အောင် အိမ် ထောင် မ ပြု ဘဲ သင် တို့ ဆိုင်း ငံ့ မည် လော။ ငါ့ သ မီး တို့ ထို သို့ မ ဟုတ် စေ ရ။ ထာဝရ ဘု ရား လက် တော် သည် ငါ့ အ ပေါ် တွင် သင့် ရောက် ရှိ သ ဖြင့် သင် တို့ အ တွက် အ လွန် ပင် နစ် နာ လှ သည် ဟု ဆို သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 ထို​သား​တို့​သည် ကြီး​ပွား​သည်​တိုင်​အောင် ငံ့​နေ​လိမ့်​မည်​လော။ လင်​မ​နေ​ဘဲ သူ​တို့​ကို မျှော်​လင့်​လိမ့်​မည်​လော။ ငါ့​သ​မီး​တို့ ထို​သို့​မ​ဖြစ်​ရ။ ထာ​ဝ​ရ​ဘု​ရား လက်​တော်​သည် ငါ၌​ကန့်​လန့်​ရှိ​သည်​ကို သင်​တို့​အ​တွက် ငါ​အ​လွန်​ကြင်​နာ​သော စိတ်​ရှိ​သည်​ဟု ဆို​လေ​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 သူ​တို့​ကြီးလာ​သည်​အထိ သင်​တို့​အိမ်ထောင်​မ​ပြု​ဘဲ စောင့်​နေ​ကြ​မည်လော​။ ငါ့​သမီး​တို့​၊ ထိုသို့​မ​ဖြစ်​သင့်​။ ထာဝရဘုရား​သည် ငါ့​ကို ဆုံးမ​တော်မူ​သဖြင့် သင်​တို့​ထက် ငါ​ပို၍​ခါးသီး​စွာ​ခံစား​ရ​၏​”​ဟု ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရု​သ 1:13
11 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​ယု​ဒ​သည်​သူ​၏​ချွေး​မ​တာ​မာ အား``ငါ့​သား​ရှေ​လ​အ​ရွယ်​ရောက်​သည်​အ​ထိ သင်​သည်​အ​ဖ​အိမ်​သို့​ပြန်​၍​မု​ဆိုး​မ​ဘ​ဝ နှင့်​နေ​လော့'' ဟု​ဆို​လေ​၏။ ထို​သို့​ဆို​ရ​ခြင်း​မှာ သား​ရှေ​လ​သည် သူ​၏​အစ်​ကို​တို့​ကဲ့​သို့​သေ မည်​ကို​စိုး​ရိမ်​သော​ကြောင့်​ဖြစ်​သည်။ သို့​ဖြစ်​၍ တာ​မာ​သည်​သူ​၏​ဖခင်​အိမ်​သို့​ပြန်​၍​နေ​ထိုင် လေ​သည်။


အိုအဆွေခင်ပွန်းတို့၊ ငါ့ကိုသနားကြပါ။ ငါ့ကိုသနားကြပါ။ ဘုရားသခင်၏ လက်တော်သည် ငါ့ကိုထိခိုက်ပါပြီ။


အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​နေ့​ရော​ည​ပါ အ​ပြစ်​ဒဏ်​ပေး​တော်​မူ​ပါ​၏။ နွေ​ရာ​သီ​အ​ပူ​ရှိန်​ကြောင့်​အ​စို​ဋ္ဌာတ်​သည် ခန်း​ခြောက်​သွား​သ​ကဲ့​သို့ ကျွန်​တော်​မျိုး​၏​အား​အင်​သည်​လည်း လုံး​ဝ​ခန်း​သွား​ပါ​၏။


ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​မြား ဖြင့်​ပစ်​၍ ဒဏ်​ရာ​ရ​ရှိ​စေ​တော်​မူ​ပါ​ပြီ။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​ပြို​လဲ စေ​တော်​မူ​ပါ​ပြီ။


သူ​တို့​အား​တစ်​ယောက်​မ​ကျန်​သေ​ကြေ​ပျက် စီး​စေ​ရန် ထာ​ဝ​ရ​ဘု​ရား​၏​လက်​ရုံး​တော် သည်​သူ​တို့​တစ်​ဘက်​၌​ရှိ​တော်​မူ​၏။''


သူ​တို့​တိုက်​ပွဲ​ဝင်​သည့်​အ​ခါ​တိုင်း​ကိုယ်​တော် သည် မိ​မိ​မိန့်​မြွက်​တော်​မူ​ခဲ့​သည်​အ​တိုင်း​သူ တို့​အား​အ​ရေး​နိမ့်​စေ​တော်​မူ​သ​ဖြင့် သူ တို့​သည်​အ​တိ​ဒုက္ခ​ရောက်​ရ​ကြ​လေ​သည်။


အိမ်​သို့​ပြန်​ကြ​လော့။ ငါ​သည်​နောက်​ထပ်​အိမ် ထောင်​ပြု​ရန်​အ​ရွယ်​လွန်​လေ​ပြီ။ အ​ကယ်​၍ ငါ့​မှာ​မျှော်​လင့်​စ​ရာ​ရှိ​သေး​သ​ဖြင့် ယ​ခု ပင်​အိမ်​ထောင်​ကျ​၍​သား​များ​ကို​ရ​ရှိ​သည် ဟု​ဆို​စေ​ကာ​မူ၊-


သူ​တို့​သည်​လည်း​တစ်​ဖန်​ငို​ကြွေး​ကြ​၏။ ထို နောက်​သြ​ရ​ပ​သည် မိ​မိ​၏​ယောက္ခ​မ​အား နမ်း​ရှုတ်​နှုတ်​ဆက်​ပြီး​လျှင်​အိမ်​သို့​ပြန်​လေ​၏။ ရု​သ​မူ​ကား​မ​ပြန်​ဘဲ​နေ​၏။-


ဤ​မြို့​မှ​ထွက်​ခွာ​သွား​စဉ်​အ​ခါ​က ငါ့​မှာ အ​စုံ​အ​လင်​ရှိ​သော်​လည်း ယ​ခု​ထာ​ဝ​ရ ဘု​ရား​သည် ငါ့​အား​လက်​ချည်း​သက်​သက် ပြန်​လည်​ပို့​ဆောင်​တော်​မူ​လေ​ပြီ။ အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​ပြစ်​ဒဏ် စီ​ရင်​တော်​မူ​လျက်​ဒုက္ခ​ရောက်​စေ​တော်​မူ ပြီ​ဖြစ်​၍ ငါ့​ကို​အ​ဘယ်​ကြောင့် `နော​မိ' ဟု ခေါ်​ကြ​ပါ​သ​နည်း'' ဟု​ပြန်​ပြော​လေ​၏။


ထို့​ကြောင့်​သူ​တို့​သည်​ဖိ​လိတ္တိ​ဘု​ရင်​အ​ပေါင်း တို့​အား တစ်​ဖန်​ဖိတ်​ခေါ်​ပြီး​လျှင်``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို ယင်း​၏​မူ​ရင်း​အ​ရပ်​သို့​ပြန်​ပို့​လိုက်​ကြ​ပါ။ သို့​မှ​သာ​လျှင်​ငါ​တို့​နှင့်​တ​ကွ​ငါ​တို့​၏​အိမ် ထောင်​စု​သား​များ​သည်​သေ​ဘေး​မှ​ကင်း​လွတ် ကြ​ပါ​လိမ့်​မည်'' ဟု​ဆို​ကြ​၏။ ဘု​ရား​သ​ခင် သည်​သူ​တို့​အား​ပြင်း​ထန်​စွာ​ဒဏ်​ခတ်​တော် မူ​သည်​ဖြစ်​၍​တစ်​မြို့​လုံး​ပင်​ကြောက်​လန့် တုန်​လှုပ်​လျက်​နေ​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ