Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 50:43 - Common Language Bible

43 ဗာ​ဗု​လုန်​ဘု​ရင်​သည်​ထို​သ​တင်း​ကို​ကြား သော​အ​ခါ မိ​မိ​၏​လက်​များ​ကို​ပင်​မ​လှုပ်​မ​ရှား​နိုင် တော့​ချေ။ သူ​သည်​စိတ်​ဒုက္ခ​ရောက်​လျက်​သား​ဖွား​သည့် အ​မျိုး​သ​မီး​ကဲ့​သို့​ဝေ​ဒ​နာ​ခံ​ရ​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

43 ဗာ ဗု လုန် ဘု ရင် သည်၊ ထို လူ မျိုး သ တင်း ကို ကြား၍ လက် လျော့ လေ ပြီ။ မီး ဖွား သော မိန်း မ ကဲ့ သို့ ဝေ ဒ နာ ခံ စား၍ နာ ကျင် လှ လေ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

43 သူ​တို့၏​သ​တင်း​ကို ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည်​ကြား၍ လက်​အား​လျော့၏။ ဒု​က္ခ​ဆင်း​ရဲ​ကို​လည်း​ကောင်း၊ သား​ဖွား​သော​မိန်း​မ ခံ​ရ​သ​ကဲ့​သို့ ပြင်း​စွာ​သော ဝေ​ဒ​နာ​ကို​လည်း​ကောင်း​ခံ​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

43 ထို​သတင်း​ကို​ကြား​သောအခါ ဘေဘီလုံ​ဘုရင်​သည် လက်​များ​ပျော့ခွေ​သွား​၏​။ ဆင်းရဲဒုက္ခ​သည် သူ့​ကို​ဖိစီး​ပြီ​။ သူ​သည် သားဖွားမိန်းမ​ကဲ့သို့​ဝေဒနာ​ခံစား​ရ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 50:43
8 ပူးပေါင်းရင်းမြစ်များ  

မေး​မြန်း​လျက်​စဉ်း​စား​ကြည့်​ကြ​လော့။ အ​မျိုး​သား​သည်​သား​ဖွား​၍​ရ​နိုင်​သ​လော။ သို့​ဖြစ်​ပါ​မူ​အ​မျိုး​သား​ပင်​လျှင်​သား​ဖွား ဝေ​ဒ​နာ ခံ​ရ​သည့်​အ​မျိုး​သ​မီး​ကဲ့​သို့၊ အ​ဘယ်​ကြောင့်​မိ​မိ​တို့​ဝမ်း​ကို​လက်​ဖြင့်​နှိပ် လျက် နေ​သည်​ကို​ငါ​တွေ့​ရှိ​ရ​သ​နည်း။ လူ​တိုင်း​သည်​အ​ဘယ်​ကြောင့်​ဖြူ​ဖတ်​ဖြူ​ရော် ဖြစ်​နေ​ကြ​သ​နည်း။


ကောင်း​ကင်​မှ​အ​တောင်​ကို​ဖြန့်​လျက်​ထိုး​ဆင်း လာ​သည့်​လင်း​ယုန်​ငှက်​ကဲ့​သို့ ရန်​သူ​သည် ဗော​ဇ​ရ​မြို့​ကို​တိုက်​ခိုက်​လိမ့်​မည်။ ထို​အ​ခါ ဧ​ဒုံ​စစ်​သည်​တပ်​သား​တို့​သည်​သား​ဖွား ဝေ​ဒ​နာ​ခံ​ရ​သည့်​အ​မျိုး​သ​မီး​ကဲ့​သို့ ထိတ်​လန့်​တုန်​လှုပ်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။


ဒ​မာ​သက်​မြို့​သား​တို့​သည်​စိတ်​အား​ငယ် လျက်​ထိတ်​လန့်​တုန်​လှုပ်​ကာ​ထွက်​ပြေး​ကြ ကုန်​၏။ သူ​တို့​သည်​သား​ဖွား​သည့်​အ​မျိုး သ​မီး​ကဲ့​သို့ ကိုယ်​စိတ်​ဝေ​ဒ​နာ​ပြင်း​စွာ ခံ​စား​ရ​ကြ​ပေ​သည်။-


ဗာ​ဗု​လုန်​မြို့​သည်​အ​ဘက်​ဘက်​မှ​ပြို​ကျ​လျက် ရှိ​ကြောင်း​ဗာ​ဗု​လုန်​ဘု​ရင်​အား​မင်း​လု​လင်​တို့ သည် တစ်​ဦး​ပြီး​တစ်​ဦး​လာ​ရောက်​လျှောက်​ထား ကြ​၏။-


ယေ​ရု​ရှ​လင်​မြို့​သား​တို့​က``ဤ​သ​တင်း​ကို ငါ​တို့​ကြား​သော​အ​ခါ ငါ​တို့​၏​လက်​များ သည်​ပျော့​ခွေ​၍​သွား​ပါ​၏။ ငါ​တို့​သည်​သား ဖွား​သော​အ​မျိုး​သ​မီး​ကဲ့​သို့​ပြင်း​စွာ ဝေ​ဒ​နာ​ခံ​ရ​ကြ​ပါ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ