ယေရမိ 49:24 - Common Language Bible24 ဒမာသက်မြို့သားတို့သည်စိတ်အားငယ် လျက်ထိတ်လန့်တုန်လှုပ်ကာထွက်ပြေးကြ ကုန်၏။ သူတို့သည်သားဖွားသည့်အမျိုး သမီးကဲ့သို့ ကိုယ်စိတ်ဝေဒနာပြင်းစွာ ခံစားရကြပေသည်။- အခန်းကိုကြည့်ပါ။Garrad Bible24 ဒ မာ သက် မြို့ သည် အား လျော့ လျက်၊ ထွက် ပြေး ရန် တုန် လှုပ် ကျော ခိုင်း ပြီ။ မီး ဖွား သော မိန်း မ ကဲ့ သို့ ဝေ ဒ နာ ခံ စား ၍ ဒု က္ခ ရောက် ပြီ။ အခန်းကိုကြည့်ပါ။Judson Bible24 ဒမာသက်မြို့သည် အားလျော့ပြီ။ ပြေးအံ့သောငှာ ကိုယ်ကိုလှည့်ပြီ။ တုန်လှုပ်လျက် နေ၏။ ဒုက္ခဆင်းရဲကိုလည်းကောင်း၊ သားဖွားသောမိန်းမခံရသကဲ့သို့၊ ပြင်းစွာသော ဝေဒနာကိုလည်းကောင်း ခံရ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း24 ဒမတ်စကပ်မြို့သည် အားလျော့လေပြီ၊ လှည့်၍ထွက်ပြေးလေပြီ။ ကြောက်ရွံ့ခြင်းသည် သူ့ကိုဖမ်းစားလေပြီ။ သားဖွားဝေဒနာကဲ့သို့ ဆင်းရဲဒုက္ခနှင့် နာကျင်ခြင်းတို့ကို ခံစားရလေပြီ။ အခန်းကိုကြည့်ပါ။ |
မေးမြန်းလျက်စဉ်းစားကြည့်ကြလော့။ အမျိုးသားသည်သားဖွား၍ရနိုင်သလော။ သို့ဖြစ်ပါမူအမျိုးသားပင်လျှင်သားဖွား ဝေဒနာ ခံရသည့်အမျိုးသမီးကဲ့သို့၊ အဘယ်ကြောင့်မိမိတို့ဝမ်းကိုလက်ဖြင့်နှိပ် လျက် နေသည်ကိုငါတွေ့ရှိရသနည်း။ လူတိုင်းသည်အဘယ်ကြောင့်ဖြူဖတ်ဖြူရော် ဖြစ်နေကြသနည်း။
သားဖွားဝေဒနာခံရသောအမျိုးသမီး ၏အသံ၊ သားဦးကိုဖွားမြင်သည့်အမျိုးသမီးဟစ် အော်သံနှင့် တူသည့်အသံတစ်ခုကိုငါကြား၏။ ထိုအသံမှာမောဟိုက်၍လက်တုန်နေသော ယေရုရှလင်မြို့၏အသံပင်ဖြစ်ပေသည်။ သူက``ငါသည်အမင်္ဂလာရှိ၏။ သူတို့သည် ငါ့အားသတ်ရန်လာကြလေပြီဆို၏။''
သူတို့၏တဲရှင်များနှင့်သိုးအုပ်များကို လည်းကောင်း၊ တဲကန့်လန့်ကာများနှင့်တဲတွင်း ရှိပစ္စည်းမှန်သမျှကိုလည်းကောင်းသိမ်းယူ ကြလော့။ သူတို့၏ကုလားအုတ်များကိုသိမ်း ယူပြီးလျှင်လူတို့အား`သင်တို့၏ပတ်လည် သို့ကြောက်မက်ဖွယ်ကောင်းသည့်ဘေးအန္တရာယ် ရောက်ရှိလာလေပြီ' ဟုပြောကြားကြလော့။