Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 49:14 - Common Language Bible

14 ငါ​က``အ​ချင်း​ဧ​ဒုံ​ပြည်၊ ထာ​ဝ​ရ​ဘု​ရား ၏​ထံ​တော်​မှ​ဗျာ​ဒိတ်​တော်​ကို​ငါ​ခံ​ရ​ပြီ။ ကိုယ်​တော်​သည်​လူ​မျိုး​တ​ကာ​တို့​အား သင် တို့​၏​တပ်​မ​တော်​များ​ကို​စု​ဝေး​၍​ဧ​ဒုံ ပြည်​ကို​တိုက်​ခိုက်​ကြ​လော့။ စစ်​ပွဲ​ဝင်​ရန် အ​သင့်​ပြင်​ကြ​လော့​ဟု​ပြော​ကြား​ရန် တ​မန်​တော်​တစ်​ဦး​ကို​စေ​လွှတ်​တော် မူ​လေ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 လူ မျိုး ခြား တို့ အား၊ ရာ ဇ သံ စေ လွှတ် တော် မူ သည့် အ လျောက်၊ ထို လူ မျိုး ကို တိုက် ခိုက် ရန်၊ ထ၍ စု ရုံး ချီ တက် ကြ လော့ ဟူ သော သ တင်း ကို၊ ထာ ဝ ရ ဘု ရား အ ထံ တော် မှ ငါ ကြား ရ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 ထာ​ဝ​ရ​ဘု​ရား ကြွေး​ကြော်​တော်​မူ​သံ​ကို ငါ​ကြား၏။ သင်​တို့​သည် စည်း​ဝေး၍၊ ဧ​ဒုံ​ပြည်​ကို တိုက်​ခြင်း​ငှာ စစ်​ချီ၍​လာ​ကြ​လော့​ဟု တစ်​ပါး​အ​မျိုး​သား​တို့​ထံ​သို့ သံ​မန်​ကို​စေ​လွှတ်​တော်​မူ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 ထာဝရဘုရား​သည် လူမျိုးခြား​တို့​ထံ သံတမန်​ကို​စေလွှတ်​၍ “​သင်​တို့​စုဝေး​ကြ​၊ ချီတက်​ကြ​၊ ဧဒုံ​ပြည်​ကို စစ်တိုက်​ကြ​”​ဟု ဆင့်ဆို​စေ​သော​သတင်းစကား​ကို ငါ​ကြား​ရ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 49:14
12 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​၏​သံ​တ​မန်​များ​သည်​အီ​ဂျစ်​ပြည်၊ ဇော​န​မြို့​နှင့်​ဟာ​နက်​မြို့​သို့​ရောက်​ရှိ​နေ လေ​ပြီ။-


ထာ​ဝ​ရ​ဘု​ရား​သည်​ဧ​က​ရာဇ်​မင်း​အား မိ​မိ​၏​ပြည်​သို့​ပြန်​စေ​ရန် သ​တင်း​တစ်​စုံ​တစ် ရာ​ကို​ကြား​သိ​စေ​တော်​မူ​လိမ့်​မည်။ ထို​နောက် သူ့​ကို​ထို​ပြည်​၌​ပင်​အ​ဆုံး​စီ​ရင်​တော်​မူ ပေ​အံ့'' ဟု​ပြန်​ကြား​လိုက်​၏။


ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​နိုင်​ငံ​ကို​အား အင်​ချည့်​နဲ့​စေ​တော်​မူ​မည်​ဖြစ်​၍ အ​ဘယ်​သူ မျှ​သင်​တို့​ကို​လေး​စား​ကြ​လိမ့်​မည်​မ​ဟုတ်။-


ထာ​ဝ​ရ​ဘု​ရား​သည်​ဗာ​ဗု​လုန်​မြို့​ကို​သုတ် သင်​ဖျက်​ဆီး​ပစ်​ရန်​အ​ကြံ​ရှိ​တော်​မူ​သ​ဖြင့် မေ​ဒိ​ဘု​ရင်​တို့​ကို​လှုံ့​ဆော်​ပေး​တော်​မူ​လေ ပြီ။ ထို​နည်း​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​၏​ဗိ​မာန်​တော်​ဖျက်​ဆီး​ခံ​ခဲ့ ရ​ခြင်း​အ​တွက်​လက်​စား​ချေ​တော်​မူ​မည်။ တိုက်​ခိုက်​နေ​သူ​တပ်​မ​တော်​အ​ရာ​ရှိ​များ က``သင်​တို့​၏​မြား​များ​ကို​ချွန်​ကြ​လော့။ ဒိုင်း​လွှား​များ​ကို​ကိုင်​ဆောင်​ကြ​လော့။-


သင်​တို့​ကြား​ကြ​ရ​သည့်​ကော​လ​ဟ​လ သ​တင်း​များ​ကြောင့်​မ​ကြောက်​ကြ​နှင့်။ အား လည်း​မ​ငယ်​ကြ​နှင့်။ နှစ်​စဉ်​နှစ်​တိုင်း​သ​တင်း အ​မျိုး​မျိုး​ပေါ်​ထွက်​လာ​တတ်​၏။ နိုင်​ငံ​အ​တွင်း အ​ကြမ်း​ဖက်​သည့်​သ​တင်း​များ၊ ဘု​ရင်​တစ် ပါး​နှင့်​တစ်​ပါး​စစ်​ဖြစ်​ပွား​သည့်​သ​တင်း များ​ပျံ့​နှံ့​လာ​တတ်​၏။-


သင်​တို့​သည်​ရပ်​နီး​ရပ်​ဝေး​မှ​စစ်​မက်​သ​တင်း များ​ကို​ကြား​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​မထိတ် မ​လန့်​ကြ​နှင့်။ ဤ​အ​မှု​အ​ရာ​များ​သည်​ဖြစ် ပျက်​ရ​မည်။ သို့​ရာ​တွင်​ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန် ကား​မ​ရောက်​သေး။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ