Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 33:5 - Common Language Bible

5 ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​အား​လူ​အ​ချို့ သည်​တိုက်​ခိုက်​ကြ​လိမ့်​မည်။ ငါ​အ​မျက် ဒေါ​သ​ထွက်​၍​ကွပ်​မျက်​မည့်​လူ​တို့​၏ အ​လောင်း​များ​ဖြင့် သူ​တို့​သည်​ဤ​မြို့​ကို ပြည့်​နှက်​နေ​စေ​ကြ​လိမ့်​မည်။ မြို့​သူ​မြို့ သား​တို့​ပြု​ကျင့်​ခဲ့​သည့်​ဒု​စ​ရိုက်​များ ကြောင့်​ငါ​သည်​ဤ​မြို့​ကို​မျက်​နှာ​လွှဲ တော်​မူ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 ခါ လ ဒဲ တပ် သား တို့ ကို ချဉ်း ဝင် ပြိုင် ဆိုင် ကြ ရာ၊ အ မျက် ဒေါ သ ဖြင့် ငါ ကွပ် မျက်၍၊ ဆိုး သွမ်း ခြင်း ကြောင့်၊ ဤ မြို့ မှ မျက် နှာ တော် လွှဲ စေ သူ တို့ ၏ အ သေ ကောင် များ နှင့် အ ပြည့် ရှိ သော် လည်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 ခါ​လ​ဒဲ​လူ​တို့​သည် စစ်​တိုက်​ခြင်း​ငှာ လာ​ကြ၏။ ငါ​သည် ပြင်း​စွာ အ​မျက်​ထွက်၍ ကွပ်​မျက်​သော​သူ​တို့၏ အ​သေ​ကောင်​များ​နှင့် ထို​အိမ်​များ​ကို ပြည့်​စေ​ခြင်း​ငှာ လာ​ကြ၏။ ထို​သူ​တို့၏​ဒု​စ​ရိုက်​များ​ကြောင့်၊ ဤ​မြို့​မှ ငါ​သည်​မျက်​နှာ​ကို​လွှဲ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 ‘သူ​တို့​သည် ခါလဒဲ​တပ်​နှင့်​တိုက်ခိုက်​ရန်​သွား​ကြ​သော်လည်း သူ​တို့​၏​မကောင်းမှု​များ​ကြောင့် ဤ​မြို့​ကို ငါ​မျက်နှာ​လွှဲ​ပြီ​ဖြစ်၍ မြို့​ထဲ၌ ငါ့​အမျက်​ဒေါသ​ဖြင့်​ကွပ်မျက်​သော အလောင်းကောင်​တို့​နှင့်​သာ ပြည့်​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 33:5
16 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​နှင့်​ထံ​တော်​သို့ တစ်​ဦး​တစ်​ယောက်​မျှ​ဆု​တောင်း​ပတ္ထ​နာ​မ ပြု​ပါ။ ``ကူ​မ​တော်​မူ​ပါ'' ဟု​လည်း​တစ်​ဦး တစ်​ယောက်​မျှ​လာ​ရောက်​ပန်​ကြား​မှု​မ​ပြု ပါ။ ကျွန်​တော်​မျိုး​တို့​အ​ပြစ်​များ​ကြောင့် ကိုယ်​တော်​ရှင်​သည်​မျက်​နှာ​တော်​ကို​လွှဲ တော်​မူ​၍​ကျွန်​တော်​မျိုး​တို့​အား​စွန့်​ပစ် တော်​မူ​ပါ​ပြီ။


ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော် အား မျက်​နှာ​တော်​ကို​မ​ပြ​ဘဲ​နေ​တော်​မူ သော်​လည်း၊ ငါ​သည်​ကိုယ်​တော်​ကို​ယုံ​ကြည် အား​ထား​စောင့်​စား​မျှော်​ကိုး​ပါ​မည်။-


ငါ​သည်​မိ​မိ​တို့​လူ​မျိုး​တော်​အား​အ​ရှေ့​လေ တိုက်​ခံ​ရ​သည့်​မြေ​မှုန့်​များ​ကဲ့​သို့ ရန်​သူ​တို့​ရှေ့​တွင်​ကွဲ​လွင့်​၍​သွား​စေ​မည်။ သူ​တို့​အား​ငါ​ကျော​ခိုင်း​၍​နေ​မည်။ ငါ​သည်​ဘေး​အန္တ​ရာယ်​ဆိုး​ကျ​ရောက်​ချိန်​၌ သူ​တို့​ဘက်​လှည့်​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော် မူ​၏။


ငါ​သည်​ဤ​မြို့​ကို​ချမ်း​သာ​မ​ပေး​ဘဲ​ဖျက် ဆီး​ပစ်​ရန်​သန္နိ​ဋ္ဌာန်​ချ​မှတ်​ထား​လေ​ပြီ။ ယင်း ကို​ဗာ​ဗု​လုန်​မင်း​၏​လက်​သို့​ပေး​အပ်​လိုက် မည်​ဖြစ်​၍ သူ​သည်​လည်း​ဤ​မြို့​ကို​မီး​ရှို့ ဖျက်​ဆီး​ပစ်​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘုရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့် တော်​မူ​၏။


ဇေ​ဒ​ကိ​သည်​ဗာ​ဗု​လုန်​မြို့​သို့​ခေါ်​ဆောင်​ခြင်း ကို​ခံ​ရ​၍ သူ့​အား​ငါ​မ​စီ​ရင်​မ​ချင်း​ထို​မြို့ တွင်​နေ​ရ​လိမ့်​မည်။ သူ​သည်​ဗာ​ဗု​လုန်​အ​မျိုး သား​တို့​အား​ပြန်​လှန်​၍​ပင်​တိုက်​ခိုက်​စေ​ကာ မူ​အောင်​မြင်​လိမ့်​မည်​မ​ဟုတ်။ ဤ​ကား​ငါ ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏ ဟု​မိန့်​တော်​မူ​ကြောင်း​အ​ဘယ့်​ကြောင့်​ဟော ပြော​ကြေ​ညာ​ရ​သ​နည်း'' ဟု​ပြစ်​တင် စွပ်​စွဲ​၏။


``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​က`အီ​ဂျစ်​ပြည်​သို့​သင်​တို့​သွား မည်​ဆို​လျှင် ငါ​သည်​မိ​မိ​၏​ဒေါ​သ​အ​မျက်​တော် ကို​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​အ​ပေါ်​သို့ သွန်း​လောင်း​ခဲ့​သည့်​နည်း​တူ သင်​တို့​အ​ပေါ်​သို့ လည်း​သွန်း​လောင်း​မည်။ လူ​တို့​ရှေ့​တွင်​သင်​တို့ သည်​စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်​၍ သင်​တို့​ကို​ပြက် ရယ်​ပြု​လျက်​သင်​တို့​အ​မည်​နာ​မ​ကို​ကျိန်​စာ အ​ဖြစ်​အ​သုံး​ပြု​ကြ​လိမ့်​မည်။ သင်​တို့​သည် ဤ​အ​ရပ်​ကို​နောက်​တစ်​ဖန်​အ​ဘယ်​အ​ခါ ၌​မျှ​ပြန်​၍​တွေ့​မြင်​ရ​ကြ​လိမ့်​မည်​မ​ဟုတ်' ဟု​မိန့်​တော်​မူ​၏'' ဟု​ဆို​၏။


ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​ယဇ်​ပလ္လင်​တော်​ကို​လည်း​ကောင်း၊သန့်​ရှင်း မြင့်​မြတ်​သည့်​ဗိ​မာန်​တော်​ကို​လည်း​ကောင်း ပစ်​ပယ်​တော်​မူ​၍​ရန်​သူ​တို့​အား​ဗိ​မာန်​တော် နံ​ရံ​များ​ကို​ဖြို​ချ​ခွင့်​ပေး​တော်​မူ​၏။ သူ​တို့​သည်​လည်း​ငါ​တို့​ရွှင်​လန်း​ဝမ်း​မြောက်​စွာ ကိုး​ကွယ်​ဝတ်​ပြု​ခဲ့​ကြ​သည့်​ဌာ​န​တော်​တွင် အောင်​သံ​ပေး​၍​ကြွေး​ကြော်​ကြ​၏။


ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​ဣသ​ရေ​လ​အ​မျိုး သား​တို့​အ​ပေါ်​သို့ ငါ​၏​ဝိ​ညာဉ်​တော်​ကို​သွန်း လောင်း​မည်။ သူ​တို့​အား​နောင်​အ​ဘယ်​အ​ခါ ၌​မျှ​ငါ​ကျော​ခိုင်း​မည်​မ​ဟုတ်။ ဤ​ကား​ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။


သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​အော်​ဟစ် တောင်း​လျှောက်​ရ​သော​အ​ချိန်​ရောက်​လာ​လိမ့် မည်။ ထို​အ​ခါ​ကိုယ်​တော်​သည်​သင်​တို့​ကို နား​ညောင်း​တော်​မူ​မည်​မ​ဟုတ်။ သင်​တို့​သည် မ​ကောင်း​မှု​ကို​ပြု​သော​ကြောင့်​ကိုယ်​တော်​သည် သင်​တို့​၏​တောင်း​လျှောက်​သံ​ကို​နား​ညောင်း တော်​မူ​မည်​မ​ဟုတ်။


ထို​အ​ခါ​၌​ငါ​သည်​အ​မျက်​တော်​ထွက်​၍ သူ တို့​ကို​စွန့်​ပစ်​သ​ဖြင့်​သူ​တို့​သည်​ပျက်​စီး​ဆုံး​ရှုံး ကြ​လိမ့်​မည်။ သူ​တို့​သည်​ကြောက်​မက်​ဖွယ်​သော ဘေး​ဒဏ်​များ​နှင့်​တွေ့​ကြုံ​ရ​လိမ့်​မည်။ ထို​အ​ခါ သူ​တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သော​ငါ​သည် သင်​တို့​နှင့်​အ​တူ​မ​ရှိ​တော့​သ​ဖြင့် ဤ​ကဲ့​သို့ သော​ဘေး​ဒဏ်​များ​နှင့်​တွေ့​ကြုံ​ရ​သည်​ဟု သိ​မြင်​လာ​ကြ​လိမ့်​မည်။-


သူ​တို့​သည်​အ​ခြား​သော​ဘု​ရား​များ​ကိုး ကွယ်​၍​ဒု​စ​ရိုက်​ကို​ပြု​ကြ​သော​ကြောင့် ငါ သည်​သူ​တို့​အား​ကယ်​မည်​မ​ဟုတ်။-


ထာ​ဝ​ရ​ဘု​ရား​က`သူ​တို့​သည်​ခေါင်း​မာ​၍ သစ္စာ​မဲ့​သော​သူ​များ​ဖြစ်​ကြ​၏။ ငါ​သည်​သူ​တို့​ကို​မ​ကူ​ညီ​ဘဲ​နေ​မည်။' ထို့​နောက်​သူ​တို့​သည်​အ​ဘယ်​သို့​ဖြစ်​မည်​ကို ငါ​စောင့်​ကြည့်​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ