ယေရမိ 12:5 - Common Language Bible5 ထာဝရဘုရားက``ယေရမိ၊အကယ်၍သင်သည် လူတို့နှင့်အပြေးပြိုင်ရာတွင်မောပန်းနေပါမူ မြင်းများနှင့်အဘယ်သို့အပြေးပြိုင်နိုင်မည် နည်း။ သင်သည်လွင်ပြင်တွင်လဲနေလျှင်ယော်ဒန်မြစ် အနီးရှိ တောအုပ်များ၌အဘယ်သို့ခံရပ်နိုင်မည်နည်း။ အခန်းကိုကြည့်ပါ။Garrad Bible5 သင် သည် ခြေ လျင် တို့ နှင့် ယှဉ် ပြေး၍ ပင် ပန်း လျှင်၊ မြင်း များ နှင့် မည် သို့ ယှဉ် မည် နည်း။ ဘေး ကင်း မဲ့ ရာ ပြည် တွင် စိတ် ချ စွာ နေ သော် လည်း၊ ယော် ဒန် ပိတ် ပေါင်း တွင် နေ လျှင် မည် သို့ ပြု မည် နည်း။ အခန်းကိုကြည့်ပါ။Judson Bible5 သင်သည် ခြေသည်တို့နှင့် ပြိုင်ပြေး၍မောလျှင် မြင်းတို့နှင့် အဘယ်သို့ပြိုင်နိုင်မည်နည်း။ စိုးရိမ်ခြင်းမရှိ၊ ငြိမ်ဝပ်စွာနေရသောပြည်၌ မောလျှင်၊ ယော်ဒန်မြစ်၏ဂုဏ်အသရေထဲမှာ အဘယ်သို့ပြုလိမ့်မည်နည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 သင်သည် ခြေသည်သူရဲတို့နှင့် အပြေးပြိုင်၍ပင်ပန်းလျှင် မြင်းတို့နှင့် မည်သို့ပြိုင်နိုင်မည်နည်း။ သင်သည် ငြိမ်းချမ်းသောပြည်၌ စိတ်မောနေလျှင် ဂျော်ဒန်တောအုပ်ကြီး၌ သင်မည်သို့ပြုမည်နည်း။ အခန်းကိုကြည့်ပါ။ |
ငါသည်ယော်ဒန်မြစ်တစ်လျှောက်ရှိထူထပ် သောတောအုပ်ထဲမှ စိမ်းလန်းသောမြက်ခင်း ပြင်သို့ထွက်လာသည့်ခြင်္သေ့ကဲ့သို့ထွက်လာ ပြီးလျှင် ဧဒုံအမျိုးသားတို့အားမိမိတို့ ပြည်မှထွက်ပြေးစေမည်။ ထိုနောက်ငါသည် ထိုနိုင်ငံကိုအုပ်စိုးရန်မင်းတစ်ပါးအား ရွေးချယ်ခန့်ထားမည်။ ငါနှင့်အဘယ်သူ ကိုနှိုင်းယှဉ်၍ရမည်နည်း။ အဘယ်သူသည် ငါနှင့်အံတုဖက်ပြိုင်ဝံ့မည်နည်း။ အဘယ် မည်သောမင်းသည်ငါ့အားအတိုက်အခံ ပြုနိုင်မည်နည်း။-
``ငါထာဝရဘုရားသည်ယော်ဒန်မြစ်တစ် လျှောက်ရှိထူထပ်သောတောအုပ်ထဲမှ စိမ်းလန်း သောမြက်ခင်းပြင်သို့ထွက်လာသည့်ခြင်္သေ့ကဲ့ သို့ထွက်လာပြီးလျှင် ဗာဗုလုန်မြို့သားတို့ အားမိမိတို့မြို့မှရုတ်တရက်ထွက်ပြေးစေ မည်။ ထိုနောက်ထိုမြို့ကိုအုပ်စိုးရန်ဘုရင် တစ်ပါးကိုငါရွေးချယ်ခန့်ထားမည်။ ငါနှင့် အဘယ်သူကိုနှိုင်းယှဉ်၍ရမည်နည်း။ အဘယ် သူသည်ငါနှင့်အံတုဖက်ပြိုင်ဝံ့မည်နည်း။ အဘယ်မည်သောမင်းသည်ငါ့အားအတိုက် အခံပြုနိုင်မည်နည်း။-