ယေရမိ 51:40 - Common Language Bible40 ငါသည်သူတို့အားသိုးသငယ်များကဲ့သို့ လည်းကောင်း၊ ဆိတ်ထီး၊ သိုးထီးများကဲ့သို့ လည်းကောင်းသတ်ရန်ခေါ်ဆောင်သွားမည် ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible40 သိုး သား ငယ် များ ကဲ့ သို့ လည်း ကောင်း၊ သိုး ထီး ဆိတ် ထီး များ ကဲ့ သို့လည်း ကောင်း၊ လုပ် ကြံ သုတ် သင် ခြင်း ကို ခံ စေ မည်။ အခန်းကိုကြည့်ပါ။Judson Bible40 အသေသတ်ခြင်းငှာ ဆွဲ၍ချသောသိုးသငယ်ကိုကဲ့သို့လည်းကောင်း၊ သိုးထီး၊ ဆိတ်ထီးကိုကဲ့သို့လည်းကောင်း ငါဆွဲ၍ချမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း40 ထာဝရဘုရားက “သူတို့ကို သိုးသငယ်ကဲ့သို့၊ သိုးထီးဆိတ်ထီးကဲ့သို့ ဆွဲထုတ်၍ သတ်မည်။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်၏ဋ္ဌားတော်သည်ယဇ်ပူဇော်ရာ သိုးဆိတ်တို့၏အသွေးအဆီဖြင့်ဝလျက် နေသကဲ့သို့ ထိုသူတို့၏အသွေးအဆီများ နှင့်ဝလျက်နေလိမ့်မည်။ ထာဝရဘုရား သည်ဤယဇ်ပူဇော်ပွဲကိုဗောဇရမြို့တွင် ကျင်းပတော်မူလိမ့်မည်။ ဤလူသတ်ပွဲ ကြီးကိုဧဒုံပြည်တွင်ဖြစ်ပွားစေတော် မူလိမ့်မည်။-
ထိုပွဲသည်ကြီးကျယ်သောစားသောက်ပွဲ ဖြစ်၍သူတို့သည် စစ်သူရဲတို့၏အသား ကိုစား၍ပြည်ရှင်မင်းတို့၏သွေးကိုသောက် ရကြလိမ့်မည်။ ထိုစစ်သူရဲများနှင့်ပြည် ရှင်မင်းတို့သည်ဘာရှန်ပြည်မှဆူဖြိုးသော တိရစ္ဆာန်များဖြစ်သည့် သိုးထီး၊ သိုးငယ်၊ ဆိတ် များ၊ နွားများကဲ့သို့အသတ်ခံရကြ လိမ့်မည်။-